'လှိုင်မှာ၊လှည်းတန်းမှာအရက်
----- ----- ----- -----
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း၊ အာဏာပိုင်တွေ ဖြေလျှော့ပေးလာတဲ့အထဲမှာ၊ စာကြည့်တိုက်တွေ တည်ထောင်ခွင့်လည်းပါဝင်ပါတယ
စစ်ဗိုလ်ချုပ်ကြီးတွေ၊ သတင်းမီဒီယာတွေကို ကြောက်တာ၊ မနှစ်သက်တာလူအများသိကြပေမယ်
ဒီလိုပြောတာ၊ သူတို့ကို မလိုမုန်းတီးစိတ်နဲ့မဟုတ်ပါ
အဲဒီကာလကို ပြန်ကြည့်လိုက်ရင်၊ စာအုပ်အငှားဆိုင်လေးတွေ ရပ်ကွက်တိုင်းမှာ မှိုလိုပေါက်လာပေမယ့်၊ စာကြည့်တိုက်တွေ မဖွင့်ရဲကြပါဘူး။ စာအုပ်အငှားဆိုင်လို့ပဲ နာမည်တပ်ပြီး စာအုပ်တွေငှားပေးခဲ့ကြပါတယ်
တဘက်မှာတော့၊ ကျောင်းတွေမှာ စာကြည့်တိုက်အသုံးပြုချိန်၊
နိုင်ငံတော်က ထောက်ပံ့မှုပေးရတဲ့စာကြည့်တိ
နောက်ဆုံး တာမွေသချိ င်္ုင်းမြေနေရာဟောင်းပေါ်မှာ ဆောက်ထားတဲ့ အမျိုးသားစာကြည့်တိုက်ကို၊ နေပြည်တော်ပြောင်းသွားလို့ ကျန်ခဲ့တဲ့၊ လူသူ အလွယ်တကူ မသိနိုင်၊မလာနိုင်တဲ့သီရိမဂ
အရင် မြင်သာထင်သာရှိတဲ့ မြင်းပြိုင်ကွင်းနဲ့ မျက်နှာချင်းဆိုင် အမျိုးသားစာကြည့်တိုက်နေရာ
ဒါကိုကြည့်ရင်၊ ဦးနေဝင်းက အစ၊ လက်ရှိ အုပ်ချုပ်နေသူတွေ အဆုံး၊ အမျိုးသားရေးလက္ခဏာတွေ၊ ဂုဏ်သိက္ခာတွေ၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ စိတ်ယဉ်ကျေးမှုပြယုဂ် စာပေနဲ့ ယဉ်ကျေးမှု ကိုနားလည်းမလည်။ တန်ဖိုးလည်းမထား။ တန်ဖိုးထားရကောင်းမှန်းလည်း
တက္ကသိုလ်ကောလိပ်စာကြည့်တိုက
အင်္ဂလန်မှာရှိတဲ့ စာအုပ်အဟောင်းဆိုင်တွေရဲ့ ကက်တလောက်တွေက တဆင့် မြန်မာနိုင်ငံအတွက် ပြန်စုသင့်တဲ့ စာအုပ်တွေကို ပြန်ဝယ်ပါတယ်။
ဆရာဇော်ဂျီ ဒီလိုလုပ်တာတွေအတွက်၊ ပါလီမန်အစိုးရထံက ခွင့်ပြုချက်တွေ၊ အစိုးရက ပါဝင်စွက်ဖက်တာတွေ၊ ဘာမှ မရှိဘဲ လွတ်လွတ်လပ်လပ် လုပ်ခဲ့နိုင်တာပါ။ ဒါကြောင့် ပထမဆုံး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက
အခု အုပ်ချုပ်ရေးပိုင်းက၊ ပညာရေးပိုင်းက တာဝန်ရှိသူတွေ၊ အာဆီယံစာကြည့်တိုက်တွေနဲ့ မယှဉ်နိုင်ရင်တောင်၊ မျက်နှာမငယ်ရဘဲ အပြလှတဲ့ စာစုတွေ တက္ကသိုလ်များဗဟိုစာကြည့်တို
သူတို့လိုသာ၊ နေရာကောင်းက မြေမှန်သမျှ လက်သိပ်ထိုးရောင်းဖို့၊ ငှားဖို့လောက်သာ နားလည်ခဲ့မယ်ဆိုရင်၊ ပြစရာကွက်ကွက်လေးတောင်၊ စာပေ နဲ့ယဉ်ကျေးမှု ဆိုင်ရာမှာ ကျန်တော့မယ် မဟုတ်ပါ။
ဘယ်စာကြည့်တိုက်ပဲ ဖြစ်ဖြစ်၊ ပြည်သူတွေအလွယ်တကူသွားလာလို
တမျိုးသားလုံးဂုဏ်ကို ဆောင်ရမယ့် အမျိုးသားစာကြည့်တိုက် ( ရန်ကုန်) က ၊ စာကြည့်တိုက်အ၈င်္ါရပ်နဲ့ ဘာတခုမှ မကိုက်ညီတဲ့ အတွင်းကျကျ နေရာမှာရှိနေပြီး၊ အမျိုးသားစာကြည့်တိုက် ( နေပြည်တော်) ကလည်း၊ သာမန်ပြည်သူတွေ အလွယ်တကူ မသွားနိုင်တဲ့နေရာပါ။
၂၀၀၅ ခုနှစ်မှာ၊အဲဒီတုန်းက ပြန်ကြားရေးဝန်ကြီးတာဝန်ယူထ
ဦးသိန်းစိန်အစိုးရလက်ထက်မှ
မေလ၉ရက်နေ့က၊သပြေ(ကလေးလူငယ်
ဒီပွဲမှာ ထူးခြားတာက၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များ၊ အသင်းအဖွဲ့စာကြည့်တိုက်များ
ဒီပွဲမှာ စိတ်ဝင်စားစရာ ကြုံရတာတော့၊ လှည်းတန်းမှာ ငါးကင်ရောင်းပြီး၊ စာကြည့်တိုက် ၂ ခုဖွင့်ထားတဲ့ ဇော်ဇော်ဆိုတဲ့ လူငယ်လေးပါ။ ဇော်ဇော်က ကျောက်ပန်းတောင်းမြို့နယ်၊ ကတောအုပ်စု၊ စီသာရွာသားလေးပါ။ လေးတန်းထိပဲ ကျောင်းနေရပြီး၊ အိမ်စီးပွားရေးကြောင့် ကျောင်းထွက်ရပါတယ်။ အဘိုးဖြစ်သူနဲ့ သူတပါးပိုင် နှမ်းထောင် ( နှမ်း၊ ပဲ နှုတ်ပြီးပုံထားသည့်နေရာ) တွေကို စောင့်တဲ့ အလုပ်လုပ်ရပါတယ်။ သူတပါးပိုင် ပဲ၊ နှမ်းတွေကို စောင့်ရင်း၊ အဘိုးက သူဖတ်ခဲ့တဲ့ ရာဇဝင်၊ ပုံပြင် နဲ့ စာတွေ၊ ဝတ္ထုတွေကို ပြောပြပါတယ်။
အဘိုး အကြိုက်ဆုံး စာရေးဆရာတွေက၊ နန်းတော်ရှေ့ဆရာ
တင် နဲ့ လူထုဒေါ်အမာပါ။ ဒီလိုနဲ့ မြေးအဘိုး နှစ်ယောက် နှမ်းစောင့်ချိန်ကို အကျိုးရှိရှိ ကုန်အောင်နေခဲ့ကြရပါတယ်။ အညာမှာ စားဝတ်နေရေး မလွယ်တော့၊ ရွာက မြို့တက် အလုပ်လုပ်နေသူတွေနဲ့ချိတ်ပြ
ဇော်ဇော်ရန်ကုန်ကို ရောက်တဲ့နေ့က တသက်မမေ့နိုင်စရာ၊ ရန်ကုန်ကို နာဂစ်ဝင်တဲ့နေ့ပါ။ လက်ထဲမှာ အဘိုးပေးလိုက်တဲ့ ငွေ ၇၀၀၀၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ
တာမွေက ဘီယာဆိုင် တဆိုင်မှာ ဇော်ဇော် စားပွဲထိုးရပါတယ်။ ဇော်ဇော်က ဆိုင်မှာ ဖင်ပေါ့တယ်။ ဘယ်အလုပ်မဆို မခိုမကပ်လုပ်ပေးတယ်။ ဆိုင်က တခြားအလုပ်သမားတွေနဲ့ တည့်အောင်နေတယ်။ ဒီနေ့ ထမင်းပေါင်းနည်းရအောင်သင်ပြ
ဘီယာဆိုင်ကပဲ ထမင်းကျွေးပြီး၊ ဆိုင်ကပေးတဲ့ နေရာမှာ ဘဝတူ အလုပ်သမားတွေနဲ့ အတူနေရတယ်။ လခ ၄၅၀၀ ရတယ်။ ဇော်ဇော်ပါလာတဲ့ စာအုပ်သုံးအုပ်ဖတ်ပြီးတဲ့နေ
၂၀၀၈ ခုနှစ်ရောက်တော့၊ ဘီယာဆိုင်ကထွက်ပြီး၊ လက်တွန်းလှည်းလေးနဲ့ လှည်းတန်းမှာ ငါးကင်စရောင်းတယ်။ စည်ပင်ကြောင့် ငါးကင်ဆိုင်က ည ၈ နာရီမှ စဖွင့်ရတယ်။ လှည်းတန်းနဲ့ နီးတဲ့ ဆင်မလိုက်သင်္ဘောကျင်းက အိမ်တအိမ်မှာ၊ အခန်းငှားနေရတယ်။ ၆ လ အတွက် အိမ်လခ မပေးနိုင်ရင်၊ ရှိသလောက်ပေးပြီး အိမ်ရှင်ကျေနပ်အောင် ရေဆွဲပေးရတယ်။ ငါးကင်ရောင်းရင်း ဆင်မလိုက် လိုင်းခန်းမှာ စာအုပ်တွေကို သူများတွေ ပေးဖတ်တယ်။
ကိုယ့်တုန်းက စာဖတ်ချင်တာ၊ ဖတ်ခွင့်မရခဲ့တာမျိုး ကို တိုက်ဖျက်ချင်စိတ်က ရှိနေတယ်။ လှည်းတန်းကို စက်ဘီးစီးလာရင်၊ စက်ဘီးပေါ်မှာ စာအုပ်တွေတင်လာတယ်။ လှည်းတန်းက စာဖတ်ချင်သူတွေက ဇော်ဇော်အလာစောင့်ပြီး။ စာအုပ်လာငှားကြတယ်။ စာအုပ်တွေကို ဘယ်သူ့ကို မဆို စစ်ဆေးမေးမြန်းခြင်း၊ အထောက်အထားတောင်းခြင်း စတာတွေ မလုပ်ဘဲ၊ယုံကြည်မှုနဲ့ငှားပေ
တချို့စာအုပ်တွေ ပြန်မရပေမယ့်၊ တချို့က သူတို့မှာရှိတဲ့ စာအုပ်တွေကို လာပေးကြတယ်။ လှည်းတန်းမှာ ဇော်ဇော်ရဲ့ မန္တလေးငါးကင်ဆိုင်ကို လူသိသလို၊ စာအုပ်ငှားတာကိုလည်း သိလာကြတယ်။ ငွေစုမိလာတော့၊ လှိုင်မြို့နယ်မှာ အခန်းငှားနေတယ်။
ည၈နာရီငါးကင်ဆိုင်ဖွင့်ဖို့
စာအုပ်ငှားချင်သူက သူငှားချင်တဲ့ စာအုပ်ကို ဗလာစာအုပ်ထဲမှတ်ပြီး ယူခွင့်ပြုထားတယ်။ ပြန်အပ်ရမယ့်နေ့ မသတ်မှတ်ထားဘူး။ လှိုင်မြို့နယ်ထဲနေသူတွေကို တခါငှား ၃ အုပ်ပေးပေမယ့်၊ ရွှေပြည်သာ၊ ပဲခူး စတဲ့နေရာမျိုးက လာသူတွေကိုတော့ တခါငှား ၁၀ အုပ်ခွင့်ပြုတယ်။ ညဘက် ငါးကင်ထွက်ရောင်းရင်လည်း၊ မြေညီထပ်မှာ ဖွင့်ထားတဲ့စာကြည့်တိုက်ကို
ငါးကင်ရောင်းတာ သိမ်းပြီး၊ အခန်းပြန်ရောက်ချိန်က ည ၁၂ နာရီပဲ။ ဒါကြောင့် စာကြည့်တိုက်ကို မနက် ၉ နာရီက ည ၁၂ နာရီထိဖွင့် ပေးထားတယ်။ စာကြည့်တိုက်ကို မန္တလေးစာကြည့်တိုက်လို့ နာမည်ပေးထားတယ်။
ဇာတိရွာကိုလည်း ကျေးဇူးပြုချင်တယ်။ ဒါကြောင့် ၈.၅. ၂၀၁၅ ရက်နေ့မှာ၊ ရွာမှာ မန္တလေးစာကြည့်တိုက်-၂ ကိုဖွင့်ပေးပါတယ်။ “ စာအုပ်စာပေ အခမဲ့ငှားပါသည် ခင်ဗျား ‘’ ဆိုတဲ့ စာတန်းကိုလည်း ချိတ်ဆွဲပေးထားပါတယ်။
လှိုင်မှာ၊လှည်းတန်းမှာအရက်သ
ကလေးတွေကို တော့၊ ဇော်ဇော်က နည်းတမျိုးသုံးပါတယ်။ ဇယ်တောက်ခုံ ဆောင်ထားပြီး၊ စာအုပ်တအုပ်ဖတ်ပြီး၊ ပြန်ပြောနိုင်တဲ့ ကလေးကို ဇယ်တောက်ခွင့်ပြုပါတယ်။ လူငယ်တွေကိုတော့ တမျိုးပေါ့။ စာအုပ် ၂ အုပ်ငှားပြီးတိုင်း၊ တကယ်ဖတ်တာဆိုရင် ဂီတာ တလက်ကို ၂ ရက်ပေးငှားပါတယ်။
ဇော်ဇော်လုပ်ဆောင်ချက်တွေက၊
သပြေအဖွဲ့က လုပ်တဲ့ ဒီစာကြည့်တိုက်ဆွေးနွေးပွဲမ
စာငတ်ခဲ့တဲ့ တောသားလေးတယောက်၊ ကိုယ်ချင်းစာစိတ်နဲ့ လူတွေကို စာမငတ်စေချင်တာ၊ စာအုပ်စာပေက ပေးတဲ့အသိတွေ၊ ဗဟုသုတတွေကို ကိုယ်ရသလို ရစေချင်တာ၊ ကလေးတွေစာဖတ်တဲ့ အကျင့်ရစေချင်တာ၊ လူငယ်တွေ စာဖတ်စေချင်တာ၊ အရက်သမားတွေ အရက်ပုလင်းကိုင်မယ့်အစား၊ စာအုပ်ကို လက်ကကိုင်စေချင်တာ၊ ဇော်ဇော့် စိတ်ရင်းစေတနာပါ။
ဇော်ဇော်ရဲ့စာငှားစနစ်ကို သဘောကျမိပါတယ်။ ဒါကြောင့် “ စာအုပ်ဘယ်လောက်ပျောက်သလဲ’’ မေးတော့၊ ဇော်ဇော်က ၂၀ ရာနှုန်းလို့ ပြန်ဖြေပါတယ်။
ကျွန်မစိတ်ထဲမှာ တော့ ဒီပွဲမှာတွေ့ရတဲ့၊ တနိုင်တပိုင် ကိုယ့်တိုင်းသူပြည်သားတွေ စာဖတ်ရဖို့အတွက်၊ တတ်နိုင်သမျှ လုပ်ဆောင်နေကြသူတွေအတွက်၊ အလွန်ဂုဏ်ယူမိပါတယ်။ လယ်စိုက်ယာစိုက်ပြီး၊ ရွာမှာ စာကြည့်တိုက်ဖွင့်နေသူတွေလည
ခင်နှင်းဦး
https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551
No comments:
Post a Comment