စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြင့်မိုရ်တောင် မြင်ချင်လား

မြင့်မိုရ်တောင် မြင်ချင်လား

by Dhamma Rakhita on Friday, November 18, 2011 at 10:16pm


တနေ့သ၌ ဒါယကာတစ်ဦးသည် ကမ္မဋ္ဌာန်းကျောင်းတစ်ခုသို့ ရောက်ရှိလာကာ

ခရီးရောက်မဆိုက် ကျောင်းထိုင်ဆရာတော်ကြီးအား ဤသို့လျှောက်ကြားလေ၏

ဒကာ ။ ။ ဗုဒ္ဓဘာသာဝင်တွေက နတ်တွေ ဗြဟ္မာတွေ မြင့်မိုရ်တောင်တွေအကြောင်း

ခဏခဏပြောနေကြတယ်ဘုရား…တပည့်တော် ကတော့ မမြင်ရလို့ မယုံနိုင်ဘူး….

ဆရာတော်။ ။ ဒကာ မြင့်မိုရ်တောင်ရှိတာ ကို မြင်ချင်လား

ဒကာ ။ ။ မှန်ပါ့..မြင်ချင်ပါတယ်ဘုရာ့

ဆရာတော်။ ။ မြင်ချင်ရင် ဒီတရားစခန်းမှာ ၆ လလောက် အရင် တရားအားထုတ်ကြည့်လိုက်လေ..

စိတ်တည်ကြည်မှုအားကောင်းလာပြီး အဲဒါကို စနစ်တကျအသုံးချတတ်ရင်

ဒကာမြင်ချင်တာ မြင်ရမှာပေါ့ ၊ဘုရားရှင်ရဲ့  တရားတွေက လာပါ ရှုပါ အားထုတ်ကြည့်ပါ ဆိုပြီး

ဖိတ်ခေါ်ရဲ တဲ့ တရားတွေချည်းပါ

ဒကာ ။ ။စိတ်တည်ကြည်ဖို့အတွက် ၆ လလောက်အားထုတ်ရမယ် ဟုတ်လား…ပြီးတော့

အဲဒီအတောအတွင်းဘာတွေလိုက်နာရအုံးမှာလဲ ဘုရာ့

ဆရာတော်။ ။ခြင်တို့ ဂျပိုးတို့ကအစ မသတ်ရဘူး ၊ မူးယစ်ဆေးဝါး ဆေးလိပ် ကွမ်း အကုန်ရှောင်ရမယ်။တရားစကားကိုသာအ

လျဉ်းသင့်သလိုပြောရမယ်၊သူတပါးသားသမီးသားမယား ဥစ္စာစည်းစိမ် စိတ်နဲ့တောင်မပြစ်မှားနဲ့

လိမ်မပြောရဘူး ။သီချင်းမဆိုရ တီဗွီမကြည့်ရ…ရ….

ဒကာ ။ ။ခဏ …ခဏလေးနေပါဦးဘုရား…လိုက်နာရမယ့်  ဟာတွေက များလှချည်လား

့ဆရာတော်။ ။အေး …ဒါ အခြေခံလေးတွေပဲ ရှိသေးတယ်


ဒကာ ။ ။ခင်ဗျာ…တော်ပါပြီ ဘုရား…မြင်းမိုရ်တောင် မမြင်ရရင်လဲ နေပါစေတော့…အဲဒီလောက်ကြီးတော့ မကျင့်နိုင်ပါဘူး…
 
ဆရာတော်။ ။ ဒါနဲ့….ဒကာ က လူတောသူတောထဲမှာနေတော့ရော ငါးပါးသီလ မြဲရဲ့ လား


ဒကာ ။ ။ အင်း….မမြဲတာကများတယ် ဘုရာ့ …ဟိုနေရာက ကျိုး ဒီနေရာက ကျိုးနဲ့


ဆရာတော်။ ။ အိမ်း…ဒါနဲ့များ မြင့်မိုရ်တောင် မြင်ချင်သေးတယ်…မင်းတို့တွေ ငါးပါးသီလတောင်မလုံဘဲနဲ့


မြင့်မိုရ်တောင် မမြင်ရဘူးလို့ စွတ်စွတ်အော်မနေကြနဲ့…သွားတော့. .ကြာရင် ငါ …ဖနောင့်နဲ့ ထပေါက်မိလိမ့်မယ်


ဒကာ ။ ။ (…သေပြီ ဆရာ…)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...