တစ်ခါတော့ ဘုရားရှင်ဟာ ရက်ကန်းသည်များရှိတဲ့ ရွာတစ်ရွာကို ဆွမ်းခံကြွပါတယ်။ အံ့သြစရာကောင်းတာက တစ်ရွာလုံးသာနှံ့သွားတယ်။ ဘုရားရှင်ကို ဆွမ်းလောင်းသူတစ်ယောက်မှ မရှိတာပါဘဲ။ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ရွာကအထွက်ကျမှ သိရပါတယ်။ ရွာကအထွက်မှာ မာရ်နတ်ကြီးက ဘုရားရှင်ကို သရော်လှောင်ပြောင်ပါတယ်။
ဒီရွာသားတွေရဲ့စိတ်ကို ငါလှည့်စားထားလိုက်တာ သင် ယနေ့ ဆွမ်းမစားရတော့ဘူး မဟုတ်လားတဲ့၊ မာရ်နတ်ရဲ့လက်ချက်ပါ။ ဒီနေရာမှာ အဋ္ဌကထာဆရာက စောဒကတက်ပြပါတယ်။ သဗ္ဗညုတဉာဏ်ဟာ အလုံးစုံ သိတယ်ဆိုပြီး ဒီရွာ ဆွမ်းခံကြွရင် မာရ်နတ်လှည့်စားလို့ ငါဆွမ်းရမှာ မဟုတ်ဘူးဆိုတာ ဘုရားရှင်က မသိဘူးလားတဲ့ - အဖြေက မသိဘူးတဲ့။
ဘာဖြစ်လို့မသိလဲဆိုတော့ မဆင်ခြင်လို့မသိတာပါတဲ့၊ သဗ္ဗညုတဉာဏ်ဆိုသော်လည်း အမြဲတမ်းအလိုလိုသိနေတာ မဟုတ်ပါဘူး။ ဆင်ခြင်တဲ့အချိန်မှသိတာပါတဲ
တရားဟော၊ တရားပြတဲ့ နေရာမှာ အသုံးချဖို့ပါ။ ၀ရဇိန်လက်နက်ကို မုဆိုးလိုက်ဖို့ အသုံးမချသလိုပါပဲ။ ၀ရဇိန်လက်နက်ဆိုတာ တစ်လောကလုံးကို သိမ်းပိုက်ဖို့ အသုံးချသင့်တာ မဟုတ်လား။ ဒီသဘောအတိုင်းပါပဲ။ သဗ္ဗညုတဉာဏ်တော်ကြီးဟာ ဝေနေယျတွေ တရားရဖို့အတွက်သာ အသုံးချသင့်တာပါ။ ဒါကို ဘုရားရှင်က သိပြီးသားပါ။
ဝိပဿနာပညာ၊ မဂ်ပညာထက် ခက်ခဲတဲ့ပညာ လောကမှာ မရှိပါဘူး။ ခက်ခဲတဲ့ အသက်မွေးဝမ်းကျောင်းပညာကို ဒွိဟိတ်ပုဂ္ဂိုလ်ရော၊ တိဟိတ်ပုဂ္ဂိုလ်ရော နှစ်ဦးလုံးတက်မြောက်နိုင်ပ
တောင်ပေါင်းတစ်ရာရှိတယ်။ ထား - အမြင့်ဆုံးတောင်ပေါ်ရောက်သွာ
အင်္ဂုတ္တိုရ်ပါဠိတော်မှာ နွားကျောင်းသားကျင့်စဉ်၊ ဈေးသည်ကျင့်စဉ် အကုန်ဟောထားတယ်။ အကြောင်းမဲ့ဟောတာ မဟုတ်ဘူး။ နွားကျောင်းသားကို တရားဟောတဲ့အခါ သူ့အသုံးအနူန်းကိုယူပြီး ဟောဖို့ပါ။ ဈေးသည်ကို တရားပြတဲ့အခါ ဈေးသည်တွေနားလည်တဲ့ ဝေါဟာရနဲ့ တရားပြဖို့ပါ။ ဘုရားရှင်လို ပုဂ္ဂိုလ်ကို ပြောမနေပါနဲ့။ တောင်တွင်းကြီးက မကာရလောပ အကျော်ခင်ကြီးဖျော်ကိုပဲကြည
မ, တစ်လုံးကျေတယ်၊ မသိတာ မတတ်တာမရှိဘူး။ ဘုရင်က မယုံနိုင်ဘူးဖြစ်နေတယ်။ ငါ့ရှင်က ဘုရားကို တရားနဲ့ပတ်သက်တာ လောက်ပဲသိတယ်။ ကျန်တာတွေ မသိနိုင်ဘူးလို့ထင်တာမျိုးေ
တကယ်ကစားတဲ့အခါ ပထမတစ်ပွဲပဲ ဆရာတော်ရူံးတယ်။ ရူံးမှာပေါ့။ စစ်တုရင်ကို ခုမှမြင်ဖူးတာကို။ ဒါပေမယ့် နောက်ပွဲကစပြီး ချန်ပီယံကြီး ရူံးလိုက်တာ တစ်နေကုန်ပဲ။ နောက်ဆုံး ဆရာတော်ကို ဘယ်လိုမှနိုင်အောင် မကစားနိုင်တော့ပါဘူး။ ဆရာတော်ရဲ့ စစ်တုရင် ထိုးနည်းကို ကျမ်းစာအုပ်ရေးပေးပါလို့ တောင်းပန်လို့ စစ်တုရင်ထိုးနည်း လင်္ကာရှည်ကြီး ရေးပေးခဲ့ရတယ်။
နောက်တစ်ခါ ဘုန်းကြီးဆိုတော့ ဆိုင်းမတီးတတ်လောက်ပါဘူးလို
တစ်ခါကဆိုရင် ကွန်ပစ်တဲ့ တံငါသည်တစ်ယောက်ဟာ ပစ်လိုက်တိုင်း ငါးမပါတဲ့အတွက် စိတ်ပျက်ပြီး ကမ်းကိုပြန်လာတယ်။ ဒါကို လမ်းလျှောက်သွားရင်း မြင်သွားတဲ့ဆရာတော်က လှေပေါ်ကိုတက်လိုက်သွားတယ်။ ငါးအခြေအနေကိုကြည့်တယ်။ ပြီးတော့ တစ်ခါမှ ကွန်မပစ်ဖူးတဲ့လူကို လှေပေါ်မှာတင် ပစ်ပုံပစ်နည်းသင်ပြတယ်။ ပြီးတော့ ပစ်ခိုင်းတယ်။ ပစ်ပြီးဆွဲတင်တဲ့အခါ ငါးတွေ ပိုက်ကွန်နဲ့ အပြည့်နီးပါး ပါလာတာကို တွေ့ကြရတယ်။ မျက်မြင်သက်သေတွကိုပြီးမှ ငါးတွေကို ပြန်လွှတ်လိုက်တယ်။
တစ်ခါကဖြစ်ရပ်ကတော့ ပိုတောင်အံ့သြစရာကောင်းတယ်။
ထင်းသည်ယောက်ျားက ဒီအကြောင်းကို ပညာရှိအမည်ခံလူတွေကို အကုန်နီးပါးလိုက်မေးတယ်။ ဘယ်သူမှ ကျေနပ်အောင်ပြန်မဖြေကြဘူး။ နောက်ဆုံးတော့ ခင်ကြီးဖျော်ဆီရောက်လာတာပေါ
အ - အမ္ဗရုက္ခမူလေ - သရက်ပင်ရင်း၌
သု - သုဝဏ္ဏဃဋံ - ရွှေအိုးကို
ခံ - ခနတိ = တူးပါလေ
“အိမ်ဝိုင်းထဲက သရက်ပင်ရင်းမှာတူး - ရွှေအိုးကိုရမယ်ပေါ့။ အဲဒီအဖြေကို ကြားရတဲ့အခါ ထင်းသည်ယောက်ျားက စိတ်ပျက်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ့အိမ်ဝိုင်းထဲမှာ သရက်ပင်မရှိတာ သူသိနေတာကိုး။ ဒီတစ်ခါတော့ ခင်ကြီးဖျော် မှားပြီလို့လည်း စိတ်ထဲက ပြောနေမိတယ်။ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာလိုက်တာ၊ အိမ်ရောက်တာနဲ့ မထင်မှတ်တဲ့နေရာမှာ သရက်ပင်ပေါက်တစ်ပင်ကို တွေ့လိုက်ရတယ်။
မနေ့ညက သူတို့အိမ်ဝိုင်းထဲ ပုံထားတဲ့ ထင်းပုံကြီးဟာ ၀ယ်သူမရှိသေးလို့ ကြာနေတာပေါ့။ ကနေ့ နေ့ခင်းမှ ၀ယ်သူပေါ်လာလို့ အိမ်ကမိန်းမက သူလာအောင် မစောင့်ဘဲရောင်းပစ်လိုက်တာ။
“လောကီပညာထဲမှာ အဂ္ဂိရတ်ပညာဟာ ခက်ခဲဆုံးထဲမှာပါတယ်။ လူတစ်ထောင် ဖိုထိုးရာမှာ တစ်ယောက်အောင်မြင်ခဲ့တယ်။ မန်လည်ဆရာတော်ဟာ ခေတ္တလေ့လာရုံနဲ့ နားလည်တတ်ကျွမ်းသွားပြီး ဒကာတစ်ယောက်ကို သူ့ရှေ့ထားပြီး ဖိုထိုးခိုင်းလိုက်တာ ဓာတ်လုံးအောင်မြင်သွားတယ်။ အဲဒီဓာတ်လုံးနဲ့ ဆက်ထိုးတဲ့ကြေးတွေ ရွှေဖြစ်တာ လက်တွေ့မြင်ကြရတယ်။
အားလုံးမြင်အောင် ပြပြီးတာနဲ့ ဆရာတော်ကြီးဟာ ဓာတ်လုံးကို မြစ်လည်းခေါင်းမှာ ပစ်ချပစ်လိုက်တယ်။ လောကုတ္တရာပညာနဲ့စာရင် လောကီပညာဟာ ဘာမှ မဟုတ်သေးဘူးဆိုတာ ဒကာတွေသိအောင် လက်တွေ့ပြတာပါ။ ငါ့ရှင်ကို သိစေချင်တာက ခင်ကြီးဖျော်တို့ မန်လည်ဆရာတော်တို့ဆိုတာ ရဟန္တာလည်းမဟုတ်ပါဘူး။ အဘိဉာဏ်ရ လောက်အောင် သမာဓိလည်းမရှိပါဘူး။ ပိဋကတ်မှာ ကျက်စားနိုင်တဲ့ ခဏိက သမာဓိအစွမ်းလောက်သာ ရှိတာပါ။
ဒီလို ဆရာတော်များတောင် လောကီပညာတွေကို ခဏလေ့လာရုံနဲ့ တစ်ဖက်ကမ်းခတ်အောင် တက်မြောက်ကျွမ်းကျင်သေးရင် ကိလေသာလည်းကုန်၊ အရဟတ္တမဂ်ကိုလည်းရ၊ သဗ္ဗညုတဉာဏ်ကိုလည်း ပိုင်ဆိုင်တဲ့ ဘုရားရှင်အတွက် ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ ကလေးကစားစရာ အဆင့်လောက်ပဲ ရှိပါတယ်။
ငါ့ရှင်တောင် မစိုးရိမ်တိုက်သစ်မှာနေစဉ်က
ဘာဖြစ်လို့လည်းဆိုတော့ လူတွေအမြဲ မျက်စိယဉ်၊ နားယဉ်နေတဲ့ ကားတစ်စီးက အစိတ်အပိုင်းတွေကို ဥပမာပေးပြီး ဟောသွားတာကို။ လီဗာတို့၊ ဘရိတ်တို့၊ ကားတို့ဆိုတာ နာမည်တပ်ထားတဲ့ ပညတ်တွေပဲ။ ဒီပညတ်တွေကို ငါ့ရှင်က တရားအဖြစ် အသုံးချပြခဲ့တာပဲ။ ဒီလို အသုံးချပြနိုင်တာဟာ ငါ့ရှင်ကိုယ်တိုင် ဒီဘရိတ်တို့၊ လီဗာတို့ဆိုတဲ့ ပညတ်နာမည်တွေကို နားလည်တတ်ကျွမ်းနေလို့ပေါ့။
မေတ္တာရှင်(ရွှေပြည်သာ) “ကျွန်ုပ်ဘ၀မှ ဆောင်စရာနှင့် ရှောင်စရာများ” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထာ
ဒီနေရာမှ ကူးယူမျှဝေပါသည်။
No comments:
Post a Comment