ကျောင်းနေစအရွယ် ကလေးများအတွက် ဘာတွေပြင်ဆင်ပေးရမလဲ
ရာသီစက်ဝိုင်းဟာ တစ်ဖြည်းဖြည်း လည်ပတ်နေခဲ့ရာ အခုဆိုရင် ပူပြင်းတဲ့နွေကာလတို့အဆုံးသတ်လဖြစ်ရာ မေလ ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ မေလကုန်လွန်ပြီး ဇွန်လရောက်ပြီဆိုရင် ကလေးတို့ရဲ့ စာသင်ကျောင်းကြီးဟာလည်း ပြန်လည်ဖွင့်လှစ်ပြီဖြစ်သလို ရဲရဲတောက်တဲ့စိန်ပန်းတို့ဟာလည်း အပြိုင်ဖူးပွင့်ကြတော့မှာဖြစ်ပါတယ်။
နီရဲနေတဲ့ စိန်ပန်းတွေ လှိုင်လှိုင်အောက်မှာ ဖြူစိမ်းရောင်လေးတွေဟာလည်း
သက်ဝင်လှုပ်ရှားလာကာ လောကတစ်ခွင်လုံးဟာ တကယ့်ကို သာယာလှပနေတော့မှာဖြစ်ပါတယ်။အထူးသဖြင် ကျောင်းဖွင့်တဲ့အချိန်ဟာ တက်သစ်စ ကလေးတို့နဲ့ မိဘတို့ရဲ့ ရင်ခုန်သံများတဲ့ကာလလည်းဖြစ်ပါတယ်။
မိဘတွေဟာ မိမိတို့ရဲ့ကလေး ကျောင်းစနေတဲ့အချိန်ကာလမှာ မိမိတို့ရဲ့ကလေး
ကိုယ်စိတ်နှစ်ပါး အဆင်ပြေစေဖို့ လိုလားကြပါတယ်။ ဒါကြောင့်
ကျောင်းစနေမယ်ယ့်ကလေးတို့ ကျောင်းဖွင့်ကာလကို အသားကျကျဖြတ်ကျော်နိုင်ဖို့ ကျောင်း မနေခင်မိဘတို့အနေနဲ့ ပြင်ဆင်ထားနိုင်တဲ့နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။
ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာထားခြင်း
ကလေးနဲ့အတူ ကျောင်းကိုသွားရောက်လေ့လာထားပြီး ကျောင်းဧရိယာအတွင်းလိုအပ်တဲ့နေရာလေးတွေကို လိုက်လံပြသပေးထားခြင်းဟာ ကလေး အတွက် တကယ့်အထောက်အကူပြုစေမှုတွေဘဲဖြစ်ပါတယ်။
ဒီနေရာလေး ကအိမ်သာဖြစ်ပြီး ၊ ဒီနေရာလေးမှာတော့ ကလေး မုန့်ဝယ်လို့ရတယ်၊
ဒါကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး ကစားမယ့်ကစားကွင်း
အစရှိသဖြင့်လိုက်ပြပေးထားခြင်းဟာကလေးအတွက် အစိမ်းသက်သက်မဖြစ်နေစဘဲ ကျင့်သားရနေစေဖို့ အထောက်အကူပြုပါတယ်။
ဆရာမတွေနဲ့ တွေ့ဆုံရင်းနှီးပေးထားခြင်း
ကလေးတက်ရမယ့်ကျောင်း က ဆရာ၊ဆရာမတွေနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး ရင်းနှီးမှုပြုထားခြင်းဟာလည်း ကလေးကို ခွန်အားဖြစ်စေဖို့တွန်းအားဖြစ်သလို ဆရာမနဲ့တွေ့တဲ့အခါ ယဉ်ကျေးလိမ္မာစွာ နှုတ်ဆက်ပြုမှုပုံတွေကိုလည်း သင်ပေးထားခြင်းဖြင့် ကလေးအတွက် ကြုံတွေ့ရမယ့်အနေအထားတစ်ခုအပေါ် သဘောပေါက်နားလည်စေဖို့ အထောက်အကူတစ်ခုဘဲဖြစ်ပါတယ်။
ကလေးအတွက် ကျောင်းသုံးပစ္စည်းကိရိယာတွေကို အတူတကွသွားရောက်ဝယ်ယူခြင်း
ကလေး ကျောင်းတက်ဖို့အတွက် ကျောင်းသုံးပစ္စည်းလေးတွေ၊ ကျောင်းဝတ်စုံလေးတွေ၊
ဖိနပ်လေးတွေ၊ ထမင်းဘူးလှလှလေးတွေကို မိခင်နဲ့အတူတကွသွားရောက်ဝယ်ယူခြင်းဖြင့် ကလေးအား ပျော်ရွှင်စေသလို ကလေးရဲ့စိတ်ထဲမှာ ကျောင်းတက်ရမယ်ဆိုတဲ့ နားလည်မှုတစ်ခု ရရှိစေဖို့ အထောက်အကူပြုစေမှာဖြစ်ပါတယ်။
ကလေးအားသိမှတ်စရာများကို သင်ပေးထားပါ
ကလေးအား မိမိနာမည်ကို ပီသစွာ ပြောတတ်အောင်သင်ပေးထားခြင်း ၊မိမိနာမည်အား ရေးသားထားခြင်းကို မှတ်မိအောင်လေ့ကျင့်ပေးထားခြင်း၊ အက္ခရာစာလုံးတွေ ၊ ကဗျာလေးတွေကို ပီသရှင်းလင်းစွာ ဆိုရွတ်တတ်အောင်သင်ပေးထားခြင်း ၊ အိမ်သာဘယ်လိုသွားရမယ်ဆိုတာကိုသင်ပေးထားခြင်း
၊အစာမစားခင်နဲ့ အစာစားပြီးတိုင်း လက်ကိုစင်ကြယ်အောင် ဆေးတတ်ဖို့
လေ့ကျင့်ပေးထားခြင်း ၊ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့
ပူးပေါင်းပါဝင်လုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးထားခြင်း အစရှိတဲ့ သင်ကြားလေ့ကျင့်ပေးထားခြင်းဟာလည်း ကလေး ရဲ့ပတ်ဝန်းကျင် အသစ်မှာ အလေ့အကျင့်ဖြစ်နေစေဖို့ အထောက်အကူပြုခြင်းတစ်ခုဖြစ်ပါတယ်။
အဓိကအားဖြင့် မိခင်တို့အနေနဲ့ ကလေးအားကျောင်းပို့တဲ့အခါ ကလေးသွားရမယ့်
ကျောင်းပတ်ဝန်းကျင်ဟာ သူငယ်ချင်း အသစ်တွေနဲ့ ပျော်ရွှင်စရာ ကစားကြရမယ့်နေရာ၊
သူငယ်ချင်းတွေနဲ့အတူတူ ပျောရွှင်စွာ စာတွေရေး၊ ကဗျာတွေဆိုရမယ့်နေရာတစ်ခုအဖြစ်တကယ့်ပျော်ရွှင်ဖွယ်နေရာလေးတစ်ခုဖြစ်တယ်ဆိုတာ ပြောဆိုပေးထားခြင်းဖြင့် ကလေးတို့အတွက် ကြောက်စိတ်တွေက်ကင်းဝေးပြီး တက်ကြွရွှင်လန်းနေစေမှာဖြစ်ပါတယ်။
YangonLife
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274
No comments:
Post a Comment