လောကမှာ ရှိရှိသမျှကုသိုလ်တရားအားလုံးထဲမှာ အပ္ပမာဒတရားဟာ အနှိုင်းမဲ့ကုသိုလ်တရား ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။
အပ္ပမာဒတရားနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားကုသိုလ်တရား လောကမှာမရှိတော့တဲ့အတွက်
အပ္ပမာဒတရားဟာ “အနှိုင်းမဲ့ကုသိုလ်တရား”ဖြစ်ရပါတယ်။စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ ခေါ်ပါတယ်။ စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့် မိမိရဲ့စိတ် ဖြူစင်သန့်ရှင်းသွားတယ်
ဆိုရင် အဲဒီစိတ်ဓာတ်၊အဲဒီလုပ်ရပါဟာ ကုသိုလ်ပါပဲ။
ငါ့စိတ်ဓာတ် ဘယ်လောက်ကောင်းပါတယ်၊ ငါ့လုပ်ရပ် ဘယ်လောက်မြတ်ပါတယ်လို့ ဘယ်လိုပဲ
ပြောပြော၊ အဲဒီစိတ်ဓာတ် ရှိနေခိုက်၊ အဲဒီလုပ်ရပ် လုပ်နေခိုက် စိတ်ဓာတ်ပိုင်ရှင်၊ လုပ်ရပ်ရှင်ရဲ့
သန္တာန်မှာ စိတ်ဖြူစင်သန့်ရှင်းမှု မရှိဘူးဆိုရင် အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ကို ကုသိုလ်လို့ မခေါ်နိုင်ပါဘူး။
ဘယ်စိတ်ဓာတ်၊ ဘယ်လုပ်ရပ်မဆို စိတ်ကိုဖြူစင်သန့်ရှင်းစေမှ ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။
ကုသိုလ်မှန်သမျှ ကုသိုလ်ရှင်ရဲ့ စိတ်ကို ဖြူစင် သန့်ရှင်းစေတဲ့အပြင် ကုသိုလ်ရှင်အတွက်
ကောင်းကျိုးချမ်းသာ အဖြာဖြာကိုလည်း ဆောင်ကြဉ်းပေးနိုင်စွမ်းရှိ ပါတယ်။ ကုသိုလ်ကြောင့်
ဆိုးကျိုးကြုံရတယ်၊ ဆင်းရဲခံရတယ်လို့ မရှိပါဘူး။ ကောင်းကျိုးကြုံရတယ်၊ ချမ်းသာစံရတယ်လို့ပဲရှိပါတယ်။
ကုသိုလ်ရှင်ကို စိတ်ဖြူစင်စေတတ်တဲ့၊ ကောင်းကျိုးပေးတတ်တဲ့ ကုသိုလ်တရားတွေ အားလုံးထဲမှာ
အပ္ပမာဒတရားဟာ အမြတ်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့အပ္ပမာဒတရားကြောင့်သာ တခြားကုသိုလ်တရားတွေဖြစ်ပွားခွင့်ရလို့၊ အပ္ပမာဒတရားဟာ ကုသိုလ်တရား
အားလုံး ဖြစ်ပွားခြင်းရဲ့ အကြောင်းရင်း အခြေခံရေသောက်မြစ် ဖြစ်လို့ပါပဲ။
အပ္ပမာဒတရား မရှိဘဲနဲ့ ဘယ်ကုသိုလ်ကောင်းမှုမှ ဖြစ်ပွားခွင့် မရှိပါဘူး။ ဒါနကုသိုလ်လည်း အပ္ပမာဒတရား
ကြောင့်ပဲ ဖြစ်ရပါတယ်။ သီလကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ သမထကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။
ဝိပဿနာကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ ကုသိုလ်ကောင်းမှုအားလုံး
အပ္ပမာဒတရားဟာ ကုသိုလ်ကောင်းမှုအားလုံးရဲ့ အဓိကရေသောက်မြစ် ဖြစ်ပါတယ်။
အပ္ပမာဒတရားကို ကုသိုလ်အားလုံးရဲ့ အကြောင်းရင်းလို့ ပြောလိုက်ရင် ကောင်းကျိုးချမ်းသာ အားလုံးရဲ့
အကြာင်းရင်းဆိုတဲ့ အဓိပ္ပာယ်လည်း အလိုလို သက်ရောက်သွားပါတယ်။ ဘာလို့လဲဆိုတော့
ကောင်းကျိုးချမ်းသာဆိုတဲ့ နာမည်ဟာ ကောင်းမှုကုသိုလ်ရဲ့ နာမည်ဖြစ်လို့ အသီးအပွင့် ဖြစ်လို့ပါပဲ။
ကုသိုလ်စိတ်တစ်ခု တစ်စက္ကန့်ဖြစ်တိုင်း စေတနာ အရှိန် ခုနှစ်ခု ဖြစ်ပါတယ်။ ပထမစေတနာအရှိန်က
ဒီမျက်မှောက်ဘဝ၊ ပထမဘဝမှာ ချက်ချင်းအကျိုးပေးပြီး သတ္တမစေတနာအရှိန်ကတော့ ဒီဘဝပြီးရင် ရောက်မယ့်နောက်ဘဝ၊ ဒုတိယဘဝမှာ အကျိုးပေးပါတယ်။
အလယ်က စေတနာအရှိန်ငါးခုကတော့ တတိယဘဝကနေ စပြီး နိဗ္ဗာန်မရောက်မချင်း အလျဉ်းသင့်သလို
အကျိုးပေးပါတယ်။
(အကုသိုလ်စိတ်တွေရဲ့ အကျိုးပေးလည်း နည်းတူပါပဲ။)
ပထမစေတနာအရှိန် (ပထမဇော) ကြောင့်ပေးတဲ့ ပစ္စုပ္ပန်ကောင်းကျိုးတွေရော၊ နောက်နောင်စေတနာ
အရှိန် (နောက်နောက်ဇော) တွေကြောင့်ပေးတဲ့ တမလွန် ကောင်းကျိုးတွေရော၊ ကောင်းကျိုးအားလုံးဟာ
ကုသိုလ်ရဲ့ အကျိုးဆက်တွေချည်းဖြစ်လို့ ကုသိုလ်အားလုံးရဲ့ အကြောင်းရင်း အပ္ပမာဒတရားဟာ
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးအားလုံးရဲ့  အကြောင်းရင်းလည်း ဖြစ်ရပြန်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက မြတ်စွာဘုရားကို ကောသလမင်းကြီးက မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ်။
“မြတ်စွာဘုရား...၊ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကို
သယ်ပိုးရွက်ဆောင်ပေးနိုင်တဲ့  တစ်ခုတည်းသော အကြောင်းတရား ရှိပါသလားဘုရား”
“ရှိပါတယ် ဒကာတော်မင်းကြီး”
“ဘယ်တရားပါလဲ ဘုရား”
“အပ္ပမာဒတရားပါပဲ ဒကာတော်မင်းကြီး၊
ဥပမာ ဆင်ခြေရာလိုပဲပေါ့၊ ကုန်းနေသတ္တဝါအားလုံးရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာဟာ အကြီးဆုံးပဲ
မဟုတ်လား၊ ခြေရာမှန်သမျှ ဆင်ခြေရာထဲမှာအကျုံးဝင်ကြတယ်လေ၊ ဘယ်ခြေရာကိုမဆို
ဆင်ခြေရာထဲထည့်လို့ ရတာချည်းပဲ၊ အဲဒီလိုပါပဲ။ငါဘုရားဟောကြားထားသမျှ တရားအားလုံး
အပ္ပမာဒတရားထဲမှာ အကျုံးဝင်ကြပါတယ်။အပ္ပမာဒတရားဟာ လိုရင်းအနှစ်ချုပ်တရားပါပဲ။
ဒီအပ္ပမာဒတရား တစ်ပါးတည်းကပဲ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကို
သယ်ပိုးရွက်ဆောင်ပေးနိုင်ပါ တယ်။”
မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်ဟာ သိပ်အားရကျေနပ်စရာကောင်းပါတယ်။ သူတော်ကောင်းဓာတ်ခံ
အားကောင်းသူတိုင်း “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေး လေးလုံးကြားလိုက်တာနဲ့ သဒ္ဓါဓာတ်တွေ ကွန့်မြူးပြီး
ကုသိုလ်ဆန္ဒတွေ အရှိန်အဟုန်ကြီးကြီး နိုးကြားထက်သန်လာပါတယ်။ “အပ္ပမာဒ” ဆိုတဲ့
စကားလုံးဟာ သူတော်ကောင်းတွေရဲ့ နှလုံးသားကို ထူးထူးခြားခြား သိမ်းကျုံးဆွဲဆောင်နိုင်စွမ်းရှိပါတယ်။
“အပ္ပမာဒ” ဆိုတဲ့ စကားလုံးက ဘာလို့များ ဒီလောက်တောင် ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်း
ရှိနေရတာလဲဆိုတော့ အပ္ပမာဒရဲ့ အဓိပ္ပာယ်ထဲမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့
သူတော်ကောင်းဓာတ်တွေ အားလုံးပါဝင်နေလို့ပါပဲ။
“အပ္ပမာဒ” ဆိုတာ “မမေ့ခြင်း” ကို ပြောတာပါ။ “အပ္ပမာဒတရား” ဆိုတော့ “မမေ့တရား” ပေါ့။
“မမေ့” ဆိုတဲ့ စကားလုံးနှစ်လုံးဟာ “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေးလုံးရဲ့ လိုရင်းအနက်အဓိပ္ပာယ်ပါပဲ။
“အ” ကိုဖြုတ်လိုက်ရင် “ပမာဒ = မေ့” လို့ ဖြစ်သွားပါတယ်။ မမေ့တဲ့သူဟာ အပ္ပမာဒဖြစ်နေတဲ့သူ၊
မေ့တဲ့သူဟာ ပမာဒဖြစ်နေတဲ့သူပေါ့။ မမေ့တဲ့သူက အပ္ပမာဒသမား၊ မေ့တဲ့သူက ပမာဒသမားပေါ့။
အပ္ပမာဒသမားရဲ့သန္တာန်မှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့ သူတော်ကောင်းတရားတွေ အခြေအနေအားလျော်စွာ အများကြီး ဖြစ်နေကြပေမယ့် အထင်ရှားဆုံး
သိသာနေတာကတော့ “သတိ” ပါပဲ။ ဒါကြောင့်လည်း “အပ္ပမာဒ” ကို အဘိဓမ္မာတရားကိုယ်ကောင်းရင်
“သတိ” ကိုပဲ ကောက်ကြပါတယ်။ အပ္ပမာဒရှိတယ်ဆိုတာ သတိရှိတာကို ဆိုလိုပြီး မမေ့ဘူးဆိုတာ အမှတ်ရနေတာ
လို့ အဓိပ္ပာယ်ရပါတယ်။
တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခုကို မမေ့ဘူးဆိုတာ အဲဒီတစ်စုံတစ်ယောက်၊ သို့မဟုတ်
တစ်စုံတစ်ခုကို အမှတ်ရနေတာပဲပေါ့။ အဲဒီတစ်စုံတစ်ယောက်၊
သို့မဟုတ် တစ်စုံတစ်ခုဆီမှာ မိမိရဲ့ စိတ်ကလေး အမြဲစွဲကပ်နေတာပဲပေါ့။ အာရုံနဲ့စိတ် မခွဲစတမ်း
စွဲကပ်ပူးဝင်နေတဲ့သဘော၊ အာရုံနဲ့စိတ် တစ်သားတည်းဖြစ်နေတဲ့သဘောကို “အပ္ပမာဒ” လို့ ခေါ်ပါတယ်။
လူတစ်ယောက်ကို ဘယ်တော့မှ မမေ့ဘဲ အမြဲ အမှတ်ရနေတဲ့သူရဲ့ သန္တာန်မှာ အဲဒီလူကို အမှတ်ရတိုင်း
အမှတ်ရတိုင်း အဲဒီလူနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေတတ်သလို
အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာလည်း အပ္ပမာဒရဲ့ အာရုံတွေကို အမှတ်ရတိုင်း အမှတ်ရတိုင်း
အမှတ်ရရာအာရုံနဲ့ သက်ဆိုင်တဲ့ ကုသိုလ်တရားတွေဖြစ်ပွားလာပါတယ်။
အပ္ပမာဒသမားတစ်ယောက် အမှတ်ရလေ့ရှိတဲ့ အာရုံတွေက ဆယ်မျိုးရှိပါတယ်။ အာရုံတစ်မျိုးကို
ကုသိုလ်တစ်မျိုးနှုန်းနဲ့ တွက်လိုက်ရင် အပ္ပမာဒသမားတစ်ယောက် ရပိုင်ခွင့်ရှိတဲ့ ကုသိုလ်တွေက
ဆယ်မျိုးကြီးများတောင်ပါပဲ။ သူ့အာရုံနဲ့ သူ့ကုသိုလ်တော့ ရှိတာပေါ့။
(၁)။ပထမဆုံး အပ္ပမာအာရုံကတော့ “ဒါန” ပါပဲ။ ဒါနဆိုတာ“ပေးခြင်း” ပါ။ အနှစ်သာရကတော့ စွန့်လွှတ်ခြင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကို ကိုယ်ပိုင်အဖြစ်က စွန့်လွှတ်ပြီး
သူတစ်ပါးပစ္စည်းအဖြစ် ပြုလုပ်ပေးလိုက်တာကို ဒါန လို့ခေါ်ပါတယ်။ ပစ္စည်းစွန့်လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပစ္စည်းအပေါ် တွယ်တာတဲ့ တဏှာကိုလည်း အာလယပြတ် (စိတ်စွဲပြတ်) စွန့်လွှတ်လိုက်ရပါတယ်။ “ငါပိုင်” “ငါဆိုင်” ဆိုတဲ့ သတ်မှတ်ချက်ကို ရိုက်ချိုးပစ်နိုင်မှ ဒါနတစ်ခု
အထမြောက်ပါတယ်။
“ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်တော့” ဆိုတဲ့ စိတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ်နိုင်မှ ဒါနမြောက်တယ်
ဆိုတာကို အပ္ပမာဒသမားတစ်ယောက်က ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီလို စွန့်လွှတ်လိုက်ရတဲ့အတွက် စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးပြီး အေးချမ်းသွားတယ်ဆိုတာကိုလည်း ကိုယ်ကိုယ်တိုင် ခံစားရပါတယ်။ ကိုယ်စွန့်လွှတ်လိုက်တဲ့ ပစ္စည်းကြောင့် သူတစ်ပါးကောင်းကျိုးရသွားတာ ကို
ကြည့်ပြီးတော့လည်း ကျေနပ်ဝမ်းမြောက်စွာ ပီတိဖြစ်နိုင်ပါတယ်။
အစွဲကင်းစွာ စွန့်လွှတ်နိုင်ခြင်းရဲ့ လွတ်လပ်အေးချမ်းမှုကို လက်တွေ့ခံစားရတဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒါနအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဒါနသတိ” မပျောက်မချင်း ဒါနကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။
(၂)။ဒုတိယမြောက် အပ္ပမာဒအာရုံကတော့ “သီလ” ပါပဲ။ သီလ ဆိုတာ “အလေ့” ပါ။ သူတော်ကောင်းတွေရဲ့ အလေ့၊ လူယဉ်ကျေးတွေရဲ့ အလေ့ကို သီလကို ခေါ်ပါတယ်။ ရှောင်သင့်ရှောင်ထိုက်တဲ့ ကိုယ်အမူအရာဆိုး၊နှုတ်အမူအရာဆိုးတွေကို ရှောင်တဲ့အလေ့ ရှိရသလို ဆောင်သင့် ဆောင်ထိုက်တဲ့ ကိုယ်အမူအရာကောင်း၊ နှုတ်အမူအရာကောင်းတွေကိုလည်း ဆောင်တဲ့အလေ့ ရှိရပါတယ်။
တားမြစ်ချက် မလွန်ကျူးခြင်းဆိုတဲ့ “ရှောင်သီလ” နဲ့ တာဝန်ဝတ္တရား ကျေပွန်ခြင်းဆိုတဲ့ “ဆောင်သီလ”၊
သီလနှစ်မျိုးလုံး ပြည့်စုံမှ သူတော်ကောင်းပီသတယ်။လူယဉ်ကျေးတန်းဝင်တယ်လို့ လက်ခံယုံကြည်တဲ့
အပ္ပမာဒသမားတစ်ယောက်ဟာ သီလအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ သီလအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “သီလသတိ” မပျောက်မချင်း သီလကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။
(၃)။တတိယမြောက် အပ္ပမာဒအာရုံကတော့ “ဘာဝနာ” ပါပဲ။ ဘာဝနာဆိုတာ “တိုးပွားခြင်း” ပါ။ စိတ်ကောင်းစိတ်မြတ်တွေ၊ စိတ်ကြည်စိတ်သန့်တွေ၊ စိတ်အေးစိတ်လင်းတွေ
တိုးပွားလာအောင် အားထုတ်တာကို ဘာဝနာလို့ ခေါ်ပါတယ်။
အာရုံတစ်ခုတည်းမှာ “စိတ်ငြိမ်” အောင် ကျင့်ရတဲ့ သမထဘာဝနာရော၊ အာရုံအားလုံးမှာ “စိတ်ငြိမ်း”
အောင်ကျင့်ရတဲ့ ဝိပဿနာဘာဝနာရော၊ ဘာဝနာနှစ်မျိုးလုံး ပြည့်စုံမှ စိတ်ရဲ့ အဆင့်အတန်း
ဘက်စုံမြင့်မားနိုင်တယ်ဆိုတာကို နားလည်နေတဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဘာဝနာအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ ဘာဝနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နဲ့ “ဘာဝနာသတိ”
မပျောက်မချင်း ဘာဝနာကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၄)။စတုတ္ထမြောက် အပ္ပမာဒအာရုံကတော့ “အပစာယန” ပါပဲ။ အပစာယန ဆိုတာ
“ရိုသေလေးစားခြင်း” ပါ။ ကိုယ့်ထက် အသက်၊သိက္ခာ၊ဂုဏ်ဝါကြီးတဲ့ လေးစားထိုက်သူတွေအပေါ် မာန်မာန
ကင်းရှင်းစွာ တရိုတသေ တလေးတစား ပြောဆိုပြုမူတာကို အပစာယန လို့ ခေါ်ပါတယ်။
“ဘဝင်မြင့်”ပြီး ထောင်လွှားမောက်မာတတ်တဲ့သူတစ်ယောက်အတွက် “ဘဝင်မြင့်”ဖို့ အခွင့်အလမ်းတွေ
ပိတ်ဆို့နေတယ် ဆိုတာကို သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ အပစာယနအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ အပစာယနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “အပစာယနသတိ”
မပျောက်မချင်း အပစာယန ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၅)။ပဉ္စမမြောက် အပ္ပမာဒအာရုံကတော့ “ဝေယျာဝစ္စ” ပါပဲ။ ဝေယျာဝစ္စဆိုတာ “ကြောင့်ကြစိုက်ခြင်း” ပါ။
သူတစ်ပါးရဲ့ အပြစ်ကင်းတဲ့အလုပ်၊ ကောင်းမှုကုသိုလ် အလုပ်တွေမှာ စိတ်စေတနာ အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက်ကူညီပေးတာကို ဝေယျာဝစ္စလို့ ခေါ်ပါတယ်။
သူတစ်ပါးရဲ့ လိုအပ်ချက်ကို ဖြည့်စွက်ပေးရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ ဆုမတောင်းဘဲ ပြည့်စုံနိုင်တယ်ဆိုတာကိုယုံကြည်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဝေယျာဝစ္စ
အာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဝေယျဝစ္စအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ဝေယျာဝစ္စသတိ” မပျောက်မချင်း ဝေယျာဝစ္စကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၆)။ဆဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တိဒါန” ပါပဲ။ ပတ္တိဒါန ဆိုတာ “ဝေစုပေးခြင်း” ပါ။ ကိုယ်ရထားတဲ့ ကောင်းမှုကုသိုလ်မျိုး သူတစ်ပါးလည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ကုသိုလ်အမျှပေးဝေတာကို ပတ္တိဒါန လို့ ခေါ်ပါတယ်။
ကိုယ့်ကုသိုလ် သူတစ်ပါး ဖြန့်ဝေပေးခြင်းကြောင့် ကိုယ့်စိတ်အစဉ်မှာ ဝန်တိုမှု မစ္ဆရိယ အညစ်အကြေး
ကင်းစင်သွားတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်လည်း ကိုယ့်ကြောင့် အဆင့်အတန်း မြင့်မားသွားရတယ်
ဆိုတာကို ယုံကြည်ကျေနပ်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တိဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ပတ္တိဒါနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ပတ္တိဒါနသတိ” မပျောက်မချင်း ပတ္တိဒါနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၇)။သတ္တမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တာနုမောဒန” ပါပဲ။ ပတ္တာနုမောဒန ဆိုတာ
“ဝေစုကို ဝမ်းမြောက်ခြင်း” ပါ။ သူတစ်ပါးပေးဝေတဲ့ ကုသိုလ်အမျှကို ကိုယ်ကိုယ်တိုင်ပြုရတဲ့ ကုသိုလ်ကောင်းမှုလိုပဲ ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ဆိုတာကို
ပတ္တာနုမောဒန လို့ခေါ်ပါတယ်။
သူ့ကုသိုလ် ကိုယ်ဝမ်းမြောက်ခြင်းကြောင့်  ကိုယ့်စိတ်အစဉ်မှာ မနာလိုမှု ဣဿာအညစ်အကြေး ကင်းစင်သွားတဲ့အပြင် သူတစ်ပါးကြောင့် ကိုယ့်ဘဝအဆင့်အတန်း မြင့်မား
သွားရတယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တာနုမောဒနာအာရုံ
ကို ဘယ်တော့မှ မမေ့ပါဘူး။ ပတ္တာနုမောဒနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ပတ္တာနုမောဒနသတိ” မပျောက်မချင်း ပတ္တာနုမောဒနကုသိုလ်တွေ
တရိပ်ရိပ် တိုးပွားလာပါတယ်။
(၈)။အဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဿဝန” ပါပဲ။ ဓမ္မဿဝန ဆိုတာ “တရားကြားနာခြင်း” ပါ။
စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း သူတော်ကောင်းတရားတွေကို စိတ်ဝင်တစား
နာယူမှတ်သားတာ၊ လေ့လာဖတ်ရှုတာကို ဓမ္မဿဝနလို့ ခေါ်ပါတယ်။
သူတော်ကောင်းတရားတွေကို နားနဲ့လည်း”ကြား”တတ်၊ စိတ်နဲ့လည်း“နာ” တတ်တယ်ဆိုရင်၊ တစ်နည်းအားဖြင့် ကံနားနဲ့လည်း “ကြား” တတ်၊ ဉာဏ်နားနဲ့လည်း “နာ” တတ်တယ်ဆိုရင် အဲဒီ “ကြား” ပြီး “နာ” တဲ့ “ကြားနာ“ခြင်းဟာ ကိုယ့်စိတ်၊ ကိုယ့်ဘဝကို လုံးဝ အသစ်စက်စက် ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဓမ္မဿဝနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဓမ္မဿဝနအာရုံကို သတိရလိုက်တာနဲ့တစ်ပြိုင်နက် “ဓမ္မဿဝနသတိ” မပျောက်မချင်း ဓမ္မဿဝနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၉)။နဝမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဒေသနာ”ပါပဲ။ ဓမ္မဒေသနာဆိုတော့ “တရားဟောပြောခြင်း” ပါ။ စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း... သူတော်ကောင်းတရားတွေကို မေတ္တာတရား
အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဟောပြောပို့ချ သင်ကြားညွှန်ပြပေးတာကို ဓမ္မဒေသနာလို့ ခေါ်ပါတယ်။
ကိုယ်ဟောပြောတဲ့တရားက ကိုယ့်ကို ပြန်ဆုံးမပြီး ကိုယ်ညွှန်ပြတဲ့စကားက ပြန်သွန်သင်နေတာမို့ ကိုယ်နဲ့
သူတော်ကောင်းတရား တစ်သားတည်း ဖြစ်သွားနိုင်သလို ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်လည်း သူတော်ကောင်းပတ်ဝန်းကျင် ဖြစ်သွားနိုင်တယ်ဆိုတာကို သဘောပေါက်
သိမြင်တဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဓမ္မဒေသနာအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။
ဓမ္မဒေသနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဓမ္မဒေသနာသတိ” မပျောက်မချင်း ဓမ္မဒေသနာ
ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၁၀)။နောက်ဆုံး ဒသမမြောက် အပ္ပမာဒအာရုံကတော့ “ဒိဋ္ဌိဇုကမ္မ”ပါပဲ။ ဒိဋ္ဌိဇုကမ္မဆိုတာ“အယူဖြောင့်ေ အာင်ပြုခြင်း”ပါ။ ကောင်းမှုကံ၊ မကောင်းမှုကံ ဆိုတာရှိတယ်၊ ကောင်းမှုကံက
ကောင်းကျိုးပေးပြီး မကောင်းမှုကံက မကောင်းကျိုးပေးတယ်။ရှေးဘဝ၊နောက်ဘဝ၊ အတိတ်ဘဝ၊တမလွန်ဘဝ ဆိုတာလည်း ရှိတယ်လို့ ကံ,ကံရဲ့ အကျိုးနဲ့ ဘဝသံသရာကို
သံသယကင်းစွာ ယုံကြည်တာကို ဒိဋ္ဌိဇုကမ္မလို့ ခေါ်ပါတယ်။
အယူအမြင်မှန်မှ စိတ်ဓာတ်လုပ်ရပ် မှန်မယ်။စိတ်ဓာတ်လုပ်ရပ်မှန်မှ ပစ္စုပ္ပန်ဘဝခရီးရော၊
သံသရာဘဝခရီးပါ သာယာချောမွေ့ ဖြောင့်ဖြူးမယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမား
တစ်ယောက်ဟာ ဒိဋ္ဌိဇုကမ္မအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒိဋ္ဌိဇုကမ္မအာရုံကို သတိရလိုက်တာနဲ့
တစ်ပြိုင်နက် “ဒိဋ္ဌိဇုကမ္မသတိ” မပျောက်မချင်း ဒိဋ္ဌိဇုကမ္မကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
အဲဒီလိုအားဖြင့် အပ္ပမာဒအာရုံဆယ်မျိုးကို အမြဲမပြတ် သတိရနေတဲ့ အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာ ကုသိုလ်ဆယ်မျိုး တစ်မျိုးမဟုတ်တစ်မျိုး အချိန်တိုင်း
တိုးနေပါတယ်။ မမေ့တဲ့သူတွေမှ ရနိုင်တဲ့ အဲဒီ ကုသိုလ်ဆယ်မျိုးကို “ပုညကြိယဝတ္ထုဆယ်ပါး”
လို့ခေါ်ပါတယ်။ “ကောင်းကျိုးလိုလားသူတိုင်း မလုပ်မဖြစ်လုပ်ရမယ့် ကောင်းမှုဆယ်မျိုး”
လို့ အဓိပ္ပာယ်ရပါတယ်။
အပ္ပမာဒတရား လက်ကိုင်ထားသူတစ်ယောက်အတွက် ကောင်းမှုဆယ်မျိုး ဝင်ရောက်ဖို့ တံခါးအမြဲပွင့်နေပါတယ်။ဝင်လာသမျှ ကောင်းမှုတွေကလည်း ကောင်းမှုရှင်ကို
သူ့အစွမ်းနဲ့သူ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးအမျိုးမျိုး သယ်ပိုးရွက်ဆောင်ပေးပါတယ်။ သူတို့ပေးတဲ့ အထွတ်အထိပ်ကောင်းကျိုးကတော့
ဆင်းရဲဟူသမျှ မြူမျှမရှိတဲ့ နိဗ္ဗာန်ချမ်းသာပါပဲ။
မြတ်စွာဘုရားရှင်လက်ထက်တုန်းက သာဝတ္ထိမြို့၊ အနာထပိဏ်သူဌေးကြီးရဲ့ အိမ်မှာ နေ့စဉ်နေ့တိုင်း
ရဟန်းတော်အပါးနှစ်ထောင် ဆွမ်းဘုဉ်းပေးတော်မူကြပါတယ် ။
ရဟန်းနှစ်ထောင်ရဲ့ နေ့စဉ်ဆွမ်းကိစ္စကို ပထမပိုင်းမှာ သမီးအကြီး မဟာသုဘဒ္ဒါက တာဝန်ယူဆောင်ရွက်
ပေးပါတယ်။ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သမီးဆိုတော့ ဒါနကောင်းမှု၊ဝေယျာဝစ္စကောင်းမှုတွေလောက်နဲ့ ကျေနပ်မနေဘဲ၊တရားနာတဲ့ ဓမ္မဿဝနကောင်းမှု၊ တရားအားထုတ်တဲ့ ဘာဝနာကောင်းမှုတွေကိုလည်း မမေ့မလျော့ ပြုလုပ်ပါတယ်။ ကောင်းမှုဆယ်မျိုးလုံး
အခွင့်သင့်သလို ပြုလုပ်အားထုတ်တဲ့အတွက် မကြာခင်မှာပဲ သောတာပန်အရိယာ ဖြစ်သွားပါတယ်။
မဟာသုဘဒ္ဒါ အိမ်ထောင်ကျလို့ ခင်ပွန်းသည်အိမ် လိုက်သွားတဲ့အခါမှာတော့ သမီးအလတ် စူဠသုဘဒ္ဒါက
အစ်မကြီးအမွေ ဆက်ခံပြီး ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းဝေယျာဝစ္စကို ဆက်လက်ဆောင်ရွက်ပါတယ်။
သူမကလည်း အပ္ပမာဒသမားပီပီ အစ်မကြီးခြေရာ တစ်ထပ်တည်း နင်းနိုင်ခဲ့ပါတယ်။ သောတာပန်လည်းဖြစ်၊သျှောင်နောက်လည်း ဆံထုံးပါပေါ့။
စူဠသုဘဒ္ဒါ အိမ်ပေါ်က ဆင်းသွားတဲ့အခါမှာ ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းတာဝန်ဟာ သမီးအငယ်ဆုံး
သုမနဒေဝီရဲ့ လက်ထဲ ရောက်လာပါတယ်။ သူမလည်း အပ္ပမာဒတရားနဲ့ မွေ့လျော်လိုက်တာ
အစ်မနှစ်ယောက်ရဲ့စံချိန်ကို ချိုးပြီး သကဒါဂါမ်အရိယာဖြစ်သွားပါတယ်။ ဒါပေမဲ့ သူမကတော့ အပျိုစင်လေးပါ။
သကဒါဂါမ်အပျိုစင်လေး သုမနဒေဝီဟာ တစ်နေ့တော့ အပျိုစင်ရောဂါတစ်ခုနဲ့ မကျန်းမမာ ဖြစ်ပါတယ်။
ဖခင်အနာထပိဏ်သူဌေးကြီးက သမီးထွေးလေးကို အကြင်နာ တနင့်တပိုးနဲ့ တယုတယ မေးရှာပါရဲ့။
“သမီးလေး သုမန...၊ ဘယ်လိုနေလဲကွယ်၊ သက်သာရဲ့လား”“မောင်လေး...၊ ဘာပြောတာလဲဟင်”
“အဖေပါ သမီးရဲ့၊ သမီးလေး ယောင်နေတာလား”“မမ မယောင်ပါဘူး မောင်လေးရယ်”
“ဒါဆို ကြောက်နေတာလား သမီးရယ်”
“မောင်လေးရယ်...၊ မမ လုံးဝ မကြောက်ပါဘူးကွယ်”
ဒီလောက်ပဲ ပြောပြီး သုမနဒေဝီ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ ကိုယ့်သမီးအရင်းခေါက်ခေါက်က
ကိုယ့်ကို “မ, ရဲ့ မောင်လေး” လို့ နောက်ဆုံးနှုတ်ဆက်သွားတဲ့အတွက် အနာထပိဏ်သူဋ္ဌေးကြီးခမျာ
သောတာပန် သိက္ခာတောင် မဆည်နိုင်ရှာတော့ဘဲ မျက်ရည်လည်ရွဲနဲ့ သောကတွေ ပွေ့ပိုက်ပြီး
ဘုရားရှင်ထံမှောက် ဆိုက်ရောက်လာပါတယ်။
ဖြစ်ကြောင်းကုန်စင် လျှောက်ထားလိုက်တဲ့အခါ
မြတ်စွာဘုရားက...
“သူဌေးကြီး...၊ တကယ်တော့ သင့်သမီး ကယောင်ကတမ်းနဲ့ ယောင်ပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး”
“ဒါဆို ဘာဖြစ်လို့ တပည့်တော်ကို မောင်လေးလို့ ခေါ်ရတာလဲ ဘုရား”
“မောင်လေးမို့လို့ မောင်လေးလို့ ခေါ်တာပေါ့။ သင်က သင့်သမီးထက် ငယ်လို့ကို သင့်သမီးက
သင့်ကို မောင်လေးလို့ ခေါ်တာပဲ၊ သင်က သောတာပန်၊ သင့်သမီးက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက
မဂ်ဖိုလ်ဂုဏ်၊ လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ်လေ”
“လောကီနယ်မှာ သင်က အဖေအဆင့်ရှိပေမယ့် လောကုတ္တရာနယ်မှာတော့ မောင်းလေးအဆင့်ပဲ
ရှိပါသေးတယ်၊ ဒါကြောင့် သင့်သမီးက သင့်ကို မောင်လေးလို့ ခေါ်လိုက်တာပါ”
“တကယ်ပြောတာလား ဘုရား”
“တကယ်ပြောတာပေါ့ သူဌေးကြီးရဲ့”
“အခု သူ ဘယ်ဘုံရောက်နေပါသလဲ ဘုရား”
“တုသိတာဘုံ ရောက်နေပါတယ်”
“မြတ်စွာဘုရား...၊ တပည့်တော်ရဲ့ သမီးဟာ အသက်ရှင်စဉ်မှာလည်း မိဘဆွေမျိုးတွေရဲ့အလယ်
တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာပျော်ရွှင်မှုအပြ ည့်နဲ့ နေသွားခဲ့ရပါတယ်။ အခု သေသွားတော့လည်း
တင့်တယ်ထည်ဝါတဲ့ဘုံမှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ နေနေရပါတယ်ဘုရား”
“သိပ်မှန်တာပေါ့ ဒကာကြီးရယ်၊ မမေ့တဲ့သူ၊ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သူမှန်သမျှ လူပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ် ဒီပစ္စုပ္ပန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။နောင်တမလွန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။ ဒီဘဝမှာ “ငါကောင်းမှုပြုထားပြီးပြီ” ဆိုတဲ့ အတွေးနဲ့ ဝမ်းသာရသလို နောင်ဘဝမှာ ကောင်းရာသုဂတိ ရောက်ရတဲ့အတွက် ပိုပြီး ဝမ်းသာရပါတယ်”
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးတွေကို ကောင်းမှုကုသိုလ်တွေနဲ့ပဲ ရယူနိုင်ပါတယ်။
ကောင်းမှုကုသိုလ်တွေကိုလည်း “မမေ့တရား” လို့ခေါ်တဲ့ “အပ္ပမာဒတရား” နဲ့ပဲ ရယူနိုင်ပါတယ်။
အပ္ပမာဒရှိမှ ကောင်းမှုကုသိုလ်ရှိ၊ ကောင်းမှုကုသိုလ်ရှိမှ ကောင်းကျိုးချမ်းသာ ရှိမှာမို့ ပစ္စုပ္ပန်၊ တမလွန်ရဲ့
ကောင်းကျိုးချမ်းသာလိုလားသူ တိုင်း ကောင်းမှုဆယ်မျိုးမှာ မမေ့တတ်တဲ့ အပ္ပမာဒတရားကို
စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့ လိုအပ်လှပါတယ်...။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။
အပ္ပမာဒတရားနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားကုသိုလ်တရား လောကမှာမရှိတော့တဲ့အတွက်
အပ္ပမာဒတရားဟာ “အနှိုင်းမဲ့ကုသိုလ်တရား”ဖြစ်ရပါတယ်။စိတ်ကို ဖြူစင်စေတတ်တဲ့သဘောကို
ကုသိုလ်လို့ ခေါ်ပါတယ်။ စိတ်ဓာတ်တစ်ခု၊ လုပ်ရပ်တစ်ခုကြောင့် မိမိရဲ့စိတ် ဖြူစင်သန့်ရှင်းသွားတယ်
ဆိုရင် အဲဒီစိတ်ဓာတ်၊အဲဒီလုပ်ရပါဟာ
ငါ့စိတ်ဓာတ် ဘယ်လောက်ကောင်းပါတယ်၊ ငါ့လုပ်ရပ် ဘယ်လောက်မြတ်ပါတယ်လို့ ဘယ်လိုပဲ
ပြောပြော၊ အဲဒီစိတ်ဓာတ် ရှိနေခိုက်၊ အဲဒီလုပ်ရပ် လုပ်နေခိုက် စိတ်ဓာတ်ပိုင်ရှင်၊ လုပ်ရပ်ရှင်ရဲ့
သန္တာန်မှာ စိတ်ဖြူစင်သန့်ရှင်းမှု မရှိဘူးဆိုရင် အဲဒီစိတ်ဓာတ်၊ အဲဒီလုပ်ရပ်ကို ကုသိုလ်လို့ မခေါ်နိုင်ပါဘူး။
ဘယ်စိတ်ဓာတ်၊ ဘယ်လုပ်ရပ်မဆို စိတ်ကိုဖြူစင်သန့်ရှင်းစေမှ ကုသိုလ်လို့ ခေါ်နိုင်ပါတယ်။
ကုသိုလ်မှန်သမျှ ကုသိုလ်ရှင်ရဲ့ စိတ်ကို ဖြူစင် သန့်ရှင်းစေတဲ့အပြင် ကုသိုလ်ရှင်အတွက်
ကောင်းကျိုးချမ်းသာ အဖြာဖြာကိုလည်း ဆောင်ကြဉ်းပေးနိုင်စွမ်းရှိ
ဆိုးကျိုးကြုံရတယ်၊ ဆင်းရဲခံရတယ်လို့ မရှိပါဘူး။ ကောင်းကျိုးကြုံရတယ်၊ ချမ်းသာစံရတယ်လို့ပဲရှိပါတယ
ကုသိုလ်ရှင်ကို စိတ်ဖြူစင်စေတတ်တဲ့၊ ကောင်းကျိုးပေးတတ်တဲ့ ကုသိုလ်တရားတွေ အားလုံးထဲမှာ
အပ္ပမာဒတရားဟာ အမြတ်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့အပ္ပမာဒတရားကြောင့်သာ တခြားကုသိုလ်တရားတွေဖြစ်ပွားခွင့်ရလို့၊ အပ္ပမာဒတရားဟာ ကုသိုလ်တရား
အားလုံး ဖြစ်ပွားခြင်းရဲ့ အကြောင်းရင်း အခြေခံရေသောက်မြစ် ဖြစ်လို့ပါပဲ။
အပ္ပမာဒတရား မရှိဘဲနဲ့ ဘယ်ကုသိုလ်ကောင်းမှုမှ ဖြစ်ပွားခွင့် မရှိပါဘူး။ ဒါနကုသိုလ်လည်း အပ္ပမာဒတရား
ကြောင့်ပဲ ဖြစ်ရပါတယ်။ သီလကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ သမထကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။
ဝိပဿနာကုသိုလ်လည်း အပ္ပမာဒတရားကြောင့်ပဲ ဖြစ်ရပါတယ်။ ကုသိုလ်ကောင်းမှုအားလုံး
အပ္ပမာဒတရားဟာ ကုသိုလ်ကောင်းမှုအားလုံးရဲ့
အပ္ပမာဒတရားကို ကုသိုလ်အားလုံးရဲ့ အကြောင်းရင်းလို့ ပြောလိုက်ရင် ကောင်းကျိုးချမ်းသာ အားလုံးရဲ့
အကြာင်းရင်းဆိုတဲ့ အဓိပ္ပာယ်လည်း အလိုလို သက်ရောက်သွားပါတယ်။ ဘာလို့လဲဆိုတော့
ကောင်းကျိုးချမ်းသာဆိုတဲ့ နာမည်ဟာ ကောင်းမှုကုသိုလ်ရဲ့ နာမည်ဖြစ်လို့ အသီးအပွင့် ဖြစ်လို့ပါပဲ။
ကုသိုလ်စိတ်တစ်ခု တစ်စက္ကန့်ဖြစ်တိုင်း စေတနာ အရှိန် ခုနှစ်ခု ဖြစ်ပါတယ်။ ပထမစေတနာအရှိန်က
ဒီမျက်မှောက်ဘဝ၊ ပထမဘဝမှာ ချက်ချင်းအကျိုးပေးပြီး သတ္တမစေတနာအရှိန်ကတော့ ဒီဘဝပြီးရင် ရောက်မယ့်နောက်ဘဝ၊ ဒုတိယဘဝမှာ အကျိုးပေးပါတယ်။
အလယ်က စေတနာအရှိန်ငါးခုကတော့ တတိယဘဝကနေ စပြီး နိဗ္ဗာန်မရောက်မချင်း အလျဉ်းသင့်သလို
အကျိုးပေးပါတယ်။
(အကုသိုလ်စိတ်တွေရဲ့ အကျိုးပေးလည်း နည်းတူပါပဲ။)
ပထမစေတနာအရှိန် (ပထမဇော) ကြောင့်ပေးတဲ့ ပစ္စုပ္ပန်ကောင်းကျိုးတွေရော၊
အရှိန် (နောက်နောက်ဇော) တွေကြောင့်ပေးတဲ့ တမလွန် ကောင်းကျိုးတွေရော၊ ကောင်းကျိုးအားလုံးဟာ
ကုသိုလ်ရဲ့ အကျိုးဆက်တွေချည်းဖြစ်လို့ ကုသိုလ်အားလုံးရဲ့ အကြောင်းရင်း အပ္ပမာဒတရားဟာ
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးအားလုံးရဲ
မြတ်စွာဘုရားရှင်လက်ထက်တုန်
“မြတ်စွာဘုရား...၊ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကိ
သယ်ပိုးရွက်ဆောင်ပေးနိုင်တဲ
“ရှိပါတယ် ဒကာတော်မင်းကြီး”
“ဘယ်တရားပါလဲ ဘုရား”
“အပ္ပမာဒတရားပါပဲ ဒကာတော်မင်းကြီး၊
ဥပမာ ဆင်ခြေရာလိုပဲပေါ့၊ ကုန်းနေသတ္တဝါအားလုံးရဲ့ ခြေရာတွေထဲမှာ ဆင်ခြေရာဟာ အကြီးဆုံးပဲ
မဟုတ်လား၊ ခြေရာမှန်သမျှ ဆင်ခြေရာထဲမှာအကျုံးဝင်ကြတယ်လေ၊ ဘယ်ခြေရာကိုမဆို
ဆင်ခြေရာထဲထည့်လို့ ရတာချည်းပဲ၊ အဲဒီလိုပါပဲ။ငါဘုရားဟောကြားထားသမျှ တရားအားလုံး
အပ္ပမာဒတရားထဲမှာ အကျုံးဝင်ကြပါတယ်။အပ္ပမာဒတရားဟာ လိုရင်းအနှစ်ချုပ်တရားပါပဲ။
ဒီအပ္ပမာဒတရား တစ်ပါးတည်းကပဲ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးနှစ်မျိုးလုံးကိ
သယ်ပိုးရွက်ဆောင်ပေးနိုင်ပါ
မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်ဟာ သိပ်အားရကျေနပ်စရာကောင်းပါတယ်။ သူတော်ကောင်းဓာတ်ခံ
အားကောင်းသူတိုင်း “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေး လေးလုံးကြားလိုက်တာနဲ့ သဒ္ဓါဓာတ်တွေ ကွန့်မြူးပြီး
ကုသိုလ်ဆန္ဒတွေ အရှိန်အဟုန်ကြီးကြီး နိုးကြားထက်သန်လာပါတယ်။ “အပ္ပမာဒ” ဆိုတဲ့
စကားလုံးဟာ သူတော်ကောင်းတွေရဲ့ နှလုံးသားကို ထူးထူးခြားခြား သိမ်းကျုံးဆွဲဆောင်နိုင်စွမ
“အပ္ပမာဒ” ဆိုတဲ့ စကားလုံးက ဘာလို့များ ဒီလောက်တောင် ထူးထူးခြားခြား ဆွဲဆောင်နိုင်စွမ်း
ရှိနေရတာလဲဆိုတော့ အပ္ပမာဒရဲ့ အဓိပ္ပာယ်ထဲမှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့
သူတော်ကောင်းဓာတ်တွေ အားလုံးပါဝင်နေလို့ပါပဲ။
“အပ္ပမာဒ” ဆိုတာ “မမေ့ခြင်း” ကို ပြောတာပါ။ “အပ္ပမာဒတရား” ဆိုတော့ “မမေ့တရား” ပေါ့။
“မမေ့” ဆိုတဲ့ စကားလုံးနှစ်လုံးဟာ “အပ္ပမာဒ” ဆိုတဲ့ စကားလုံးလေးလုံးရဲ့ လိုရင်းအနက်အဓိပ္ပာယ်ပါပဲ။
“အ” ကိုဖြုတ်လိုက်ရင် “ပမာဒ = မေ့” လို့ ဖြစ်သွားပါတယ်။ မမေ့တဲ့သူဟာ အပ္ပမာဒဖြစ်နေတဲ့သူ၊
မေ့တဲ့သူဟာ ပမာဒဖြစ်နေတဲ့သူပေါ့။ မမေ့တဲ့သူက အပ္ပမာဒသမား၊ မေ့တဲ့သူက ပမာဒသမားပေါ့။
အပ္ပမာဒသမားရဲ့သန္တာန်မှာ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ အစရှိတဲ့ သူတော်ကောင်းတရားတွေ အခြေအနေအားလျော်စွာ အများကြီး ဖြစ်နေကြပေမယ့် အထင်ရှားဆုံး
သိသာနေတာကတော့ “သတိ” ပါပဲ။ ဒါကြောင့်လည်း “အပ္ပမာဒ” ကို အဘိဓမ္မာတရားကိုယ်ကောင်းရင်
“သတိ” ကိုပဲ ကောက်ကြပါတယ်။ အပ္ပမာဒရှိတယ်ဆိုတာ သတိရှိတာကို ဆိုလိုပြီး မမေ့ဘူးဆိုတာ အမှတ်ရနေတာ
လို့ အဓိပ္ပာယ်ရပါတယ်။
တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ခုကို မမေ့ဘူးဆိုတာ အဲဒီတစ်စုံတစ်ယောက်၊ သို့မဟုတ်
တစ်စုံတစ်ခုကို အမှတ်ရနေတာပဲပေါ့။ အဲဒီတစ်စုံတစ်ယောက်၊
သို့မဟုတ် တစ်စုံတစ်ခုဆီမှာ မိမိရဲ့ စိတ်ကလေး အမြဲစွဲကပ်နေတာပဲပေါ့။ အာရုံနဲ့စိတ် မခွဲစတမ်း
စွဲကပ်ပူးဝင်နေတဲ့သဘော၊ အာရုံနဲ့စိတ် တစ်သားတည်းဖြစ်နေတဲ့သဘောကို “အပ္ပမာဒ” လို့ ခေါ်ပါတယ်။
လူတစ်ယောက်ကို ဘယ်တော့မှ မမေ့ဘဲ အမြဲ အမှတ်ရနေတဲ့သူရဲ့ သန္တာန်မှာ အဲဒီလူကို အမှတ်ရတိုင်း
အမှတ်ရတိုင်း အဲဒီလူနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပေါ်နေတတ်သလို
အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာလည်း အပ္ပမာဒရဲ့ အာရုံတွေကို အမှတ်ရတိုင်း အမှတ်ရတိုင်း
အမှတ်ရရာအာရုံနဲ့ သက်ဆိုင်တဲ့ ကုသိုလ်တရားတွေဖြစ်ပွားလာပါတယ်။
အပ္ပမာဒသမားတစ်ယောက် အမှတ်ရလေ့ရှိတဲ့ အာရုံတွေက ဆယ်မျိုးရှိပါတယ်။ အာရုံတစ်မျိုးကို
ကုသိုလ်တစ်မျိုးနှုန်းနဲ့ တွက်လိုက်ရင် အပ္ပမာဒသမားတစ်ယောက် ရပိုင်ခွင့်ရှိတဲ့ ကုသိုလ်တွေက
ဆယ်မျိုးကြီးများတောင်ပါပဲ။
(၁)။ပထမဆုံး အပ္ပမာအာရုံကတော့ “ဒါန” ပါပဲ။ ဒါနဆိုတာ“ပေးခြင်း” ပါ။ အနှစ်သာရကတော့ စွန့်လွှတ်ခြင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းကိ
သူတစ်ပါးပစ္စည်းအဖြစ် ပြုလုပ်ပေးလိုက်တာကို ဒါန လို့ခေါ်ပါတယ်။ ပစ္စည်းစွန့်လွှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပစ္စည်းအပေါ် တွယ်တာတဲ့ တဏှာကိုလည်း အာလယပြတ် (စိတ်စွဲပြတ်) စွန့်လွှတ်လိုက်ရပါတယ်။ “ငါပိုင်” “ငါဆိုင်” ဆိုတဲ့ သတ်မှတ်ချက်ကို ရိုက်ချိုးပစ်နိုင်မှ ဒါနတစ်ခု
အထမြောက်ပါတယ်။
“ကိုယ်နဲ့မဆိုင် ကိုယ်မပိုင်တော့” ဆိုတဲ့ စိတ်နဲ့ လွတ်လွတ်ကျွတ်ကျွတ် စွန့်လွှတ်နိုင်မှ ဒါနမြောက်တယ်
ဆိုတာကို အပ္ပမာဒသမားတစ်ယောက်က ဘယ်တော့မှ မမေ့ပါဘူး။ အဲဒီလို စွန့်လွှတ်လိုက်ရတဲ့အတွက် စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးပြီး အေးချမ်းသွားတယ်ဆိုတာကိုလည်
ကြည့်ပြီးတော့လည်း ကျေနပ်ဝမ်းမြောက်စွာ ပီတိဖြစ်နိုင်ပါတယ်။
အစွဲကင်းစွာ စွန့်လွှတ်နိုင်ခြင်းရဲ့ လွတ်လပ်အေးချမ်းမှုကို လက်တွေ့ခံစားရတဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒါနအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဒါနသတိ” မပျောက်မချင်း ဒါနကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။
(၂)။ဒုတိယမြောက် အပ္ပမာဒအာရုံကတော့ “သီလ” ပါပဲ။ သီလ ဆိုတာ “အလေ့” ပါ။ သူတော်ကောင်းတွေရဲ့ အလေ့၊ လူယဉ်ကျေးတွေရဲ့ အလေ့ကို သီလကို ခေါ်ပါတယ်။ ရှောင်သင့်ရှောင်ထိုက်တဲ့ ကိုယ်အမူအရာဆိုး၊နှုတ်အမူအရာဆိုးတွေကို ရှောင်တဲ့အလေ့ ရှိရသလို ဆောင်သင့် ဆောင်ထိုက်တဲ့ ကိုယ်အမူအရာကောင်း၊ နှုတ်အမူအရာကောင်းတွေကိုလည်
တားမြစ်ချက် မလွန်ကျူးခြင်းဆိုတဲ့ “ရှောင်သီလ” နဲ့ တာဝန်ဝတ္တရား ကျေပွန်ခြင်းဆိုတဲ့ “ဆောင်သီလ”၊
သီလနှစ်မျိုးလုံး ပြည့်စုံမှ သူတော်ကောင်းပီသတယ်။လူယဉ်ကျေးတန်းဝင်တယ်လို့ လက်ခံယုံကြည်တဲ့
အပ္ပမာဒသမားတစ်ယောက်ဟာ သီလအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ သီလအာရုံကို
သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “သီလသတိ” မပျောက်မချင်း သီလကုသိုလ်တွေ တရိပ်ရိပ်
တိုးပွားလာပါတယ်။
(၃)။တတိယမြောက် အပ္ပမာဒအာရုံကတော့ “ဘာဝနာ” ပါပဲ။ ဘာဝနာဆိုတာ “တိုးပွားခြင်း” ပါ။ စိတ်ကောင်းစိတ်မြတ်တွေ၊ စိတ်ကြည်စိတ်သန့်တွေ၊ စိတ်အေးစိတ်လင်းတွေ
တိုးပွားလာအောင် အားထုတ်တာကို ဘာဝနာလို့ ခေါ်ပါတယ်။
အာရုံတစ်ခုတည်းမှာ “စိတ်ငြိမ်” အောင် ကျင့်ရတဲ့ သမထဘာဝနာရော၊ အာရုံအားလုံးမှာ “စိတ်ငြိမ်း”
အောင်ကျင့်ရတဲ့ ဝိပဿနာဘာဝနာရော၊ ဘာဝနာနှစ်မျိုးလုံး ပြည့်စုံမှ စိတ်ရဲ့ အဆင့်အတန်း
ဘက်စုံမြင့်မားနိုင်တယ်ဆိုတ
ဘယ်တော့မှ မမေ့တော့ပါဘူး။ ဘာဝနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နဲ့ “ဘာဝနာသတိ”
မပျောက်မချင်း ဘာဝနာကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၄)။စတုတ္ထမြောက် အပ္ပမာဒအာရုံကတော့ “အပစာယန” ပါပဲ။ အပစာယန ဆိုတာ
“ရိုသေလေးစားခြင်း” ပါ။ ကိုယ့်ထက် အသက်၊သိက္ခာ၊ဂုဏ်ဝါကြီးတဲ့ လေးစားထိုက်သူတွေအပေါ် မာန်မာန
ကင်းရှင်းစွာ တရိုတသေ တလေးတစား ပြောဆိုပြုမူတာကို အပစာယန လို့ ခေါ်ပါတယ်။
“ဘဝင်မြင့်”ပြီး ထောင်လွှားမောက်မာတတ်တဲ့သူတစ်ယောက်အတွက် “ဘဝင်မြင့်”ဖို့ အခွင့်အလမ်းတွေ
ပိတ်ဆို့နေတယ် ဆိုတာကို သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ အပစာယနအာရုံကို
ဘယ်တော့မှ မမေ့တော့ပါဘူး။ အပစာယနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “အပစာယနသတိ”
မပျောက်မချင်း အပစာယန ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၅)။ပဉ္စမမြောက် အပ္ပမာဒအာရုံကတော့ “ဝေယျာဝစ္စ” ပါပဲ။ ဝေယျာဝစ္စဆိုတာ “ကြောင့်ကြစိုက်ခြင်း” ပါ။
သူတစ်ပါးရဲ့ အပြစ်ကင်းတဲ့အလုပ်၊ ကောင်းမှုကုသိုလ် အလုပ်တွေမှာ စိတ်စေတနာ အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဆောင်ရွက်ကူညီပေးတာကို ဝေယျာဝစ္စလို့ ခေါ်ပါတယ်။
သူတစ်ပါးရဲ့ လိုအပ်ချက်ကို ဖြည့်စွက်ပေးရင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ ဆုမတောင်းဘဲ ပြည့်စုံနိုင်တယ်ဆိုတာကိုယုံကြည်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဝေယျာဝစ္စ
အာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဝေယျဝစ္စအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ဝေယျာဝစ္စသတိ” မပျောက်မချင်း ဝေယျာဝစ္စကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၆)။ဆဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တိဒါန” ပါပဲ။ ပတ္တိဒါန ဆိုတာ “ဝေစုပေးခြင်း” ပါ။ ကိုယ်ရထားတဲ့ ကောင်းမှုကုသိုလ်မျိုး သူတစ်ပါးလည်း ထပ်တူထပ်မျှ ရပါစေဆိုတဲ့ မေတ္တာစိတ်နဲ့ ကုသိုလ်အမျှပေးဝေတာကို ပတ္တိဒါန လို့ ခေါ်ပါတယ်။
ကိုယ့်ကုသိုလ် သူတစ်ပါး ဖြန့်ဝေပေးခြင်းကြောင့် ကိုယ့်စိတ်အစဉ်မှာ ဝန်တိုမှု မစ္ဆရိယ အညစ်အကြေး
ကင်းစင်သွားတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်လည်း ကိုယ့်ကြောင့် အဆင့်အတန်း မြင့်မားသွားရတယ်
ဆိုတာကို ယုံကြည်ကျေနပ်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တိဒါနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ပတ္တိဒါနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက်
“ပတ္တိဒါနသတိ” မပျောက်မချင်း ပတ္တိဒါနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၇)။သတ္တမမြောက် အပ္ပမာဒအာရုံကတော့ “ပတ္တာနုမောဒန” ပါပဲ။ ပတ္တာနုမောဒန ဆိုတာ
“ဝေစုကို ဝမ်းမြောက်ခြင်း” ပါ။ သူတစ်ပါးပေးဝေတဲ့ ကုသိုလ်အမျှကို ကိုယ်ကိုယ်တိုင်ပြုရတဲ့ ကုသိုလ်ကောင်းမှုလိုပဲ ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ဆိုတာကို
ပတ္တာနုမောဒန လို့ခေါ်ပါတယ်။
သူ့ကုသိုလ် ကိုယ်ဝမ်းမြောက်ခြင်းကြောင်
သွားရတယ်ဆိုတာကို နားလည်သဘောပေါက်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ပတ္တာနုမောဒနာအာရုံ
ကို ဘယ်တော့မှ မမေ့ပါဘူး။ ပတ္တာနုမောဒနအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ပတ္တာနုမောဒနသတိ” မပျောက်မချင်း ပတ္တာနုမောဒနကုသိုလ်တွေ
တရိပ်ရိပ် တိုးပွားလာပါတယ်။
(၈)။အဋ္ဌမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဿဝန” ပါပဲ။ ဓမ္မဿဝန ဆိုတာ “တရားကြားနာခြင်း” ပါ။
စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း သူတော်ကောင်းတရားတွေကို စိတ်ဝင်တစား
နာယူမှတ်သားတာ၊ လေ့လာဖတ်ရှုတာကို ဓမ္မဿဝနလို့ ခေါ်ပါတယ်။
သူတော်ကောင်းတရားတွေကို နားနဲ့လည်း”ကြား”တတ်၊ စိတ်နဲ့လည်း“နာ” တတ်တယ်ဆိုရင်၊ တစ်နည်းအားဖြင့် ကံနားနဲ့လည်း “ကြား” တတ်၊ ဉာဏ်နားနဲ့လည်း “နာ” တတ်တယ်ဆိုရင် အဲဒီ “ကြား” ပြီး “နာ” တဲ့ “ကြားနာ“ခြင်းဟာ ကိုယ့်စိတ်၊ ကိုယ့်ဘဝကို လုံးဝ အသစ်စက်စက် ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမားတစ်ယောက်ဟာ ဓမ္မဿဝနအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဓမ္မဿဝနအာရုံကို သတိရလိုက်တာနဲ့တစ်ပြိုင်နက် “ဓမ္မဿဝနသတိ” မပျောက်မချင်း ဓမ္မဿဝနကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၉)။နဝမမြောက် အပ္ပမာဒအာရုံကတော့ “ဓမ္မဒေသနာ”ပါပဲ။ ဓမ္မဒေသနာဆိုတော့ “တရားဟောပြောခြင်း” ပါ။ စိတ်ငြိမ်းအေးကြောင်း၊ ဘဝတိုးတက်ကြောင်း... သူတော်ကောင်းတရားတွေကို မေတ္တာတရား
အပြည့်အဝနဲ့ ကိုယ်ကျိုးမဖက် ဟောပြောပို့ချ သင်ကြားညွှန်ပြပေးတာကို ဓမ္မဒေသနာလို့ ခေါ်ပါတယ်။
ကိုယ်ဟောပြောတဲ့တရားက ကိုယ့်ကို ပြန်ဆုံးမပြီး ကိုယ်ညွှန်ပြတဲ့စကားက ပြန်သွန်သင်နေတာမို့ ကိုယ်နဲ့
သူတော်ကောင်းတရား တစ်သားတည်း ဖြစ်သွားနိုင်သလို ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင်လည်း သူတော်ကောင်းပတ်ဝန်းကျင် ဖြစ်သွားနိုင်တယ်ဆိုတာကို သဘောပေါက်
သိမြင်တဲ့ အပ္ပမာဒသမား တစ်ယောက်ဟာ ဓမ္မဒေသနာအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။
ဓမ္မဒေသနာအာရုံကို သတိရလိုက်တာနဲ့ တစ်ပြိုင်နက် “ဓမ္မဒေသနာသတိ” မပျောက်မချင်း ဓမ္မဒေသနာ
ကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
(၁၀)။နောက်ဆုံး ဒသမမြောက် အပ္ပမာဒအာရုံကတော့ “ဒိဋ္ဌိဇုကမ္မ”ပါပဲ။ ဒိဋ္ဌိဇုကမ္မဆိုတာ“အယူဖြောင့်ေ
ကောင်းကျိုးပေးပြီး မကောင်းမှုကံက မကောင်းကျိုးပေးတယ်။ရှေးဘဝ၊နောက်ဘဝ၊ အတိတ်ဘဝ၊တမလွန်ဘဝ ဆိုတာလည်း ရှိတယ်လို့ ကံ,ကံရဲ့ အကျိုးနဲ့ ဘဝသံသရာကို
သံသယကင်းစွာ ယုံကြည်တာကို ဒိဋ္ဌိဇုကမ္မလို့ ခေါ်ပါတယ်။
အယူအမြင်မှန်မှ စိတ်ဓာတ်လုပ်ရပ် မှန်မယ်။စိတ်ဓာတ်လုပ်ရပ်မှန်မှ ပစ္စုပ္ပန်ဘဝခရီးရော၊
သံသရာဘဝခရီးပါ သာယာချောမွေ့ ဖြောင့်ဖြူးမယ်ဆိုတာကို သဘောပေါက်သိမြင်တဲ့ အပ္ပမာဒသမား
တစ်ယောက်ဟာ ဒိဋ္ဌိဇုကမ္မအာရုံကို ဘယ်တော့မှ မမေ့တော့ပါဘူး။ ဒိဋ္ဌိဇုကမ္မအာရုံကို သတိရလိုက်တာနဲ့
တစ်ပြိုင်နက် “ဒိဋ္ဌိဇုကမ္မသတိ” မပျောက်မချင်း ဒိဋ္ဌိဇုကမ္မကုသိုလ်တွေ တရိပ်ရိပ် တိုးပွားလာပါတယ်။
အဲဒီလိုအားဖြင့် အပ္ပမာဒအာရုံဆယ်မျိုးကို အမြဲမပြတ် သတိရနေတဲ့ အပ္ပမာဒသမားတစ်ယောက်ရဲ့ သန္တာန်မှာ ကုသိုလ်ဆယ်မျိုး တစ်မျိုးမဟုတ်တစ်မျိုး အချိန်တိုင်း
တိုးနေပါတယ်။ မမေ့တဲ့သူတွေမှ ရနိုင်တဲ့ အဲဒီ ကုသိုလ်ဆယ်မျိုးကို “ပုညကြိယဝတ္ထုဆယ်ပါး”
လို့ခေါ်ပါတယ်။ “ကောင်းကျိုးလိုလားသူတိုင်း
လို့ အဓိပ္ပာယ်ရပါတယ်။
အပ္ပမာဒတရား လက်ကိုင်ထားသူတစ်ယောက်အတွက်
သူ့အစွမ်းနဲ့သူ ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး၊ ကောင်းကျိုးအမျိုးမျိုး သယ်ပိုးရွက်ဆောင်ပေးပါတယ်။ သူတို့ပေးတဲ့ အထွတ်အထိပ်ကောင်းကျိုးကတော့
ဆင်းရဲဟူသမျှ မြူမျှမရှိတဲ့ နိဗ္ဗာန်ချမ်းသာပါပဲ။
မြတ်စွာဘုရားရှင်လက်ထက်တုန်
ရဟန်းတော်အပါးနှစ်ထောင် ဆွမ်းဘုဉ်းပေးတော်မူကြပါတယ်
ရဟန်းနှစ်ထောင်ရဲ့ နေ့စဉ်ဆွမ်းကိစ္စကို ပထမပိုင်းမှာ သမီးအကြီး မဟာသုဘဒ္ဒါက တာဝန်ယူဆောင်ရွက်
ပေးပါတယ်။ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သမီးဆိုတော့ ဒါနကောင်းမှု၊ဝေယျာဝစ္စကောင်
အခွင့်သင့်သလို ပြုလုပ်အားထုတ်တဲ့အတွက် မကြာခင်မှာပဲ သောတာပန်အရိယာ ဖြစ်သွားပါတယ်။
မဟာသုဘဒ္ဒါ အိမ်ထောင်ကျလို့ ခင်ပွန်းသည်အိမ် လိုက်သွားတဲ့အခါမှာတော့ သမီးအလတ် စူဠသုဘဒ္ဒါက
အစ်မကြီးအမွေ ဆက်ခံပြီး ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းဝေယျာဝစ္စကို ဆက်လက်ဆောင်ရွက်ပါတယ်။
သူမကလည်း အပ္ပမာဒသမားပီပီ အစ်မကြီးခြေရာ တစ်ထပ်တည်း နင်းနိုင်ခဲ့ပါတယ်။ သောတာပန်လည်းဖြစ်၊သျှောင်နောက်လည်း ဆံထုံးပါပေါ့။
စူဠသုဘဒ္ဒါ အိမ်ပေါ်က ဆင်းသွားတဲ့အခါမှာ ရဟန်းနှစ်ထောင်ရဲ့ ဆွမ်းတာဝန်ဟာ သမီးအငယ်ဆုံး
သုမနဒေဝီရဲ့ လက်ထဲ ရောက်လာပါတယ်။ သူမလည်း အပ္ပမာဒတရားနဲ့ မွေ့လျော်လိုက်တာ
အစ်မနှစ်ယောက်ရဲ့စံချိန်ကို
သကဒါဂါမ်အပျိုစင်လေး သုမနဒေဝီဟာ တစ်နေ့တော့ အပျိုစင်ရောဂါတစ်ခုနဲ့ မကျန်းမမာ ဖြစ်ပါတယ်။
ဖခင်အနာထပိဏ်သူဌေးကြီးက သမီးထွေးလေးကို အကြင်နာ တနင့်တပိုးနဲ့ တယုတယ မေးရှာပါရဲ့။
“သမီးလေး သုမန...၊ ဘယ်လိုနေလဲကွယ်၊ သက်သာရဲ့လား”“မောင်လေး...၊ ဘာပြောတာလဲဟင်”
“အဖေပါ သမီးရဲ့၊ သမီးလေး ယောင်နေတာလား”“မမ မယောင်ပါဘူး မောင်လေးရယ်”
“ဒါဆို ကြောက်နေတာလား သမီးရယ်”
“မောင်လေးရယ်...၊ မမ လုံးဝ မကြောက်ပါဘူးကွယ်”
ဒီလောက်ပဲ ပြောပြီး သုမနဒေဝီ ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ ကိုယ့်သမီးအရင်းခေါက်ခေါက်က
ကိုယ့်ကို “မ, ရဲ့ မောင်လေး” လို့ နောက်ဆုံးနှုတ်ဆက်သွားတဲ့အတွက် အနာထပိဏ်သူဋ္ဌေးကြီးခမျာ
သောတာပန် သိက္ခာတောင် မဆည်နိုင်ရှာတော့ဘဲ မျက်ရည်လည်ရွဲနဲ့ သောကတွေ ပွေ့ပိုက်ပြီး
ဘုရားရှင်ထံမှောက် ဆိုက်ရောက်လာပါတယ်။
ဖြစ်ကြောင်းကုန်စင် လျှောက်ထားလိုက်တဲ့အခါ
မြတ်စွာဘုရားက...
“သူဌေးကြီး...၊ တကယ်တော့ သင့်သမီး ကယောင်ကတမ်းနဲ့ ယောင်ပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး”
“ဒါဆို ဘာဖြစ်လို့ တပည့်တော်ကို မောင်လေးလို့ ခေါ်ရတာလဲ ဘုရား”
“မောင်လေးမို့လို့ မောင်လေးလို့ ခေါ်တာပေါ့။ သင်က သင့်သမီးထက် ငယ်လို့ကို သင့်သမီးက
သင့်ကို မောင်လေးလို့ ခေါ်တာပဲ၊ သင်က သောတာပန်၊ သင့်သမီးက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက
မဂ်ဖိုလ်ဂုဏ်၊ လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ်လေ”
“လောကီနယ်မှာ သင်က အဖေအဆင့်ရှိပေမယ့် လောကုတ္တရာနယ်မှာတော့ မောင်းလေးအဆင့်ပဲ
ရှိပါသေးတယ်၊ ဒါကြောင့် သင့်သမီးက သင့်ကို မောင်လေးလို့ ခေါ်လိုက်တာပါ”
“တကယ်ပြောတာလား ဘုရား”
“တကယ်ပြောတာပေါ့ သူဌေးကြီးရဲ့”
“အခု သူ ဘယ်ဘုံရောက်နေပါသလဲ ဘုရား”
“တုသိတာဘုံ ရောက်နေပါတယ်”
“မြတ်စွာဘုရား...၊ တပည့်တော်ရဲ့ သမီးဟာ အသက်ရှင်စဉ်မှာလည်း မိဘဆွေမျိုးတွေရဲ့အလယ်
တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာပျော်ရွှင်မှုအပြ
တင့်တယ်ထည်ဝါတဲ့ဘုံမှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့
“သိပ်မှန်တာပေါ့ ဒကာကြီးရယ်၊ မမေ့တဲ့သူ၊ အပ္ပမာဒတရား လက်ကိုင်ထားတဲ့သူမှန်သမျှ လူပဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ် ဒီပစ္စုပ္ပန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။နောင်တမလွန်ဘဝမှာလည်း စိတ်ချမ်းသာ ပျော်ရွှင်ရပါတယ်။ ဒီဘဝမှာ “ငါကောင်းမှုပြုထားပြီးပြီ”
ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုးတွေကို ကောင်းမှုကုသိုလ်တွေနဲ့ပဲ ရယူနိုင်ပါတယ်။
ကောင်းမှုကုသိုလ်တွေကိုလည်း
အပ္ပမာဒရှိမှ ကောင်းမှုကုသိုလ်ရှိ၊ ကောင်းမှုကုသိုလ်ရှိမှ ကောင်းကျိုးချမ်းသာ ရှိမှာမို့ ပစ္စုပ္ပန်၊ တမလွန်ရဲ့
ကောင်းကျိုးချမ်းသာလိုလားသူ
စွဲစွဲမြဲမြဲ လက်ကိုင်ထားဖို့ လိုအပ်လှပါတယ်...။
-【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
အပ္ပမာဒေန သမ္ပာဒေထ။
Posted by►
www.facebook.com/ youngbuddhistassociation.mm
[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါ ရမီတောရ)၏အနှိုင်းမဲ့ကုသိုလ်(ပထမပိုင်း)အပ္ပမာဒမဂ္ဂဇင်း၊
ဒီဇင်ဘာ၊၂၀၀၁-မှ ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။]
—-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပ
အပ္ပမာဒေန သမ္ပာဒေထ။
Posted by►
www.facebook.com/
[ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါ
ဒီဇင်ဘာ၊၂၀၀၁-မှ ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။]
https://web.facebook.com/youngbuddhistassociation.mm/photos/a.185052928171394.52369.129054333771254/1106659542677390/?type=3