တစ်နေ့တစ်၌ ညနေစောင်းဖြစ်သဖြင့် ကျွန်ုပ်လည်း ကမ်းနားဘက် တွင် လွန်စွာ နာမည်ကျော်လှသော 'ဒေါ်ရိတ်ကြီး' အကြော်ဆိုင်သို့ ထွက်ခဲ့၏။ အဆာပြေ ဘူးသီးကြော်စားရင်း ထိုဆိုင်တွင် ညနေစောင်း ၌ အကြော်စားကာ စာကားဖောင်ဖွဲ့ တတ်သော ကျောင်းဆရာ သူငယ်ချင်းနှင့် ပင်စင်စားအဖွဲ့ရှိရာသို့ ထွက်ခွာလာခဲ့ရာ ဆိုင်သို့အရောက် သူငယ်ချင်း ကျောင်းဆရာ အဖွဲ့ကို ရေနွေးကြမ်း နှစ်အိုးဖြင့် တွေ့ရလေ၏ ဒေါ်ရိတ်ကြီး၏ မျက်စောင်း တစ်ချက်အထိုး တွင်ကျွန်ုပ်မှာ သူငယ်ချင်းတို့ ဝိုင်းသို့ဝင်လျက် ဘူးသီးကြော် တစ်ပွဲ မှာလိုက်ရာ ဒေါ်ရိတ်ကြီးလည်း မျက်နာဝင်းပ၍ သွားလေ၏။
သူငယ်ချင်း ကျောင်းဆရာမှာလည်း ကျွန်ုပ်အားသာကြောင်းမာကြော
ကျွန်ုပ်လည်း ဝင်ရောက် ဆွေးနွေးရာ လောကတွင် သက်ရှိတိုင်း အလှ တစ်ခု နှင့် စွမ်းရည် တစ်ခု ရှိကြသည်က မှန်ပါ၏ သို့သော် ထို့စွမ်းရည်နှင့် အလှအား မည်သို့ အသုံးချလျက် မိမိဘဝ မိသားစုဘဝ လူမျိုး နိုင်ငံနှင့် နောက်ဆုံး လူသားမျိုးနွယ်စုနှင့် ကမ္ဘာကြီးအထိ အကောင်းဆုံးတွေဖြစ်အောင် အသုံးချတတ်ရန် လိုအပ်ကြောင်း ထို့ အရည်အချင်း စွမ်းရည်နှင့် အလှအား မကောင်းသည့်ဘက်တွင် အသုံး မပြုမိ့စေရန်အတွက် မိမိကိုယ်တိုင် ဆောင်ရန် ရှောင်ရန်တို့ကို သိဖို့ လိုအပ်ကြောင်း ပြောပြ ဆွေးနွေးရာ တစ်ယောက်သောသူက အလှနှင့် စွမ်းရည် အသုံးချနည်းကောင်းများအား ဆွေးနွေးသင့်ပါကြောင်း ပြောလေ၏။ ဒေါ်ရိတ်ကြီးမှာလည်း ကုန်နေသော ရေနွေးကြမ်းအိုးအား အသစ်လည်း၍ လာချပေးလေ၏။
သက်ရှိတိုင်းတွင် မွေးရာပါ အလှနှင့် စွမ်းရည်တို့ ပါရှိကြသည်သာ ဖြစ်သည် တိရိစ္ဆာန်တို့တွင်လည်း မွေးရာပါ အလှများရှိသလို့ သူတို့ ဘဝများ ရပ်တည်နိုင်ရေး အသက်ရှင် နေနိုင်ရေးအတွက် စွမ်းရည် တစ်ခုစီ ပါရှိကြပြီး အားကိုးစရာ များလည်း ပါရှိလေ၏ အစွယ်ရှိသူက အစွယ်အားကိုး ဦးချိုရှိသူက ဦးချိုအားကိုး အပြေးမြန်သူက ခြေထောက်အားကိုးပြီး အသက်ရှင်သန်အောင် သဘာဝက ပေးထားသည်ပင် လူသာတို့အတွက်မှာ ဥာဏ်ပညာ ကိုအားကိုးရသည် ပင်ဖြစ်ရာ မိမိဘဝ ရပ်တည်ရေးအတွက် မိမိ၏ မွေးရာပါ အလှနှင့် စွမ်းရည်ကို ဥာဏ်ဖြင့် ထိုင်းကွတ်ရမည်ဖြစ်၏ ။ သူ မတူအောင် ထူးခြားလှသော အလှအား ဥာဏ်ပညာဖြင့် မသုံးပါက အလဟသဖြစ်သွားပြီး မိမိအတွက် မိသားစု လူးမျိုး ဘာသာအတွက် ဂုဏ်မဖြစ်ဘဲ သိမ်ငယ်သွားတတ် ပေသည် ထိုနည်းအတိုင်း စွမ်းရည်ကိုလည်း ဥာဏ်ပညာဖြင့် ထက်မြက်အောင် သွေးထားရ မည်ဖြစ်ပြီး သိလ ပညာ တည်းဟူသော အထိန်းအကွတ်ဖြင့် အသုံးပြုပါက လောကကို ကောင်းကျိုးပြုမည် သာဖြစ်သည် ဥပမာပြရလျင် လက်ရုံးရည်ပြည့်သောသူ နှစ်ဦးတွင် တိုင်ပြည် အတွက် စစ်သူကြီးအဖြစ် တာဝန်ထမ်းသူနှင့် ဓါးပြဗိုလ် လုပ်သူတို့၏ စွမ်းရည် အသုံးချပုံကို ယှင်တွဲ တွေ့မြင်နိုင်ကြောင်း ပြောကြပြန်လေသည်။
အမှန်စင်စစ် မိမိတွင် မွေးရာပါ သူ မတူသော အလှ တစ်ခုနှင့် စွမ်းရည် တစ်ခုအား မိမိကိုယ်တိုင် သိအောင် ဦးစွာ ပြုလုပ်လျက် ထိုအလှနှင့် စွမ်းရည်အား သီလ ပညာတည်းဟူသော လောကစည်းကမ်းများဖြင့် သေချာ ပြုပြင် ထိန်းကျောင်းနိုင်ပါက လောကတွင် ထိုကဲ့သို့သောသူကို မည်သူမျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ထိုစွမ်းရည်နှင့် အလှတို့ကို ထိန်းချုပ်နိုင်သော သီလ ပညာတို့သည် စာကောင်းပေကောင်း တို့တွင် များစွာ မှီခိုကြသည်သာဖြစ်သည်ဟု ကျွန်ုပ်လည်း ဆွေးနွေးဖြစ်ရာ သူငယ်ချင်းဖြစ်သူနှင့် အဖွဲ့လည်း လိုသည်လေးများကို ဖြည့်ကာ ဆွေးနွေးကြလေ၏ ။
နေလုံးနီနီလည်း တောင်တန်းများနောက်သို့ တစ်ဖြည်းဖြည်း ဝင်ရောက်သွားပြီဖြစ်သည် ဒေါ်ရိတ်ကြီး၏ အကြော်ဖိုမှာလည်း မီးကုန် သွားလေပြီ ရေနွေးကြမ်းအိုးလည်း အေးစက်ခဲ့လေပြီး ကျွန်ုပ်တို့လည်း နုတ်ဆက်ရင်း လမ်းခွဲကြလေပြီး လေပြေလေး တစ်ချက် အဝေ့တွက် လောကအရာတိုင်း၌ အလှတရားတို့ရှိပြီး နက်နဲသော စွမ်းရည်တို့က ရှိစမြဲဖြစ်ကြောင်း တွေးရင်း အိမ်သို့ပြန်ခဲ့လေတော့သည်။ ။
Lazy Cat (ရိုးရာလေး)
No comments:
Post a Comment