••••••••••••••••••••
ဒါနစသော မြင့်မြတ်သော ကျေးဇူးဂုဏ်တို့ကို ပြည့်စုံအောင် ပြုလုပ်တတ်သောကြောင့် ဘုရားအလောင်းတော်ကြီးများကိ
ဒါန၊ သီလ၊ နေက္ခမ္မ၊ ပည၊ ၀ီရိယာ။
ခန္တီ၊ သစ္စ၊ ဓီဋ္ဌာန၊ မေတ္တ၊ ဥပေက္ခာ - ဟူသော လင်္ကာဆောင်ပုဒ်အရ -
(၁) ဒါနပါရမီ
(၂) သီလပါရမီ
(၃) နေက္ခမ္မပါရမီ
(၄) ပညာပါရမီ
(၅) ၀ီရိယပါရမီ
(၆) ခန္တီပါရမီ
(၇) သစ္စာပါရမီ
(၈) အဓိဋ္ဌာပါရမီ
(၉) မေတ္တာပါရမီ
(၁၀) ဥပေက္ခာပါရမီ - ဟူ၍ (၁၀)ပါး အပြားရှိသည်။
ဖြည့်ကျင့်လျှင် ပါရမီဆယ်ပါးဖြစ်သည်၊
♦ "ကိုယ်အင်္ဂါ အစိတ်အပိုင်း"ကို စွန့်လွှတ်၍ ဖြည့်ကျင့်လျှင်
ဥပပါရမီဆယ်ပါး ဖြစ်သည်၊
♦
"အသက်"ကိုစွန့်၍ ဖြည့်ကျင့်လျှင်
ပရမတ္ထပါရမီဆယ်ပါးဖြစ်သည်။
ဤသို့ဖြင့် ပါရမီဆယ်ပါး အပြားအားဖြင့် သုံးဆယ်ဖြစ်လေသည်။
"၁ - ဒါနပါရမီ"
-------------------
ပါရမီဆယ်ပါးတို့တွင် ဒါနပါရမီသည် ဦးစွာ ဖြည့်ကျင့်ရမည့် ပါရမီဖြစ်သည်။ ဒါနတရားသည် စိတ်နှလုံးကို နူးညံ့စေတတ်သော တရားဖြစ်၏။ အလှူဒါနပြုလုပ်သောသူသည် ထိုဒါန၏ကျေးဇူးပြုပေးမူကြော င့်
သီလ ဆောက်တည်ရန်၊ သမထဘာဝနာ ပွားများရန်၊ ၀ိပဿနာ ဘာဝနာ ပွားများရန်
စိတ်နှလုံး နူးညံ့ပြီး ဖြစ်လေတော့သည်။ ဒါနမပါဘဲ သံသရာခရီးသွားရလျှင်
သုဂတိဘ၀ကောင်းကို ရရန် ခက်၏။ သုဂတိ ဘ၀ကိုရပြန်လျှင်လည်း
သောဂသမ္ပတ္တိပြည့်စုံဖို့ရန် ခက်ခဲပြန်၏၊ ထိုအခါ ကုသိုလ်တရားကို ရှာဖွေ
ပြုလုပ်ချင်သော်လည်း ရှာဖွေပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
သံသရာခရီးသွားမရပ်စဲသွားသော သူများမှာာ ဒါနတရားကို အထူးအားထုတ်ဖို့ အရေးကြီးလှပေသည်။
သာမန်အလှူရှင်တို့သည် အလှူခံပုဂ္ဂိုလ်ကို အယုတ်၊ အလတ်၊ အမြတ်ရွေးချယ်၍ “ဤကောင်းမူ မြတ်ဒါကြောင့် လူ့ဘ၀၊ နတ်ဘ၀ ရောက်ရှိပြီး လူ့စည်းစိမ်၊ နတ်စည်းစိမ် ခံစား စံစားရပါလို၏” ဟု ၀ဋ္ဋနိဿိတ ဒါနမျိုးကို ပြုတတ်ကြ၏။ ဘုရားအလောင်းတော်ကြီးများမှာမူ အလှူခံကိုလည်း မရွေးချယ်၊ သဗ္ဗညုတဉာဏ်တော် ရဖို့ရန်သာ ရည်ရွယ်ရင်း ရှိတော်မူကြပေသည်။
ဘုရားအလောင်းတော်သည် ဒါနပါရမီကို ဖြည့်ကျင့်ရန် သုမေဓာရသေ့ဘ၀က အဓိဋ္ဌာန်တော်မူခဲ့သည့် အတိုင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဖြစ်လေရာဘ၀တို့၌ ထီးန်းစည်းစိမ် ဥစ္စာပစ္စည်း ရွှေ ငွေစသည့် သက်မဲ့ဝတ္ထုပစ္စည်းများအပြင် ဇနီး မယား သမီး သားနှင့် အင်္ဂါ ခြေလက် အသက်တို့ကိုပါ စွန့်လှူတော်မူခဲ့လေသည်။
"၂ - သီလပါရမီ"
--------------------
သီလပါရမီ၌ သီလသဒ္ဒါသည် ကောင်းသောအကျင့်၊ ကောင်းစွာထားရှိခြင်း၊ ကောင်းစွာ ဆောင်ရွက်ခြင်း ဟူသော အဓိပ္ပာယ်ကို ဟောဆို၏။ သီလစောင့်ထိန်းသူ သန္တာန်၌ ကာယကံမူ ၀စီကံမူတို့သည် အထိန်းမရှိသော ချည်ခင်ပမာ ဖြစ်လိုရာ ဖရိုဖရဲ မဖြစ်ပေါ်တော့ပေ၊ ကုသိုလ်ဟူသမျှသည်လည်း သီလနှင့်ကင်း၍ ကောင်းစွာမဖြစ်နိုင်ပေ၊ သီလရှိသူသန္တာန်မှာသာ ကုသိုလ်တရားတို့ ဖြစ်ပွားနိုင်လေသည်။ သို့ဖြစ်၍ ကာယကံမူ ၀စီကံမူတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့ နူးညံ့အောင် အဆင့်ဆင့်ဖြစ်ပွားအောင် အခြေခံအကြောင်းရင်းအဖြစ်ဖြင့် ကောင်းစွာရွက်ဆောင် တတ်သောကြောင့် လည်းကောင်း သီလ ဟု ခေါ်ဆိုရလေသည်။
ဘုရားအလောင်းတော်သည် သီလပါရမီကို ဖြည့်ကျင့်ရန် သုမေဓာရှင်ရသေ့ဘ၀က အဓိဋ္ဌာန်တော်မူခဲ့သည့်အတိုင်း
လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်ဖြင့်
သီလပါရမီကို ဖြည့်ကျင့်တော်မူခဲ့သည်။ စာမရီသားကောင်သည် မိမိ၏ မြီးဆံကို
အသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့ လည်းကောင်း၊ ယစ်မသည် မိမိ၏ဥကို
အသက်နှင့်လဲ၍ စောင့်ရှောက်သကဲ့သို့ လည်းကောင်း ဘုရားအလောင်းတော်သည်လည်း
မိမိ၏သီလကို အသက်နှင့် လဲ၍ပင် ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၃ - နေက္ခမ္မပါရမီ"
--------------------
နေက္ခမ္မပါရမီ၌ နေက္ခမ္မသဒ္ဒါသည် ထွက်မြောက်ခြင်းဟူသော အနက်ကိုဟော၏။ ထွက်မြောက်ခြင်း ဟူသည် သံသရာမှ ထွက်မြောက်ခြင်း၊ ကာမ (နှစ်သက်ဖွယ်ရာ အာရုံငါးပါ ကာမဂုဏ်တရား) မှ ထွက်မြောက်ခြင်း ဟူ၍ နှစ်ပါးရှိ၏၊ သံသရာမှ ထွက်မြောက်ခြင်းမှာ အကျိုးဖြစ်၍ ကာမမှ ထွက်မြောက်ခြင်းမှာ အကြောင်းဖြစ်သည်။ ကာမမှ ထွက်မြောက်အောင် ဖြည့်ကျင့်နိုင်မှ သံသရာမှ ထွက်မြောက်နိုင်သည်။
ကာမသည် ကိလေသာကာမနှင့် ၀တ္ထုကာမဟူ၍ နှစ်ပါးရှိသည်၊ နှစ်သက်ဖွယ်သော အာရုံကို လိုချင်မက်မောတတ်သော လောဘကိလေသာကို ကိလသာကမ ဟု ခေါ်သည်၊ မက်တောတွယ်တာဖွယ်ရာ အရာဝတ္ထုအစုစုကို ၀တ္ထုကာမ ဟု ခေါ်သည်။ ထိုကာမနှစ်မျိုးမှ ကင်းလွတ်အောင် အားထုတ်ကြိုးပမ်းခြင်းကို နေက္ခမ္မပါရမီ ဟု ခေါ်သည်။
နေက္ခမ္မပါရမီ ဖြည့်ကျင့်ရန်အတွက် အခြေခံအကြောင်းရင်းမှာ တောထွက်၍ ရသေ့ရဟန်း ပြုလုပ်ခြင်းပင် ဖြစ်၏။ ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း နေက္ခမ္မပါရမီကို ဘ၀ပေါင်းများစွာ ဖြည့်ကျင့်ခဲ့လေသည်။
"၄ - ပညာပါရမီ"
------------------
လက်မူ၊ စက်မူ၊ တွေးခေါ်သိမြင်မူ စသော ၀ိဇ္ဇာ သိပ္ပ အတတ်ပညာဟူသမျှကို သိမြင်နိုင်ခြင်း၊ လူတို့၏ ကောင်းကျိုးကို ဆောင်နိုင်သော အတတ်ပညာ အသိပညာ အားလုံးကို တတ်ကျွမ်းနားလည်ခြင်းနှင့် အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်းသ ည် ပညာဖြစ်သည်။
ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း စသည်ဖြင့် ပညာတိုးပွားခြင်းအကြောင်း ခုနှစ်မျိုးရှိသည်။ ထိုခုနှစ်မျိုးတို့မှာ -
(၁) ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း၊
(၂) ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခြင်း၊
(၃) သဒ္ဓါ ၀ီရိယ စသည်တို့ကို ညီမျှ နေစေရခြင်း၊
(၄) ပညာမဲ့သူတို့ကို ရှောင်ရခြင်း၊
(၅) ပညာရှိတို့ကို ပေါင်းသင်းရခြင်း၊
(၆) ခက်ခဲသော သဘောတရားများကို တွေတော စဉ်းစားရခြင်း၊
(၇) လျောင်း ထိုင် ရပ် သွား အမြဲတမ်းအားဖြင့် ပညာပွားရန် ရည်သန်နေရခြင်း တို့-ဖြစ်ကြသည်။
ဆောင်ပုဒ် ။ ။ “ဖန်ဖန်မေးမူ၊ ၀တ္ထုစင်စေ၊ ဣနြေ္ဒညီမျှ၊ ဗာလကိုကြဉ်၊ ဉာဏ်ရှိယှဉ်မှ၊ ဆင်ခြင်နက်လှ၊ ဓိမုတ္တသည်၊ ဉာဏပွားကြောင်း၊ ခုနှစ်တည်း” (ဆရာတော်ဦးဗုဓ်)
ထိုထိုကိစ္စတို့၌ ပညာတရားသည် ရှေ့ဆောင်ဦးစီးအကြီးအမှူးအြ ဖစ်ဖြင့်
ဖြစ်သောအခါ ၀ီမံသာဓိပတိ ဟူ၍ ခေါ်၏။ ထိုပညာသည် သုတမယပညာ၊ စိန္တာမယပညာ၊
ဘာဝနာမယပညာဟူ၍ ပညာသုံးမျိုးရှိသည်။ ကြားနာရ၍ ဖြစ်ပေါ်လာသော ပညာ၊
ကြံစည်သဖြင့် ဖြစ်ပေါ်လာသော ပညာ၊ ဈာန်ဝင်စားခိုက်၊ ဖိုလ်ဝင်စားခိုက်တို့၌
ဖြစ်ပေါ်လာသော ပညာတို့ဖြစ်ကြသည်။ အလောင်းတော်သည် သုတမယပညာ စိန္တာမယပညာတို့ကို
အရင်းခံထား၍ လောကီဈာန်အဘိညာဏ်နှင့်တကွ သင်္ခါရုပေက္ခာ
ဝိပဿနာဉာဏ်တိုင်အောင်သော လောကီ ဘာဝနာမယ ပညာတို့ကို ရှာမှီးခဲ့လေသည်။
ထိုပညာဖြင့် သတ္တ၀ါတို့၏ ကောင်းကျိုးကို ဆောင်တော်မူခဲ့သည်။
"၅ - ၀ီရိယပါရမီ"
-------------------
ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကျင့်ရာ၌ အရေ၊ အကြော၊ အရိုးမျှသာ ကြွင်းကျန်ပြီး၊ အသားအသွေးတွေအားလုံး ခန်းခြောက်သွားပါစေ၊ ၀ီရိယကို လျှော့ချရိုးမရှိ၊ ဇွဲလုံ့လအပြည့်ဖြင့် ကြိုးစား ဖြည့်ကျင့်တော်မူခဲ့သည်။
ရည်မှန်းချက် ကိစ္စတစ်ရပ် ပြီးမြောက်ရေးအတွက် မည်သည့်အခက်အခဲမျိုးနှင့် ရင်ဆိုင်ရစေကာမူ နောက်မတွန့်၊ အခက်အခဲ အဟန့်အတားများကို ကြိုးစားကျော်ဖြတ်ပြီး ပန်းတိုင်သို့ မရောက်ရောက် အောင် ချီတက်ကြိုးပမ်းမူသည် ၀ီရိယဖြစ်သည်။ ဇွဲလုံ့လ ၀ီရိယကို အလျှော့မပေးဘဲ မနေမနား ကြိုးစားအားထုတ်ခြင်းသည် ၀ီရီယပါရမီ ဖြည့်ကျင့်မူဖြစ်သည်။ ကောင်းမြတ် မှန်ကန်၍ စွဲမြဲပြင်းထန်စွာ အားထုတ်သော ၀ီရိယကို သမ္မာဝါယာမဟု ခေါ်သည်။ ၀ီရိယပါရမီဖြည့်ကျင့်ရာ၌ သမ္မာဝါယာမကိုသာ ဆည်းပူးပွားများ အားထုတ်လျက် ပြည့်ဝအောင် ဖြည့်ကျင့်ရသည်။ မဖြစ်သေးသော ကုသိုလ်အသစ်များ ဖြစ်ရန်၊ ဖြစ်ပြီးသော အကုသိုလ်အဟောင်းများကို ပယ်ရန် အားထုတ်မူ စသော သမ္မပ္ပဓာတ်သည် ၀ီရိယာဓိပတိပင် ဖြစ်သည်။
ဘုရားအလောင်းတော်သည် ၀ီရိယပါရမီတော်ကို ဖြည့်ကျင့်ရာ၌ သားကောင်ဖမ်းသော ခြင်္သေ့မင်းပမာ လုပ်ငန်းကိစ္စကြီးသည် ငယ်သည် သဘောမထား၊ မည်သည့်အခါမျှ ၀ီရိယကို လျှော့လေ့မရှိ။ ဖြစ်လေရာဘ၀တို့၌ တွေ့ကြုံလာသော မိမိသူတပါး အရေးကိစ္စမှန်သမျှတို့ကို မည်သည့် နည်းနှင့်မျှ နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ရွက်ဆောင် အားထုတ်တော်မူခဲ့လေသည်။
"၆ - ခန္တီပါရမီ"
--------------
ခန္တီဟူသည် သည်းခံခွင့်လွှတ်မူ ဖြစ်သည်၊ ချမ်းသာသုခနှင့် ကြုံတွေ့သော်လည်း စိတ်တက်ကြွမူ မရှိ၊ ဒုက္ခနှင့် ရင်ဆိုင်ရသော်လည်း စိတ်မပျက်၊ အမျက်မထန်၊ သည်းခံခြင်း နှလုံးခိုင်ခံ့ခြင်းကို ခန္တီ ဟုခေါ်သည်။ ခန္တီ၏သဘောမှာ အဒေါသဖြစ်သည်။
သည်းခံလိုက်ရသဖြင့် စိတ်ဆိုးမူ၊ ပူပန်မူ၊ အားငယ်မူ မဖြစ်ပေ၊ သည်းခံခြင်းထက် မြင့်မြတ်သော ကျင့်စဉ်မရှိပေ (ခန္တျာ ဘိယျော န ၀ိဇ္ဇတိ)။ သည်းခံခြင်းသည် အမြင့်မြတ်ဆုံးသော အကျင့် (ခန္တီ ပရမံ ကပေါ တိတိက္ခာ) ဖြစ်သည်။ သည်းခံခြင်းသည် အငြိမ်းချမ်းဆုံး သောအောင်မြင်မူကို ပေးစွမ်းနိုင်သည်။ ဤနည်းအားဖြင့် ဘုရားအလောင်းတော်သည် ခန္တီပါရမီကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၇ - သစ္စာပါရမီ"
-------------------
မဟုတ်မမှန်သော စကားကို ပြောဆိုမူမှ ရှောင်ကြဉ်၍ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုခြင်းသည် သစ္စာပါရမီ မည်၏။ သစ္စာ၏ ပဓာန လက္ခဏာမှာ အမှန်အကန် ပြောဆိုမူ ၀စီသစ္စာ (မုသာဝိရမဏ သစ္စာ) ဖြစ်သည်။ သစ္စာပါရမီသည် အခြားပါရမီတို့ထက် ထူးခြားမူရှိ၏။ သစ္စာပါရမီတော်၌ မိမိပြုအပ်သော သစ္စာစကားဖြင့် လိုအပ်သောအရာကို တောင့်တလျှင် ခဏချင်း ပြည့်စုံစေနိုင်သော သတ္တိထူးရှိ၏။
ဘုရားအလောင်းတော်တို့သည် ဖြစ်လေရာရာ ဘ၀တိုင်း သစ္စာပါရမီကို အသက်စွန့်၍ ဖြည့်ကျင့်ကြ၏။ မုသာဝါဒကို လုံးဝ ရှောင်ကြဉ်ကြ၏။ မဟာသုတသောမဇာတ်၌ “မြေပြင်တစ်ဝန်း၌ အလုံးစုံသော အရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံး အရသာဖြစ်ပေ၏” ဟူ၍ ဟောဆိုထားတော်မူ၏။ “ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏” ဟူ၍လည်း ဖွဲ့ဆိုကြ၏။
သစ္စာတရား ထွန်းကားရာခေတ်၌ သစ္စာစကားသည် အလိုရှိရာ ကောင်းကျိုးကို ချက်ချင်းပေးနိုင်၏ မုသာဝါဒစကားသည်လည်း ဆိုးကျိုးကို ချက်ချင်းပင်ပေးနိုင်၏။ မုသာဝါဒထွန်းကားရာ ခေတ်ကာလ၌ သစ္စာစကားတို့လည်း ချက်ခြင်း အစွမ်းမပြနိုင်၊ မုသာဝါဒ အကုသိုလ်တရားတို့လည်း ချက်ချင်း အစွမ်းမပြနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဘုရားအလောင်းတော်ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ဘ၀ပေါင်းများစွာ၌ သစ္စာပါရမီကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၈ - အဓိဋ္ဌာန်ပါရမီ"
---------------------
အဓိဋ္ဌာန်ပါရမီဟူသည် မည်သည့်ကိစ္စ၊ မည်သည့်အခြေအနေ၊ မည်သည့် အနှောက်အယှက် အဟန့်အတား အခက်အခဲနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မိမိရည်ရွယ်အပ်သည့် အလုပ်ကိစ္စကို မရွေ့မရှား မတုန်မလူပ် ကြံ့ကြံ့တည်လျက် ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ အဓိဋ္ဌာန်ပြုရာ၌ ကြံ့ချိုကဲ့သို့ ကျင့်ရသည်။ ကြံ့ချို ဟူသည် တစ်ချောင်းတည်းသာရှိ၏။ နှစ်ချောင်းမရှိ။ အဓိဋ္ဌာန်ဟူသည်လည်း အဓိဋ္ဌာန်သည့်အတိုင်း အတည်သာဖြစ်ရမည်။ နှစ်ခွမရှိရ၊ နှစ်မျိုးမရှိရ၊ အလုပ်ကိစ္စ မပြီးစီးသည် မရှိရ၊ မြဲမဲမြံမြံ သေသေချာချာ ကျင့်ကြံရမည်ဟု ဆိုလိုသည်။
“သစ္စာဓိဋ္ဌာန်ပြုကြပါသည်” ဟု တွဲ၍ သုံးရိုးစဉ်လာရှိနေသော်လည်း
သစ္စာနှင့် အဓိဋ္ဌာန်သည် တခြားစီ ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊
မှန်ကန်ခြင်းသဘောကို အခြေံခံပြုပြီး လိုအပ်သော အရာကိုတောင့်တမြွတ်ဆိုခြင်း သည် သစ္စာမည်၏။ မိမိစိတ်ဆုံးဖြတ် ရည်မှန်းထားသည့်အတိုင်း ပြီးမြောက်အောင် ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခြင်းသည် အဓိဋ္ဌာန်မည်၏။
ဘုရားအလောင်းတော်သည် ဒါနစသော ပါရမီအကျင့်များကို ကျင့်ရာ၌ ကြိုတင်အဓိဋ္ဌာန်ပြုပြီးမှ ထိုအဓိဋ္ဌာန်အချက်အတိုင်း စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ကိစ္စတစ်ခုကို ပြည့်စုံပြီးမြောက်အောင် အားထုတ်လေသည်။
"၉ - မေတ္တာပါရမီ"
--------------------
သူတပါးတို့၏ အကျိုးစီးပွားဖြစ်ထွန်းမူကို လိုလားခြင်းသည် မေတ္တာမည်၏။ လင်ချစ် မယားချစ် (တဏှာပေမ)၊ သားချစ် သမီချစ် (ဂေဿိတပေမ) တို့ကဲ့သို့ တဏှာလောဘပါသော အချစ်မျိုးမဟုတ်။
မေတ္တာတရားသည် စင်ကြယ်မွန်မြတ်သော အဒေါသ သဘောတရားသာဖြစ်၍ ဗြဟ္မ၀ိဟာရဟူသော အမည်ကိုလည်း ရ၏။ ဤတရားကို ပွားများနေလျှင် မြတ်သောနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားအလောင်းတော်သည် မေတ္တာဖြင့် နေခြင်းဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဘ၀ပေါင်းများစွာတို့၌ မေတ္တာပါရမီကို အစွမ်းကုန် ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၁၀ - ဥပေက္ခာပါရမီ"
---------------------
ဥပေက္ခာ ဟူသော စကား၏အဓိပ္ပာယ်မှာ အညီအမျှရူခြင်းဖြစ်သည်။ ဆင်းရဲမူ၊ ချမ်းသာမူနှစ်မျိုးတွင် မည်သည့်ဘက်သို့မျှ တစ်ဘက်သတ်မလိုက်ဘဲ အညီအမျှရူခြင်းဖြစ်သည်။ ဥပေက္ခာပါရမီသည် ချစ်ခြင်း၊ မုန်းခြင်းဟူသည့် အစွန်း နှစ်မျိုးသို့ မကပ်ရောက်ဘဲ ဘက်မလိုက် တည့်မတ်သောစိတ်ဖြင့် ဖြည့်ကျင့်ရသော ပါရမီဖြစ်သည်။
ဘုရားအလောင်းတော်သည် မိမိအပေါ်ရောက်ရှိလာသော ချမ်းသာဆင်းရဲ၊ ချစ်ခြင်း မုန်းခြင်းများကို ချိန်ခွင်လျှာသဖွယ် မစောင်းမငဲ့ အမှန်တည့်တည့်ရပ်တည်ခြင်းဖြ င့် ဥပေက္ခာပါရမီကို ဖြည့်ကျင့်တော်မူ ခဲ့လေသည်။
[ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ - ]
Dhamma Danã Source
►Young Buddhist's Associationပရမတ္ထပါရမီဆယ်ပါးဖြစ်သည်။
ဤသို့ဖြင့် ပါရမီဆယ်ပါး အပြားအားဖြင့် သုံးဆယ်ဖြစ်လေသည်။
"၁ - ဒါနပါရမီ"
-------------------
ပါရမီဆယ်ပါးတို့တွင် ဒါနပါရမီသည် ဦးစွာ ဖြည့်ကျင့်ရမည့် ပါရမီဖြစ်သည်။ ဒါနတရားသည် စိတ်နှလုံးကို နူးညံ့စေတတ်သော တရားဖြစ်၏။ အလှူဒါနပြုလုပ်သောသူသည် ထိုဒါန၏ကျေးဇူးပြုပေးမူကြော
သာမန်အလှူရှင်တို့သည် အလှူခံပုဂ္ဂိုလ်ကို အယုတ်၊ အလတ်၊ အမြတ်ရွေးချယ်၍ “ဤကောင်းမူ မြတ်ဒါကြောင့် လူ့ဘ၀၊ နတ်ဘ၀ ရောက်ရှိပြီး လူ့စည်းစိမ်၊ နတ်စည်းစိမ် ခံစား စံစားရပါလို၏” ဟု ၀ဋ္ဋနိဿိတ ဒါနမျိုးကို ပြုတတ်ကြ၏။ ဘုရားအလောင်းတော်ကြီးများမှ
ဘုရားအလောင်းတော်သည် ဒါနပါရမီကို ဖြည့်ကျင့်ရန် သုမေဓာရသေ့ဘ၀က အဓိဋ္ဌာန်တော်မူခဲ့သည့် အတိုင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဖြစ်လေရာဘ၀တို့၌ ထီးန်းစည်းစိမ် ဥစ္စာပစ္စည်း ရွှေ ငွေစသည့် သက်မဲ့ဝတ္ထုပစ္စည်းများအပြင် ဇနီး မယား သမီး သားနှင့် အင်္ဂါ ခြေလက် အသက်တို့ကိုပါ စွန့်လှူတော်မူခဲ့လေသည်။
"၂ - သီလပါရမီ"
--------------------
သီလပါရမီ၌ သီလသဒ္ဒါသည် ကောင်းသောအကျင့်၊ ကောင်းစွာထားရှိခြင်း၊ ကောင်းစွာ ဆောင်ရွက်ခြင်း ဟူသော အဓိပ္ပာယ်ကို ဟောဆို၏။ သီလစောင့်ထိန်းသူ သန္တာန်၌ ကာယကံမူ ၀စီကံမူတို့သည် အထိန်းမရှိသော ချည်ခင်ပမာ ဖြစ်လိုရာ ဖရိုဖရဲ မဖြစ်ပေါ်တော့ပေ၊ ကုသိုလ်ဟူသမျှသည်လည်း သီလနှင့်ကင်း၍ ကောင်းစွာမဖြစ်နိုင်ပေ၊ သီလရှိသူသန္တာန်မှာသာ ကုသိုလ်တရားတို့ ဖြစ်ပွားနိုင်လေသည်။ သို့ဖြစ်၍ ကာယကံမူ ၀စီကံမူတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့ နူးညံ့အောင် အဆင့်ဆင့်ဖြစ်ပွားအောင် အခြေခံအကြောင်းရင်းအဖြစ်ဖြင
ဘုရားအလောင်းတော်သည် သီလပါရမီကို ဖြည့်ကျင့်ရန် သုမေဓာရှင်ရသေ့ဘ၀က အဓိဋ္ဌာန်တော်မူခဲ့သည့်အတိုင
"၃ - နေက္ခမ္မပါရမီ"
--------------------
နေက္ခမ္မပါရမီ၌ နေက္ခမ္မသဒ္ဒါသည် ထွက်မြောက်ခြင်းဟူသော အနက်ကိုဟော၏။ ထွက်မြောက်ခြင်း ဟူသည် သံသရာမှ ထွက်မြောက်ခြင်း၊ ကာမ (နှစ်သက်ဖွယ်ရာ အာရုံငါးပါ ကာမဂုဏ်တရား) မှ ထွက်မြောက်ခြင်း ဟူ၍ နှစ်ပါးရှိ၏၊ သံသရာမှ ထွက်မြောက်ခြင်းမှာ အကျိုးဖြစ်၍ ကာမမှ ထွက်မြောက်ခြင်းမှာ အကြောင်းဖြစ်သည်။ ကာမမှ ထွက်မြောက်အောင် ဖြည့်ကျင့်နိုင်မှ သံသရာမှ ထွက်မြောက်နိုင်သည်။
ကာမသည် ကိလေသာကာမနှင့် ၀တ္ထုကာမဟူ၍ နှစ်ပါးရှိသည်၊ နှစ်သက်ဖွယ်သော အာရုံကို လိုချင်မက်မောတတ်သော လောဘကိလေသာကို ကိလသာကမ ဟု ခေါ်သည်၊ မက်တောတွယ်တာဖွယ်ရာ အရာဝတ္ထုအစုစုကို ၀တ္ထုကာမ ဟု ခေါ်သည်။ ထိုကာမနှစ်မျိုးမှ ကင်းလွတ်အောင် အားထုတ်ကြိုးပမ်းခြင်းကို နေက္ခမ္မပါရမီ ဟု ခေါ်သည်။
နေက္ခမ္မပါရမီ ဖြည့်ကျင့်ရန်အတွက် အခြေခံအကြောင်းရင်းမှာ တောထွက်၍ ရသေ့ရဟန်း ပြုလုပ်ခြင်းပင် ဖြစ်၏။ ဘုရားအလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း နေက္ခမ္မပါရမီကို ဘ၀ပေါင်းများစွာ ဖြည့်ကျင့်ခဲ့လေသည်။
"၄ - ပညာပါရမီ"
------------------
လက်မူ၊ စက်မူ၊ တွေးခေါ်သိမြင်မူ စသော ၀ိဇ္ဇာ သိပ္ပ အတတ်ပညာဟူသမျှကို သိမြင်နိုင်ခြင်း၊ လူတို့၏ ကောင်းကျိုးကို ဆောင်နိုင်သော အတတ်ပညာ အသိပညာ အားလုံးကို တတ်ကျွမ်းနားလည်ခြင်းနှင့် အကြောင်းအကျိုးကို ဆက်စပ်မြော်မြင်နိုင်ခြင်းသ
ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း စသည်ဖြင့် ပညာတိုးပွားခြင်းအကြောင်း ခုနှစ်မျိုးရှိသည်။ ထိုခုနှစ်မျိုးတို့မှာ -
(၁) ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း၊
(၂) ကိုယ်တွင်း ကိုယ်ပ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ခြင်း၊
(၃) သဒ္ဓါ ၀ီရိယ စသည်တို့ကို ညီမျှ နေစေရခြင်း၊
(၄) ပညာမဲ့သူတို့ကို ရှောင်ရခြင်း၊
(၅) ပညာရှိတို့ကို ပေါင်းသင်းရခြင်း၊
(၆) ခက်ခဲသော သဘောတရားများကို တွေတော စဉ်းစားရခြင်း၊
(၇) လျောင်း ထိုင် ရပ် သွား အမြဲတမ်းအားဖြင့် ပညာပွားရန် ရည်သန်နေရခြင်း တို့-ဖြစ်ကြသည်။
ဆောင်ပုဒ် ။ ။ “ဖန်ဖန်မေးမူ၊ ၀တ္ထုစင်စေ၊ ဣနြေ္ဒညီမျှ၊ ဗာလကိုကြဉ်၊ ဉာဏ်ရှိယှဉ်မှ၊ ဆင်ခြင်နက်လှ၊ ဓိမုတ္တသည်၊ ဉာဏပွားကြောင်း၊ ခုနှစ်တည်း” (ဆရာတော်ဦးဗုဓ်)
ထိုထိုကိစ္စတို့၌ ပညာတရားသည် ရှေ့ဆောင်ဦးစီးအကြီးအမှူးအြ
"၅ - ၀ီရိယပါရမီ"
-------------------
ဘုရားအလောင်းတော်သည် ပါရမီဖြည့်ကျင့်ရာ၌ အရေ၊ အကြော၊ အရိုးမျှသာ ကြွင်းကျန်ပြီး၊ အသားအသွေးတွေအားလုံး ခန်းခြောက်သွားပါစေ၊ ၀ီရိယကို လျှော့ချရိုးမရှိ၊ ဇွဲလုံ့လအပြည့်ဖြင့် ကြိုးစား ဖြည့်ကျင့်တော်မူခဲ့သည်။
ရည်မှန်းချက် ကိစ္စတစ်ရပ် ပြီးမြောက်ရေးအတွက် မည်သည့်အခက်အခဲမျိုးနှင့် ရင်ဆိုင်ရစေကာမူ နောက်မတွန့်၊ အခက်အခဲ အဟန့်အတားများကို ကြိုးစားကျော်ဖြတ်ပြီး ပန်းတိုင်သို့ မရောက်ရောက် အောင် ချီတက်ကြိုးပမ်းမူသည် ၀ီရိယဖြစ်သည်။ ဇွဲလုံ့လ ၀ီရိယကို အလျှော့မပေးဘဲ မနေမနား ကြိုးစားအားထုတ်ခြင်းသည် ၀ီရီယပါရမီ ဖြည့်ကျင့်မူဖြစ်သည်။ ကောင်းမြတ် မှန်ကန်၍ စွဲမြဲပြင်းထန်စွာ အားထုတ်သော ၀ီရိယကို သမ္မာဝါယာမဟု ခေါ်သည်။ ၀ီရိယပါရမီဖြည့်ကျင့်ရာ၌ သမ္မာဝါယာမကိုသာ ဆည်းပူးပွားများ အားထုတ်လျက် ပြည့်ဝအောင် ဖြည့်ကျင့်ရသည်။ မဖြစ်သေးသော ကုသိုလ်အသစ်များ ဖြစ်ရန်၊ ဖြစ်ပြီးသော အကုသိုလ်အဟောင်းများကို ပယ်ရန် အားထုတ်မူ စသော သမ္မပ္ပဓာတ်သည် ၀ီရိယာဓိပတိပင် ဖြစ်သည်။
ဘုရားအလောင်းတော်သည် ၀ီရိယပါရမီတော်ကို ဖြည့်ကျင့်ရာ၌ သားကောင်ဖမ်းသော ခြင်္သေ့မင်းပမာ လုပ်ငန်းကိစ္စကြီးသည် ငယ်သည် သဘောမထား၊ မည်သည့်အခါမျှ ၀ီရိယကို လျှော့လေ့မရှိ။ ဖြစ်လေရာဘ၀တို့၌ တွေ့ကြုံလာသော မိမိသူတပါး အရေးကိစ္စမှန်သမျှတို့ကို မည်သည့် နည်းနှင့်မျှ နောက်မဆုတ်ဘဲ ရဲရဲဝံ့ဝံ့ ရွက်ဆောင် အားထုတ်တော်မူခဲ့လေသည်။
"၆ - ခန္တီပါရမီ"
--------------
ခန္တီဟူသည် သည်းခံခွင့်လွှတ်မူ ဖြစ်သည်၊ ချမ်းသာသုခနှင့် ကြုံတွေ့သော်လည်း စိတ်တက်ကြွမူ မရှိ၊ ဒုက္ခနှင့် ရင်ဆိုင်ရသော်လည်း စိတ်မပျက်၊ အမျက်မထန်၊ သည်းခံခြင်း နှလုံးခိုင်ခံ့ခြင်းကို ခန္တီ ဟုခေါ်သည်။ ခန္တီ၏သဘောမှာ အဒေါသဖြစ်သည်။
သည်းခံလိုက်ရသဖြင့် စိတ်ဆိုးမူ၊ ပူပန်မူ၊ အားငယ်မူ မဖြစ်ပေ၊ သည်းခံခြင်းထက် မြင့်မြတ်သော ကျင့်စဉ်မရှိပေ (ခန္တျာ ဘိယျော န ၀ိဇ္ဇတိ)။ သည်းခံခြင်းသည် အမြင့်မြတ်ဆုံးသော အကျင့် (ခန္တီ ပရမံ ကပေါ တိတိက္ခာ) ဖြစ်သည်။ သည်းခံခြင်းသည် အငြိမ်းချမ်းဆုံး သောအောင်မြင်မူကို ပေးစွမ်းနိုင်သည်။ ဤနည်းအားဖြင့် ဘုရားအလောင်းတော်သည် ခန္တီပါရမီကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၇ - သစ္စာပါရမီ"
-------------------
မဟုတ်မမှန်သော စကားကို ပြောဆိုမူမှ ရှောင်ကြဉ်၍ မှန်ကန်ဖြောင့်မတ်စွာ ပြောဆိုခြင်းသည် သစ္စာပါရမီ မည်၏။ သစ္စာ၏ ပဓာန လက္ခဏာမှာ အမှန်အကန် ပြောဆိုမူ ၀စီသစ္စာ (မုသာဝိရမဏ သစ္စာ) ဖြစ်သည်။ သစ္စာပါရမီသည် အခြားပါရမီတို့ထက် ထူးခြားမူရှိ၏။ သစ္စာပါရမီတော်၌ မိမိပြုအပ်သော သစ္စာစကားဖြင့် လိုအပ်သောအရာကို တောင့်တလျှင် ခဏချင်း ပြည့်စုံစေနိုင်သော သတ္တိထူးရှိ၏။
ဘုရားအလောင်းတော်တို့သည် ဖြစ်လေရာရာ ဘ၀တိုင်း သစ္စာပါရမီကို အသက်စွန့်၍ ဖြည့်ကျင့်ကြ၏။ မုသာဝါဒကို လုံးဝ ရှောင်ကြဉ်ကြ၏။ မဟာသုတသောမဇာတ်၌ “မြေပြင်တစ်ဝန်း၌ အလုံးစုံသော အရသာမျိုးတို့ ရှိကြရာ ထိုအရသာတို့တွင် သစ္စာသည်သာလျှင် အချိုမြိန်ဆုံး အရသာဖြစ်ပေ၏” ဟူ၍ ဟောဆိုထားတော်မူ၏။ “ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏” ဟူ၍လည်း ဖွဲ့ဆိုကြ၏။
သစ္စာတရား ထွန်းကားရာခေတ်၌ သစ္စာစကားသည် အလိုရှိရာ ကောင်းကျိုးကို ချက်ချင်းပေးနိုင်၏ မုသာဝါဒစကားသည်လည်း ဆိုးကျိုးကို ချက်ချင်းပင်ပေးနိုင်၏။ မုသာဝါဒထွန်းကားရာ ခေတ်ကာလ၌ သစ္စာစကားတို့လည်း ချက်ခြင်း အစွမ်းမပြနိုင်၊ မုသာဝါဒ အကုသိုလ်တရားတို့လည်း ချက်ချင်း အစွမ်းမပြနိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဘုရားအလောင်းတော်ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလအတွင်း ဘ၀ပေါင်းများစွာ၌ သစ္စာပါရမီကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၈ - အဓိဋ္ဌာန်ပါရမီ"
---------------------
အဓိဋ္ဌာန်ပါရမီဟူသည် မည်သည့်ကိစ္စ၊ မည်သည့်အခြေအနေ၊ မည်သည့် အနှောက်အယှက် အဟန့်အတား အခက်အခဲနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မိမိရည်ရွယ်အပ်သည့် အလုပ်ကိစ္စကို မရွေ့မရှား မတုန်မလူပ် ကြံ့ကြံ့တည်လျက် ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြစ်သည်။ အဓိဋ္ဌာန်ပြုရာ၌ ကြံ့ချိုကဲ့သို့ ကျင့်ရသည်။ ကြံ့ချို ဟူသည် တစ်ချောင်းတည်းသာရှိ၏။ နှစ်ချောင်းမရှိ။ အဓိဋ္ဌာန်ဟူသည်လည်း အဓိဋ္ဌာန်သည့်အတိုင်း အတည်သာဖြစ်ရမည်။ နှစ်ခွမရှိရ၊ နှစ်မျိုးမရှိရ၊ အလုပ်ကိစ္စ မပြီးစီးသည် မရှိရ၊ မြဲမဲမြံမြံ သေသေချာချာ ကျင့်ကြံရမည်ဟု ဆိုလိုသည်။
“သစ္စာဓိဋ္ဌာန်ပြုကြပါသည်” ဟု တွဲ၍ သုံးရိုးစဉ်လာရှိနေသော်လည်း
ဘုရားအလောင်းတော်သည် ဒါနစသော ပါရမီအကျင့်များကို ကျင့်ရာ၌ ကြိုတင်အဓိဋ္ဌာန်ပြုပြီးမှ ထိုအဓိဋ္ဌာန်အချက်အတိုင်း စိတ်ဆုံးဖြတ်ထားသည့်အတိုင်း
"၉ - မေတ္တာပါရမီ"
--------------------
သူတပါးတို့၏ အကျိုးစီးပွားဖြစ်ထွန်းမူက
မေတ္တာတရားသည် စင်ကြယ်မွန်မြတ်သော အဒေါသ သဘောတရားသာဖြစ်၍ ဗြဟ္မ၀ိဟာရဟူသော အမည်ကိုလည်း ရ၏။ ဤတရားကို ပွားများနေလျှင် မြတ်သောနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားအလောင်းတော်သည် မေတ္တာဖြင့် နေခြင်းဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလအတွင်း ဘ၀ပေါင်းများစွာတို့၌ မေတ္တာပါရမီကို အစွမ်းကုန် ဖြည့်ကျင့်တော်မူခဲ့လေသည်။
"၁၀ - ဥပေက္ခာပါရမီ"
---------------------
ဥပေက္ခာ ဟူသော စကား၏အဓိပ္ပာယ်မှာ အညီအမျှရူခြင်းဖြစ်သည်။ ဆင်းရဲမူ၊ ချမ်းသာမူနှစ်မျိုးတွင် မည်သည့်ဘက်သို့မျှ တစ်ဘက်သတ်မလိုက်ဘဲ အညီအမျှရူခြင်းဖြစ်သည်။ ဥပေက္ခာပါရမီသည် ချစ်ခြင်း၊ မုန်းခြင်းဟူသည့် အစွန်း နှစ်မျိုးသို့ မကပ်ရောက်ဘဲ ဘက်မလိုက် တည့်မတ်သောစိတ်ဖြင့် ဖြည့်ကျင့်ရသော ပါရမီဖြစ်သည်။
ဘုရားအလောင်းတော်သည် မိမိအပေါ်ရောက်ရှိလာသော ချမ်းသာဆင်းရဲ၊ ချစ်ခြင်း မုန်းခြင်းများကို ချိန်ခွင်လျှာသဖွယ် မစောင်းမငဲ့ အမှန်တည့်တည့်ရပ်တည်ခြင်းဖြ
[ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ - ]
Dhamma Danã Source
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment