ကျွန်တော့်ကိုလူအတော်များများကမေးတတ်ကြတဲ့ကာယဗလမေးခွန်းလေးများကိုဗဟုသု
တရစေရန်စုဆောင်းတင်ပြပေးလိုက်ပါတယ်။
မေး---1။ ။ကိုနိုင်ဦးရေမြန်မာနိုင်ငံမှာလက်ရှိအအောင်မြင်ဆုံးဖြစ်နေတဲ့ကာယဗ
လချန်ပီယံကြီးတစ်ယောက်ကသူ့ ပေါင်လေ့ကျင့်နည်းများအကြောင်း
ပြောနေရင်းနဲ့ ကျွန်တော်တို့ ကိုမင်းတို့ ပေါင်ကြီးချင်ယင်အောက်ပိုင်း
ထိုင်ပြီးနောက်နေ့ မှာဖြစ်နိုင်ရင်လမ်းလုံးဝမလျောက်နဲ့ ။အဲဒါမှပေါင်ကြီးမှာလို့ ပြောတယ်။အဲဒါ
ဟုတ်ပါသလား။ကျွန်တော့်ကအထည်လိပ်ဖြန့် ဖြူ့းတဲ့နေရာက၀န်ထမ်းတစ်ယောက်ပါ။တစ်နေ
ကုန်ပြေးလွားလှုပ်ရှားနေရသူပါ။ဒါဆိုရင်ကျွန်တော်အောက်ပိုင်းထိုင်ပြီးနောက်နေ့ အလုပ်နားရ
မလိုဖြစ်နေပါပြီ။ဖြေပေးပါဦး။
ဖြေ။ ။ပထမဦးဆုံးပြောချင်တာကကာယဗလဆိုတာကအခြားသောအားကစား
တွေလိုသာမန်အားကစားမျိုးမဟုတ်ပါဘူး။လူနေထိုင်မှု့ ဘ၀ပုံစံနှင့်ကိုက်ညီသော life-style
အားကစားနည်းပါ။လူတိုင်းကအိပ်လိုက်ကစားလိုက်နေကြရသူတွေမဟုတ်ပါဘူး။အားလုံးကကိုယ့်ဘဝ
ကိုယ်ကျောင်းနေကြရတာပါ။မောင်အိုလံပီယာရှစ်ထပ်ကွမ်းရွန်နီကိုလ်းမင်းဟာသ
တင်းစာပို့ လိုက်၊ပီဇာပို့  လိုက်နဲ့ ဘ၀ကိုရုန်းကန်ပြီးချန်ပီယံဖြစ်လာတာပါ။
ခင်ဗျားရဲ့ မေးခွန်းကို
ဖြေရရင်တော့ အောက်ပိုင်းထိုင်ပြီးနောက်နေ့ မှာလမ်းသိပ်မလျောက်ရင်ပေါင်ကြီးမယ်ဆိုတဲ့အ
ယူအဆကလုံးဝမှားပါတယ်။ကမ္ဘာ့ပေါင်အကောင်းဆုံးသောကာယဗလချန်ပီယံတွမ်ပလက်ဇ်
ကအောက်ပိုင်းထိုင်ပြီးတိုင်းမှာမိုင်-20-ကိုကာဒီရိုအနေနှင့်ပြေးလေ့ရှိကြောင်းကိုအာနိုးရေး
သောစာအုပ်ထဲတွင်အထောက်အထားနှင့်တကွတွေ့ နိုင်ပါတယ်။ကာယဗလမှာအဓိကအရေး
ပါတဲ့အာဟာရရယ်အနားယူတာရယ်ကိုစနစ်တကျပြင်းပြင်းထန်ထန်လေ့ကျင့်ခြင်းနှင့်ပေါင်းစပ်
လိုက်ရင်မတိုးတက်နိုင်တဲ့လူရယ်လို့ မရှိပါဘူး။ဒါကြောင့်ယုံတမ်းစကားတွေကိုဘယ်မောင်မြန်
မာချန်ပီယံမကလို့ ဘယ်သူပဲပြောပြောလုံးဝနားထောင်စရာမလိုပါဘူး။ပုံမှန်ကြိုးစားသွားပါလို့ 
တိုက်တွန်းချင်ပါတယ်။ထပ်ပြီးမှာချင်တာက-ကာယဗလကဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်
သင့်ပါတယ်။ဘ၀တစ်ခုလုံးမဖြစ်သင့်ပါဘူး။ဒါကြောင့်ဘ၀ကိုဘက်စုံပြည့်စုံအောင်အဓိကနဲ့ 
သာမညခွဲခြားပြီးကြိုးစားသင့်ပါတယ်
။ကျွန်တော့်လက်မောင်းနောက်သားတွေကလက်မောင်းအရှေ့ ထက်
စာရင်အားနည်းနေသေးတယ်ဗျာ။ဒါကြောင့်ကျွန်တော်ကလက်မောင်း
နောက်ထုတက်စေတဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ပက်လက်အိပ်လက်မောင်းနောက်သားဆန့် ၊
လက်မောင်းနောက်အကျဉ်းတွန်း၊နှစ်တန်းဘားလက်ထောက်တွန်းတင်၊ထိုင်လျက်ဒမ်ဘယ်
လက်မောင်းနောက်သားဆန့် စတာတွေကိုအကုန်လေ့ကျင့်ပေမဲ့မထူးခြားပါဘူး။နည်းလမ်း
ကောင်းလေးများလမ်းညွန်ပေးပါဦး။
ဖြေ။ ။သင့်ရဲ့ လက်မောင်းနောက်သားဘာကြောင့်မတိုးတက်တာလဲဆိုတဲ့
အဖြေကသင့်မေးခွန်းထဲမှာပါနေပါပြီ။သင်လေ့ကျင့်တဲ့လေ့ကျင့်ခန်းအားလုံအတိုင်းထက်
အလွန်ကောင်းပါတယ်။ဒါပေမဲ့မှတ်ထားပါ။ချိုတဲ့အရသာကကောင်းပါတယ်။ဒါပေမဲ့ချိုလွန်းရင်
အီသွားတတ်ပါတယ်။လက်မောင်းနောက်သားဟာအသေးစားကြွက်သားအုပ်စုလေးဖြစ်တဲ့
အတွက်သူ့ ကိုမတရားဝန်ပေးမခိုင်းသင့်ပါဘူး။
သင်ရင်အုပ်လေ့ကျင့်နေစဉ်နဲ့ ဆုံလေ့ကျင့်ချိန်
တွေမှာလက်မောင်းနောက်သားကိုလည်းသွယ်ဝိုက်သောအားဖြင့်ဝန်ပေးစေခိုင်းပြီးဖြစ်နေပါ
တယ်။ဒါကြောင့်လက်မောင်းနောက်သားကိုလေ့ကျင့်ခန်းနှစ်မျိုးလောက်တစ်မျိုးကိုနှစ်ကျော့
လောက်သာလေ့ကျင့်သင့်ပါတယ်။သင်အထက်မှာရေးပြခဲ့တဲ့လေ့ကျင့်ခန်းများက compound
Movement တွေပါ။ဒါကြောင်လက်မောင်းနောက့်သင်လေ့ကျင့်နည်းပရိုဂရမ်ရေးဆွဲရာမှာ
Compound Movement တွေချည်းပဲရွေးချယ်လေ့ကျင့်ခြင်းကသင့်ကိုထင်သလောက်ထိ
ရောက်စေမှာမဟုတ်ပါဘူး။ compound Movement များကို contract သို့ မဟုတ် stretch
Position လေ့ကျင့်ခန်းများကိုရွေးချယ်လေ့ကျင့်သင့်ပါတယ်။
မေး။ ။ဗယ်လီပုံမှန်ရိုက်ရုံနဲ့ ဗယ်လီတွေပေါ်လာနိုင်သလား။
ဖြေ။ ။သင်ဟာဝက်တစ်ကောင်လိုတွေ့ ရာစားနေမယ်ဆိုရင်တော့ဘယ်
လောက်ပဲဗယ်လီတွေရိုက်ရိုက်သင်လိုချင်တဲ့ဗယ်လီတွေကိုရမှာမဟုတ်
ပါဘူး။သင်လေ့ကျင့်ခန်းပုံမှန်လုပ်ရင်တော့သင့်ကြွက်သားတွေကကြီး
ထွားနိုင်ပါတယ်။ဒါပေမဲ့အဲဒါတွေကိုပီပြင်ပေါ်လွင်ထင်ရှားစေချင်ရင်
တော့သင့်ကိုယ်တွင်းကအဆီပမာဏတွေကိုလျော့ချဖို့ လိုပါလိမ့်မယ်။
မှတ်ထားပါ။ဗယ်လီရိုက်ရုံနဲ့ ဗယ်လီမပေါ်နိုင်ပါဘူး။အစားအသောက်ကို
သင့်တင့်မျှတသောပရိုတိန်း၊ကာဗိုဟိုက်ဒရိုတ်တွေနဲ့ အဆီတွေကိုချင့်
ချိန်စားမှသာသင်မြင်ချင်တဲ့ဗယ်လီတွေကိုမြင်ရမှာပါ။
မေး။ ။ဗယ်လီနေ့ တိုင်းရိုက်သင့်ပါသလား။
ဖြေ။ ။NO ။လုံးဝမရိုက်သင့်ပါဘူး။ဗယ်လီဟာလည်းကြွက်သားအုပ်စုတစ်ခုပါ
ပဲ။ဒါကြောင့်သင်ဗယ်လီကိုနေ့ စဉ်မရိုက်သင့်ပါဘူး။ဥပမာ-သင်ဒီနေ့ 
ရင်အုပ်ကစားသည်ဆိုပါစို့ ။နောက်နေ့ မှာသင့်ရင်အုပ်ကြွက်သားတွေ
ကမနာကျင်နေရင်တောင်မှသင်ရင်အုပ်ကိုထပ်မကစားပါဘူး။ဟုတ်
တယ်မဟုတ်လား။ဒီလိုပါပဲ၊ဗယ်လီကိုနေ့ စဉ်မကစားသင့်ပါဘူး။
အများဆုံးတစ်ရက်ခြားသာကစားပါ။
မေး။ ။ဗယ်လီကိုအလေးနဲ့ ရိုက်သင့်ပါသလား။
ဖြေ။ ။YES နှင့် NO ပါပဲ။သင်ကဗယ်လီကြွက်သားတွေကြီးချင်ယင်တော့
လေ့ကျင့်ခန်းတစ်ခုကိုသင့်တင့်တဲ့အလေးနဲ့ 10-ကြိမ်မှ 12 ကြိမ်၊
3-ကျော့မှ 4-ကျော့သာလေ့ကျင့်ပါ။ဗယ်လီအတုံးနက်ချင်ရင်တော့၊
ရှိပြီးသားပမာဏထက်သိပ်မကြီးချင်ရင်တော့အလေးမပါဘဲအကြိမ်
များများလေ့ကျင့်ပါ။
မေး။ ။ဒါဆိုကအစ်ကိုကကျွန်တော့်ကိုတစ်ကျော့မှာဗယ်လီကိုဆယ်နှစ်ကြိမ်
ထက်ပိုမရိုက်နဲ့ လို့ ပြောချင်တာလား။
ဖြေ။ ။ဟုတ်ပါတယ်ခင်ဗျားကဗယ်လီအတုံးတွေကြီးချင်တယ်ဆိုရင်ပေါ့။ဒါ
ပေမဲ့အဲဒီဆယ့်နှစ်ကြိမ်ကိုသောအသေအလဲညှစ်ပြီးကစားရမှာနော်။
အခုနကပြောခဲ့သလိုပါပဲခင်ဗျားရဲ့ ဗယ်လီတွေကွဲပြားပေါ်လွင်ချင်ရင်
တော့အလေးမပါဘဲတစ်ကျော့မှာအကြိမ် 30 မှ 50 အထိလေ့ကျင့်နိုင်
ပါတယ်။
မေး။ ။ကျွန်တော်ဗယ်လီအပေါ်သားတစ်ရက်အောက်သားတစ်ရက်၊နံဘေး
သားတစ်ရက်ခွဲပြီးကစားသင့်ပါသလား။
ဖြေ။ ။အဲဒီလိုကစားချင်ရင်ကစားနိုင်ပါတယ်။ဒါပေမဲ့အဲဒါကကျွန်တော့်အ
မြင်သိပ်ပြီးတော့ထိရောက်မှာမဟုတ်ပါဘူး။ရိုးရိုးအိပ်ထမတင်လုပ်ရင်
တောင်သင့်ဗယ်လီအားလုံးကိုထိရောက်စေပါတယ်။သင့်နဘေးစောင်း
သားတွေကိုလည်းထိရောက်မှု့ အနည်းငယ်ရှိပါတယ်။ဗယ်လီကြွက်
သားတွေကတစ်ခုနဲ့ တစ်ခုဆက်စပ်နေပါတယ်။ဒါကြောင့်လေ့ကျင့်ချင်
ရင်တော့ရက်မခွဲဘဲကစားပါလို့ အကြံပြုချင်ပါတယ်။
မေး။ ။ဗယ်လီရိုက်နေစဉ်မှာအသက်ဘယ်လိုရှုရမလဲ။
ဖြေ။ ။ယေဘူယျအားဖြင့်တော့အများအားဖြင့်ဗယ်လီရိုက်စဉ်ကိုယ်က
အောက်သို့ နိမ့်ချစဉ်မှာအသက်ရှုပြီးတော့၊ကိုယ်ကိုအပေါ်သို့ ပြန်
တင်စဉ်မှာထိပ်ဆုံးမှာအသက်ကိုရှုထုတ်ကြပါတယ်။ဒါပေမဲ့နည်းစ
နစ်တစ်ခုကိုသင်ပြပေးချင်ပါတယ်။ဗယ်လီညှစ်အားပိုကောင်းတယ်
လို့ လေ့ကျင့်ဖူးသူများကတော့ဝန်ခံကြပါတယ်။ပုံမှန်အသက်ရှုတာ
ရဲ့ ပြောင်းပြန်ပါ။ကိုယ်ကိုအောက်သို့ နိမ်ချစဉ်မှာအသက်ကိုရှုထုတ်
ပြီးကိုယ်ကိုအပေါ်သို့ ပြန်တင်စဉ်ထိပ်ဆုံးမှာအသက်ကိုရှုယင်းဗယ်
လီကြွက်သားတွေကိုညှစ်ထားရမှာဖြစ်ပါတယ်။
မေး။ ။ဗယ်လီရိုက်စဉ်မှာမြန်မြန်ရိုက်သင့်သလား။နှေးနှေးရိုက်သင့်သလား။
ဖြေ။ ။ဝမ်းဗိုက်ကြွက်သားတွေဟာတုံ့ ပြန်မှုနှေးသောကြွက်သားများ
( slow twitch muscle fiber)ဖြစ်သောကြောင့်လည်းကောင်းတို့ 
ကိုအလျင်အမြန်လေ့ကျင့်လျင်ထိရောက်မှု့ ရှိမည်မဟုတ်ပါ။ထို့ 
ကြောင့်ဖြည်းဖြည်းချင်းသာလေ့ကျင့်သင့်ပါသည်။တစ်ကျော့ကိုသုံး
စက္ကန့် မှ ငါးစက္ကန့် ကြာအောင်လေ့ကျင့်နိုင်ရင်ပိုကောင်းပါတယ်။
မေး။ ။ပုံမှန်အိပ်ထမတင်နဲ့ ခြေမြှောက်ကစားရင်ဗယ်လီအတွက်လုံလောက်
လား။
ဖြေ။ ။လုံးဝမလုံလောက်ပါဘူး။အဲသင်ကငပိန်လေးတစ်ယောက်ဆိုရင်တော့
လုံလောက်တာပေါ့။ဗယ်လီအပြည့်အ၀ပေါ်ဖို့ ကတော့ရိုးရိုးအိပ်ထမ
တင်အပြင်တန်းခိုခြေမြှောက်၊နံဘေးခါးစောင်းလှည့်၊တန်းခိုခါးစောင်း
ခြေမြှောက်စသဖြင့်အကုန်ကစားသင့်တာပေါ့။
မေး။ ။မြန်မာပြည်မှာထွက်ခဲ့ဖူးတဲ့ကာယဗလလေ့ကျင့်နည်းစာအုပ်ထဲကလို
ဗယ်လီရိုက်စဉ်မှာခြေထောက်တွေကိုအလေးတန်းတစ်ခုအောက်မှာဖိ
ထားပြီးဗယ်လီရိုက်သင့်ပါသလား။
ဖြေ။ ။အဲဒါတွေကိုမေ့လိုက်ပါ။အဲဒါတွေကလွန်တဲ့နှစ်သုံးဆယ်လောက်က
လေ့ကျင့်နည်းအိုင်ဒီယာအဟောင်းတွေပါ။ခြေထောက်တွေကိုအလေး
တန်းတွေအောက်မှာထားပြီးဗယ်လီရိုက်ခြင်းကသင့်ခြေထောက်ကြွက်
သားများကိုအနာတရဖြစ်စေပါတယ်။နောက်ပြီးညှစ်အားကဗယ်လီပေါ်
မရောက်ဘဲခြေဖျားများကိုအားပြုစေခြင်းကြောင့်ဗယ်လီကိုသိပ်မထိပါ။
မေး။ ။အစ်ကိုရောင်းခဲ့တဲ့ကစားနည်းခွေထဲမှာနိုင်ငံခြားကကစားသမား
အများစုကဘောလုံးအကြီးကြီးတစ်ခုပေါ်မှာအိပ်ပြီးဗယ်လီရိုက်တာ
တွေ့ ရပါတယ်။အဲဒီလိုရိုက်ရင်ရောထိလား။
ဖြေ။ ။ဟာထိတာပေါ့။ထိတာမှသိပ်ထိဗျာ။ဘောလုံးကလှုပ်နေတဲ့အတွက်
ငြိမ်အောင်စိတ်ကိုစုစည်းပြီးဗယ်လီကြွက်သားတွေကိုသာအားပြုကစား
တဲ့အတွက်ပိုပြီးထိရောက်မှု့ ရှိတာပေါ့ဗျာ။
ကဲအခုဆိုရင်တော့ဗယ်လီလေ့ကျင့်နည်းအကြောင်းကိုအတော်အသင့်
သိလောက်ပြီဟုယုံကြည်ပါသည်။သိလိုသည်များကိုလည်းမေးမြန်းနိုင်ပါသေးသည်။
လေးစားလျက်-
နိုင်ဦး-၁၁၉
No comments:
Post a Comment