အမှန်တော့ ဒါမျိုးက ကိုယ်တစ်ယောက်တည်း သိထားလည်း ကိစ္စမရှိဘူး။ သို့ပေမယ့် ကျနော် မောင်အောင်ခမ်းက ကိုယ်သိထားရင်၊ တတ်ထားရင် ဟုတ်ဟုတ်မဟုတ်ဟုတ် သူများပြန်ပြောပြချင်၊ ပြန်ချပြချင်စိတ် ကလည်း ပြင်းထန်တော့ မရေးပဲလည်း မနေနိုင်ဘူး။ အမှန်အကန်နော်။ လူတိုင်း လုပ်လို့ရမယ့် အသက်မွေးဝမ်းကျောင်း ပညာ ရပ်တစ်ခုပါ။ အွန်လိုင်းကို အခြေခံပြီး စီးပွားရေးလုပ်မယ်။ အသက်မွေးဝမ်းကျောင်း ပြု မယ်လို့ ခံယူထားသူ များအတွက်ပါ။ အဲဒါ ဘာပါလဲ။ ဟုတ်ကဲ့။ Copy Writing လို့ခေါ်ပါတယ်။
Copy Writer ဆိုတာ
Copy Writer ဆိုလို့ စာတွေ လိုက်ကော်ပီကူးပြီးရေးနေတဲ့
စာရေးဆရာတော့ စာရေးစရာပဲ။ သို့ပေမယ့် ပုံနှိပ်စာပေမှာ ရေးသားတဲ့ စာရေးဆရာနဲ့လည်း မတူဘူး။ သူ့က
- စာတိုတိုနဲ့ ထိထိမိမိရှိရမယ်။
- စာရှည်လည်း လိုအပ်သော အချက်အလက်များနှင့် ပြည့်စုံနေရမယ်။
ယင်းနှစ်ချက်ကို အခြေခံပါတယ်။ ပြောနေရင် သဘောပေါက်ဖို့ ခက်တယ်ဟုတ်။ ယခု Techspace မှာ ဖတ်နေရသမျှ စာတွေက copy (text) ပါ။ အပုဒ်တိုင်း ဂျာနယ်မှာ သုံးဖို့ အဆင်ပြေတယ်လို့ ထင်လို့လား။ ရေးသားသမျှ ပြန် အကဲခတ်ကြည့်နိုင်ပါတယ်။ အားလုံးက စကားပြောဟန်ဖြစ်ပြီး လိုရင်းအချက်ကို အတတ်နိုင်ဆုံး အထိမိဆုံး ဖြစ်အောင် ရေးသားထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာကျော် ဝဘ်ဆိုဒ်များဖြစ်တဲ့ Cnet, enGadget, GSAarena, Phonearena, Pocket-lint, Bloomberg အစရှိသဖြင့်တို့က Copywriter များနဲ့ ပူးပေါင်းတည်ထောင်ထားခြင်းပ
တကယ်ဝင်ငွေကောင်းပါတယ်။ Cnet လို ဝဘ်ဆိုဒ်မျိုး တစ်လ ဝင်ငွေ ဘယ်လောက်ရှိတယ် ထင်တုန်း။ သူ့ဆီမှာ Phone Review တစ်ပုဒ်တင်ချင်ရင် ယင်းတင်ချင်တဲ့ ကုမ္မဏီက ပေးရတာပါ။ သူတို့ ကုန်ပစ္စည်းလူသိများဖို့ ဆိုတာက အဲ့လို Copy Writer ကောင်းကောင်း နဲ့ လူကြည့်များ ဝဘ်ဆိုဒ် ရှိတဲ့နေရာကို အရောက်သွားပါတယ်။ ခရီးသွားလာရေး ဆိုဒ်တစ်ခုလုပ်မယ့်သူဆိုရင်
Copy writer လိုအပ်လာပြီ
မြန်မာပြည်မှာ စီးပွားရေးတွေ ပွင့်လင်းလာပြီ။ နိုင်ငံခြားက ကုမ္မဏီ အမျိုးမျိုးတွေဝင်လာပြီ။ အထူးသဖြင့် အိုင်တီ Industry ဝင်မယ့်သူတွေက အွန်လိုင်းကို ပိုပြီး အဓိကထားကြပါတယ်။ မြန်မာပြည် အင်တာနက် ကွန်ရက်မှာ ဘာတွေထူးခြားလဲ။ ဘာကို အမှီသဟဲပြုလဲ။ ဘာကိုကြိုက်နှစ် သက်လဲ။ ယင်းအချက်များကို အခြေခံလို့ ငါတို့ ကုန်ပစ္စည်းကို ဘယ်လို ကြော်ငြာရမလဲ။ လူသိစေမလဲ။ ပေါ်ပြူလာဖြစ်စေမလဲ အစရှိသဖြင့် အမြဲတမ်းစောင့်ကြည့်ကြ ပါတယ်။ ဒီမှာ တစ်ခု ခက်သွားတာက မြန်မာပြည် မှာ Copy Writer လုံလုံလောက်လောက် မရှိဘူးဗျ။
Copy Writer ရေး ရမယ့် စာတွေက ကုန်ပစ္စည်းတွေလည်း မဟုတ်ဘူးလေ။ သတင်းအချက်အလက်လည်း ပေးတတ်ရမယ်။ ဗဟုသုတ လည်း ပေးတတ် ရမယ်။ ပညာလည်းပေးတတ်ရမယ်။ ကုန်ပစ္စည်း လည်း ကြော်ငြာ တတ်ရမယ်။ ယခု မြန်မာပြည်က အွန်လိုင်းမှာ အထူးသဖြင့် Facebook မှာကြည့်လိုက်ရင် များသောအားဖြင့်က တစ်ဆင့်ခံတစ်ဆင့်ခံ ကူးယူဖော်ပြနေကြခြင်းပဲ။
အဲ။ အဲ့လိုပြောလို့ ကျနော့ကို စိတ်မဆိုးနဲ့နော်။ အားလုံးကို ကျနော် စေတနာနဲ့ နည်းလမ်းကောင်းပေးမလို့။ Copy Writer လိုင်းကို သွားပါ။ ပြောင်းပါ။ အရေးအသားတွေကို နေ့စဉ်မြင်တွေ့၊ ထိတွေ့ နေရတာပဲ။ ကိုယ်တိုင် ဘာသာလေးပြန်ကြည်၊ ကိုယ်တိုင်ခံစားပြီးတော့ ရေးသားကြည့်။ တင်ကြည့်။ Like ဘယ်လောက်တက်လည်းစောင့်ကြည်။
အိန္ဒိယမှာဆိုလုပ်နေကြတယ်လေ။
နိုင်ငံတကာ မှာ Copy Writer ကိုအမှီသဟဲပြု လို့ ထုတ်ကုန်မာကဲတင်းကို အွန်လိုင်းမှာ အဓိကထား ပြုလုပ်ပါတယ်။ အင်တာနက်လိုင်းမြန်ဆန်တဲ့ တိုင်းပြည်တွေမှာ မာကဲတင်းအတွက် တစ်အိမ်ဝင်တစ်အိမ်ထွက် တံခါးခေါက်တာထက် အွန်လိုင်းကနေ အီးမေးလ်ပိုပို့ကြတယ်။ ဝဘ်ဆိုဒ်တွေထောင်တယ်။ Facebook နဲ့ချိတ်တယ်။ ကြော်ညာ တယ်။ ပြီးတော့ Customer သေချာပြီဆိုမှ အိမ်တိုင်ရာရောက်ဖြစ်ဖြစ်၊ ဈေး ကွက် အရောက်ဖြစ်ဖြစ် သွားပါတယ်။ ဒီတော့ အဓိက လှုပ်ရှားမှုက အင်တာနက်မှာ ပြီးမြောက်သွား တာပါ။ မြန်မာပြည်မှာ Copy Writer သာ နောင်အနာဂတ်မှာ ရှိမလာဘူးဆိုရင် Online marketing, Online Media ဆိုတာ တိုးတက်ဖို့ တစ်မျိုး တစ်ဖုံ ခက်ခဲအုံးမှာပါ။
Copy Writer တစ်ယောက်ဖြစ်ရန်
အဓိကကတော့ စာဖတ်အားကောင်းဖို့ပဲ။ ယခုကသာ ကိုယ်တွေက end user မဟုတ်လို့ သူများ ရေးထားတာတွေ ဘာသာပြန်နေရ တာ။ နောက်ကျရင် တိုက်ရိုက်ထိတွေ့ရမှု ရှိလာမယ်။ ကိုယ်တိုင် သုံးရတာတွေ၊ သွားရတာတွေ၊ ကြည့်ရတာတွေ ရှိလာမယ်။ ဒါကို ပြန်ချပြဖို့ဆိုတာ ကိုယ်က သိနေဖို့လိုအပ်တယ်။ သိရုံနဲ့လည်း မပြီးသေးဘူး။ တစ်ဖက်သား နားလည်အောင် ဘယ်လိုနည်းလမ်း နဲ့ ပြန်ချပြရမယ်ဆိုတာကလည်း ရှိသေးတယ်။ Copy Writer တစ်ယောက် ဖြစ်ဖို့က ဗဟုသုတ အတော်လေးစုံဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်က အိုင်တီပစ္စည်းတွေဘက်ကို လိုက်မယ်လို့ ဆုံးဖြတ်ရင် ယင်း အိုင်တီပစ္စည်းကို ထဲထဲဝင်ဝင်သိပြီး ရေးသားတဲ့ အရေးအသားက သတင်းအချက် အလက် အပြည့်အဝကို ပေးနိုင်ပါတယ်။
ခရီးသွားဘက်ကို သွားချင်တဲ့ သူကျ ကိုယ်ပိုင်မှတ်တမ်းတင်ထားတာ
Copy Writer တစ်ယောက်ရဲ့ ဝင်ငွေ
အမေရိကန်မှာ ကန်ဒေါ်လာ ၆သောင်း အထိတောင်ရကြပါတယ်။ UK မှာ အမေရိကန်ထက် ပိုရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဝင်ငွေကောင်းကြပြီး ပျှမ်းမျှအားဖြင့် ကန်ဒေါ်လာ ၂ သောင်းကနေ ၆ သောင်းကြားမှာ ရှိပါတယ်။ ယင်း အလုပ်အပြင် အခြားအလုပ်ပါ ပူးတွဲလုပ်နိုင်ကြပါတယ်။ တစ်စိုက်မတ်မတ်လုပ်သူများလည
နိုင်ငံတကာမှာဆိုရင် ဆရာဝန်ဘွဲ့ရလည်း ဆေးအကြောင်း၊ ကျန်းမာရေး အကြောင်းနဲ့ သူစိတ်ကြိုက်အကြောင်းတွေကို
နိဂုံးချုပ်
ကဲ။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ပါပြီ။ ကိုယ်လက်ရှိ Facebook မှာ ဝေလေလေ လုပ်ပြီး အချိန်ကုန်နေတယ်။ သို့တည်းမဟုတ် Page တွေ၊ Blog တွေသာ ပြုလုပ်ပေမယ့် သူများ သတင်းတွေ၊ အတင်းတွေပဲ ကူးပြီး တင်ပေးနေမိတယ် သို့မဟုတ် ရထားတဲ့ ဘွဲ့နဲ့ အလုပ်နဲ့ မအပ်စပ်လို့ စိတ်ညစ်နေတယ်။ ကိုယ်ဘာလုပ်လို့ဘာကိုင်ရမှန
ကိုယ့်ဘက်မှာ ပြင်ဆင်ထားရမှာက အင်္ဂလိပ်စာ အဖတ်အားကောင်းရန်၊ ဆိုင်ရာဆိုင်ရာ ဗဟုသုတ ကြွယ်ဝရန်၊ စားအရေးအသား ကျွမ်းကျင်တတ်မြောက်ရန်ဖြစ်
--
အောင်ခမ်း (Online Editor at TechSpace Journal)
--
http://
No comments:
Post a Comment