၂၀၁၂ အတွင်းက စတင်တွေ့ရှိခဲ့သည့် အရှေ့အလယ်ပိုင်းဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(MERS)မားစ်ရောဂါသည် ၂၀၁၅ ဇွန်လအထိ ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်၊ ကာတာ၊ အီဂျစ်၊ ယူအေအီး၊ ကူဝိတ်၊ တူရကီ၊ အိုမန်၊ အယ်လ်ဂျီးရီးယား၊ ဘင်္ဂလား ဒေ့ရှ်၊ အင်ဒိုနီးရှား၊ သြစတြီးယား၊ ဗြိတိန်၊ တောင်ကိုရီးယား၊ အမေ ရိကန်၊ တရုတ်ပြည်မကြီးနှင့် ထိုင်းနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်တွင် ဖြစ်ပွားခဲ့သည်။
များမကြာမီက တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါပျံ့နှံ့ဖြစ်ပွားပြီး ၂၀၁၅ ဇွန်လ ၁၉ ရက်အထိ ရောဂါကူးစက်ခံရသူ ၁၆၆ ဦး ရှိခဲ့ကာ တစ်လမပြည့်မီအချိန်အတွင်း လူ ၂၄ ဦး သေဆုံးခဲ့ပြီဖြစ်ကာ လူပေါင်း ၂,၃၀၀ ကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေရသည်။
ထို့ပြင် ထိုင်းနိုင်ငံတွင် မားစ်ရောဂါဖြစ်ပွားနေသူတစ်ဦးတွေ့ရှိထားကြောင်း အာဏာပိုင်များက အတည်ပြုထားပြီး ၎င်းနှင့်ထိတွေ့ ခဲ့သူ ၆၀ ဦးခန့်ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားထားသည်။
မားစ်ရောဂါကူးစက်ခံရသူအများစုသည် ပြင်းထန်သော အ သက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ်ပြီး အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲသည့် ရောဂါလက္ခဏာ များဖြစ်ပေါ်လေ့ရှိသည်။
အချို့သော ရောဂါရှင်များမှာ မူးမော်အော့အန်ခြင်း၊ ဝမ်းလျှောခြင်း အပါအဝင် အစာအိမ်လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများလည်း ဖြစ်ပွားလေ့ရှိသည်။ မားစ်ရောဂါကူးစက်ခံရသူ ၁၀ ဦးတွင် သုံး၊ လေးဦးခန့်မှာ အသက်ဆုံးရှုံးရတတ်သည်။
မားစ်ရောဂါစတင်ကူးစက်ခံရချိန်နှင့် ရောဂါလက္ခဏာများ စတင်ပြသချိန်မှာ အများအားဖြင့် ငါးရက်(သို့မဟုတ်)ခြောက်ရက်ကြာမြင့်သော်လည်း နှစ်ရက်မှ ၁၄ ရက်အတွင်း ရောဂါလက္ခဏာများ ပြသနိုင်သည်။
မားစ်ရောဂါသည်ကို အနီးကပ် ထိတွေ့မိခြင်းမှ အခြားသူများ ထံ ကူးစက်လေ့ရှိပြီး ရောဂါသည်နှင့် အတူတကွ နေထိုင်ခြင်း (သို့မ ဟုတ်)ပြုစုပေးခြင်းတို့မှ ကူးစက်နိုင်သည်။
ရောဂါသည်များ တက်ရောက်ကုသမှုခံယူနေသည့် ဆေးရုံများကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုဌာနများမှ အခြားလူများထံ ပျံ့နှံ့ ကူးစက်နိုင်သည်။
မားစ်ရောဂါအတွက် လက်ရှိအချိန် ကာကွယ်ဆေးမရှိသေးပါ။ သို့သော် လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပါ။ အကယ်၍ ဆပ်ပြာမရနိုင်ပါက အရက်အခြေခံ လက်ဆေးရည်များသုံး၍ ဆေး ကြောပါ။ ချောင်းဆိုးနှာချေစဉ် နှာခေါင်းနှင့် ပါးစပ်ကို တစ်ရှူးဖြင့် ပိတ်ထားပါ။ ပြီးလျှင် ယင်းတစ်ရှူးကို အမှိုက်ပုံးထဲ စွန့်ပစ်ပါ။
—Ref: TOI
http://7daydaily.com/story/39930
No comments:
Post a Comment