ရွှေဗြူးတီး ချစ်ပရိတ်သတ်များ မင်္ဂလာပါ။
မိတ်ကပ်လိမ်းခြင်းပညာဟာ မွေးရာပါ တတ်မြောက်လာ တတ်တဲ့ အတတ်ပညာ မဟုတ်သော်ငြားလည်း လေ့လာခြင်း သင်ယူခြင်း လေ့ကျင့်ခြင်းဖြင့် ပိုမို တိုးတက် ကောင်းမွန် လာစေနိုင်တဲ့ ပညာအဖြစ် ကဗျာ ယုံကြည်တာကြောင့် မိတ်ကပ်သင်စ ရွှေမြန်မာမလေးများ အများစု မှားလေ့ မှားထ ရှိတတ်ကြတဲ့ မိတ်ကပ်အမှား (၅) မျိုးကို ကို သတိပြု တိုးတက်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁) မိတ်ကပ်အရောင် မှားလိမ်းခြင်း
ကိုယ့်အသားအရောင်ထက်ပို နက်သော (သို့) ကိုယ့်အသားအရောင်ထက်ပိုဖြူေ
၂) ခြောက်သွေ့သောအသား ပေါ်မိတ်ကပ်လိမ်းခြင်း
ခြောက်သွေ့ အသားပတ်နေသော (သို့) အဖတ်လိုက် အရေခွံကွာနေသော အသားရေပေါ်သို့ မိတ်ကပ်လိမ်းခြင်းဟာ အင်မတန် ကြည့်ရဆိုးသာ လွဲမှားမှုတစ်ခုဖြစ်ပါတယ်။ ဒါဆို ခြောက်သွေ့သော အသားအရေပေါ်ကို ဘယ်လိုမိတ်ကပ်လိမ်းကြမလဲ။ အရင်ဆုံး မိတ်ကပ်မလိမ်းခင် အသားအရေကို သေချာပြင်ဆင်ဖို့ လိုပါတယ်။ အသားပတ်နေသော အသားအရေအတွက် moiturizer ခံပြီး အဖတ်ဖတ် ထနေသော အရေခွံများ ကွာကျသည်အထိ စောင့်ခြင်း ၊ အသားမပတ်သော်လည်း အလွန်ခြောက်နေသော အသားအရေအတွက် moiturizer နှင့် primer အစိုခံပြီးမှသာ မိတ်ကပ်အရည်ကိုလိမ်းသင့်ပါတ
၃) Contouring အလုပ်များခြင်း
အလှဓာတ်ပုံတွေထဲမှာ ပါးရိုးထင်ပေါ်ပြီး မျက်နှာကြွလာအောင်၊ ပါးပိန်သွားအောင် အရိပ်ထည့်ရတဲ့ Contouring ကို နေ့စဉ်လိမ်းမိတ်ကပ်မှာ အလွန်အကြွံ လိမ်းခြယ်ခြင်းဟာလည်း ဆိုးရွားတဲ့ လွဲမှားမှုတစ်ခုပါပဲ။ ဓာတ်ပုံထဲမှာ လှပေမယ့် အပြင်မှာတော့ ပိုမလှတဲ့အပြင် ထူးဆန်းနေတတ်ပါတယ်။ နေ့စဉ်လိမ်းမိတ်ကပ်အတွက် Contouring လုပ်ခြင်းထက် ပါးနီဖျော့ဖျော့လေးသာ လိမ်းခြင်းဖြင့် သဘာဝ ကျကျ လှလှပပ နေ့စဉ်လိမ်းမိတ်ကပ် ကို လိမ်းခြယ်ဖို့ တိုက်တွန်းလိုပါတယ်။
၎) lip liner ထင်းထင်း ဆိုးခြင်း
နှုတ်ခမ်းနီအတွင်းသားအရောင် နှင့်ခွဲထွက်ပြီး lip liner ကို သိသိသာသာထင်ထင်ရှားရှားကွပ်
၅) မျက်ခုံးမွှေးအရောင် နှင့် ဆံပင်အရောင် သိသိသာသာ ကွာခြားခြင်း
ဆံပင်အရောင် ဆိုးခြင်း မကင်းသောခေတ်မှာ ကိုယ်ဆိုးထားတဲ့ ဆံပင်အရောင် နှင့် မတူသော မျက်ခုံးမွှေးအရောင်ကို ဆိုးခြင်းဟာလည်း အဆိုးရွားဆုံးမဟုတ်သော်ငြား
ကဲ ဒီမိတ်ကပ်လိမ်း အမှားလေးတွေကို ဂရုတစိုက် ပြုပြင်ရင်းနဲ့ နေ့စဉ်မိတ်ကပ်လိမ်းခြင်း တိုးတက်လာစေရန် ရည်ရွယ်ရင်း
ရွှေBeauty ကို ဖတ်ရှုအားပေးသော ပရိတ်သတ်များ မင်္ဂလာကျက်သရေ အပေါင်းနှင့် ခညောင်းပါစေလို့…
https://www.facebook.com/photo.php?fbid=411551328942704&set=a.351047714993066.7
No comments:
Post a Comment