ဝေဒနာလိုက်ရာ၌ယုန်ကိုခွေးလု
အချို့ကိုလည်းစရိုက်အတိုင်းမှန်မှန်ြ
ထုံကျင်ကိုက်ခဲ မခံမရပ်နှိုင်အောင် ခံစားနေရတဲ့ သဘောတရားကို သတိပညာ ဦးစီး၍ ရှုရာမပြတ်မစဲ ဒလပ်စပ် ဖြစ်ပျက်ဝေဒနာ တရားတွေ့မြင် သိရှိရ၏။ ပူလိုက်၊ အေးလိုက်၊ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်၊ ခဲလိုက်၊ ယိမ်းယိုင် တုန်လှုပ်လိုက် ဖြစ်ပျက်မစဲ ဓာတ်သဘောတရား ဖောက်ပြန်ပျက်စီးနေပုံ သိမြင်ရ၏။ ဒီဒုက္ခ ဝေဒနာကို ဒေါသ ဒေါမနဿ မဖြစ်ရအောင် သတိပညာဖြင့် သည်းခံရှုရ၏။
သုခဝေဒနာကိုလည်းပီတိ သောမနဿ လောဘတွေမဖြစ်ရလေအောင် သတိပညာဖြင့် သည်းခံရှုရ၏။ ဥပေက္ခာဝေဒနာကိုလည်း လျစ်လျူရှု မောဟတွေမဖြစ်ရလေအောင် သတိပညာဖြင့် သည်းခံရှုရ၏။ ဝေဒနာ ခံစားမှုဟာ တက်လိုက်၊ကျလိုက်၊ဖြစ်လိုက်
ဝေဒနာ၏ ဖြစ်ပျက်မစဲ ရှုနေရာမှဖြစ်ပြီးပျက် ပျက်သွားတဲ့ သဘောတရားဟာ မမြဲပါကလား(အနိစ္စ)၊ ခံစားနေရတာ ဆင်းရဲပါကလား(ဒုက္ခ)၊ ကိုယ့်အလိုမလိုက် သူ့သဘောနဲ့သူ ဖြစ်နေတာပါကလား(အနတ္တ)၊ သာမည လက္ခနာတွေကို အထင်ရော အမြင်ပါတွေ့သိလာအောင် ထပ်ကြပ်မကွာ ယုန်လိုက်တဲ့ခွေးလို အစဉ်မပြတ်ရှုကြည့်နေရမယ်။ ဖောင်းစီးသမားလို ရေလှိုင်းကြီးမားလာလည်း ဖောင်ကို မလွှတ်မြဲစွာ တွယ်ကပ်လျက် လှိုင်းတံပိုး ထသည့်အလျှောက် မြင့်လိုက် နိမ့်ကျလိုက်ဖြစ်နေသလိုဝေဒန
ဤ၀ိပဿနာလမ်းမှန်ကို ဆက်၍လမ်းဆုံးအောင် အားထုတ်ပြီး မဂ်ဖိုလ်ရစေနိုင်၏။
__________________________
Kyawkyaw San ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)
https://www.facebook.com/308669855916817/photos/a.314647161985753.73088.308
No comments:
Post a Comment