စာရေးသူ ဒီဆောင်းပါးလေးကို ရေးဖြစ်တဲ့အကြောင်းရင်းလေးက
စာရေးသူပြောချင်တာက သူ့ရဲ့ ပရဟိတလုပ်ငန်းအကြောင်းမဟုတ်
(၁) သူတပါးရဲ့ ထင်မြင်ချက်များကို လျစ်လျူရှုပါ။
သူတပါးက ထင်မြင်ချက်တွေပေးတဲ့အခါ နားထောင်ပေးလိုက်ပြီး ဒါဟာ ၁၀၀% အမှန်မဟုတ်ဘူးဆို တာ အမြဲသတိရပါ။ ဘ၀မှာ အခက်အခဲတွေကို ကိုယ့်နှလုံးခုန်သံကို အဖော်ပြုရုံကလွဲပြီး ဘယ်သူမှ အနားမှာ မရှိတဲ့ အခြေနေမျိုးနဲ့လည်း ရင်ဆိုင်ခဲ့ရတာကို သတိရပါ။ ဒါကြောင့် ကိုယ့်နှလုံးသားရဲ့ စကားသံကိုပဲ နားထောင်ပါ။
သူများရဲ့ အမြင်မှာ ကောင်းစေဖို့ သူများရဲ့ လိုအင်ဆန္ဒတွေကို ပြည့်ဝစေဖို့ပဲ အမြဲလုပ်ဆောင်မိ တဲ့အခါ ကိုယ့်ဘ၀အစစ်အမှန် ပျောက်ကွယ်သွားတတ် ပါတယ်။ ဒါကြောင့် အများရဲ့ဝေဖန်ချက် တွေကို မကြောက်ပဲ ကိုယ့်ရင်တွင်းဆန္ဒကိုပဲ အဓိကထား လုပ်ဆောင်ပါ။ ကိုယ့်ရဲ့ အစစ်အမှန် အရည်အချင်းကိုပဲ လူတွေ သဘောကျအထင်ကြီးအောင် လုပ်ဆောင်ပါ။ တကယ်တမ်းစဉ်းစား ကြည့်ရင် ကိုယ့်ဆန္ဒကို ကိုယ်အကောင်အထည်မဖော်နိုင် ရင် ဘ၀က ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဒီတော့ တစ်စုံတယောက်က ကိုယ့်ရဲ့ ဆန္ဒတွေကို ဖိနှိပ်ဖို့ ကြိုးစားလာခဲ့ရင် သူနဲ့ ဝေးတဲ့ နောက်တစ်လမ်း ကိုသာ ရွေးလျှောက်လိုက်ပါတော့။
(၂) အတိတ်က ပြဿနာများကို လျစ်လျူရှုပါ။
ဖြစ်ပြီးခဲ့တာတွေကို ပြောင်းလဲလို့မရတဲ့အတူတူ ရှေ့ကိုဆက်ဖို့ပဲ အမြဲတွေးပါ။ စိတ်ဖိစီးမနေပဲ အကောင်းဆုံးကိုလုပ် ကျန်တာမေ့လိုက်ပါ။ အတိတ်က အမှားဆိုတာ သင်ဘယ်သူဆိုတာကို ကိုယ်စားပြုနေတာ မဟုတ်ပဲ သင်ဘယ်လမ်းကို ရွေးချယ်သင့်တယ်ဆိုတာကိုပဲ လမ်းညွှန်တာပါ။ ဘ၀ဆိုတာ သိပ်ကိုလှပတဲ့ သံသရာစက်ဝန်းလေးပါ။ လူတွေကို သန်မာကြံ့ခိုင်စေဖို့ အားနည်းချက်တွေအကြောင်းကို သိလာအောင်လုပ်ပေးပါ တယ်။ လောကဓံ အနိမ့်မှာ ရလာတဲ့သင်ခန်းစာကြောင့် လောကဓံအမြင့်ကို တဖန်ပြန်လည်ရ ရှိတယ်မဟုတ်ပါလား။
လောကဓံဆိုတာ ဖြစ်ဖို့ပါလာတဲ့အတိုင်း ဖြစ်ကိုဖြစ်တာ အံ့သြဖွယ်တွေ့ရမှာပါ။ စိတ်အညစ်ဆုံးအခြေအနေတစ်ခုကေ
(၃)နေ့စဉ်ဘ၀ရဲ့ အဆင်မပြေမှုများကို လျစ်လျူရှုပါ။
အဆင်မပြေတဲ့နေ့တစ်နေ့ဆိုတာ လာပြီးရင် ထွက်သွားမှာပဲလေ။ ဒါကို အလေးအနက်ထား စိတ်ညစ်နေတော့မှသာ အဆင်မပြေတာ ပိုများလာတော့မှာပေါ့။ မိမိရဲ့စိတ်နှလုံးကို ညှိုးနွမ်းစေ မဲ့အရာတွေကို ဒီအတိုင်းအမှတ်တမဲ့ထားလိုက်
အကျိုးမဲ့အတွေးတွေကို ဖယ်ခွာချလိုက်ပြီး ပေါ့ပါးစွာ ရှေ့ကိုလျှောက်ရမှာပေါ့။
နေ့စဉ်နေ့တိုင်း လဲကျမယ်၊ ပြန်ထမယ်၊ အမှားလုပ်မယ်၊ အမှန်ပြင်မယ်၊ အသက်ရှင်နေထိုင်မယ်၊ သင်ယူမယ်။ သင်ဟာ ပုထုစဉ်ပဲ အရာရာ ဘယ်ပြည့်စုံနိုင်မလဲ။
နာကျင်စရာတွေရှိလာရင်တောင် ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေဖို့ အသက်ရှင်ခွင့်ရှိနေတာဟာ ကျေးဇူးတင်စရာပဲပေါ့။ ဘယ်လောက် ပဲ စိတ်ပျက်နေပေမဲ့ ခြေလှမ်းတွေကို မရပ်လိုက်ပါနဲ့။ ခြေတစ်လှမ်းလေး လှမ်းလိုက်ရုံနဲ့ ပျော်ရွှင်မှုကို ဘွားကနဲတွေ့သွားနိုင်တယ်လေ။
အကောင်းမြင်ကြည့်မယ်။ ကျန်းမာအောင် စားမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ စိတ်ပူစရာတွေ မေ့ပစ်မယ်။ အလုပ်ကြိုးစားမယ်။ ခဏခဏရယ်မောမယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မယ
(၄)ဘ၀တိုးတက်ရေးအတွက် ကြိုးစားလို့ ပင်ပန်းရခြင်းများကို လျစ်လျူရှုပါ။
ဘ၀မှာ ပင်ပန်းဆင်းရဲမှု ၂ မျိုးရှိပါတယ်။ ကိုယ့်ကို ပင်ပန်းစေရုံပဲလား။ ကိုယ့်ကို ပြောင်းလဲသွား စေတဲ့ ပင်ပန်းမှုမျိုးလား။ တကယ်လို့ သင်ဟာ သင်ယူတတ်သူဆိုရင် ဒုတိယပင်ပန်းမှုကိုပဲ တွေ့ကြုံရမှာပါ။ တစ်ခုခုသင်ယူတတ်မြောက်ချင်ရ
သင့်ရဲ့ အားအင်တွေဟာ တချိန်တည်းမှာ စုဆောင်းခဲ့တာမဟုတ်ပဲ အခက်အခဲတွေကို တဆင့်ချင်း ဖြတ်ကျော်ခြင်းမှ တိုးတက်လာတာပဲ မဟုတ်ပါလား။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ အံကြိတ်ပြီး ရှေ့ဆက်ပါ။ တာရှည်တောင့်ခံနိုင်ခြင်းအတ
(၅) အသေးအဖွဲအလုပ်တွေကို လျစ်လျူရှုပါ။
တစ်ခုခုကို တတ်မြောက်အောင် သင်ယူတဲ့အခါ စစချင်းမှာ “Yes” ကိုများများပြောပြီး အရာအားလုံးကို လက်ခံလုပ်ဆောင် ပေးကာ မိမိနဲ့ အကိုက်ညီဆုံး အလုပ်ကို ရှာဖွေစူးစမ်းပါ။ မိမိရဲ့ပန်းတိုင်ကို တွေ့ရှိတဲ့အခါမှာတော့ မိမိမပန်းတိုင်ကို အာရုံစိုက်နိုင်ဖို့ အသေးအဖွဲကိစ္စတွေကို “No” လို့ပြောပြီး ငြင်းတတ်အောင် လေ့ကျင့်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။ အသေးအဖွဲတွေကို မငြင်းတတ်ရင်တော့ အရာရာကို တာဝန်ခံသွားရတတ်ပြီး အောင်မြင်မှုနဲ့ဝေးကာ စိတ်ဖိစီးခြင်း စိတ်ပျက်ခြင်းက သင့်ကို အနိုင်ယူသွားပါလိမ့်မယ်။
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် Bruce Lee ရဲ့ မှတ်သားဖွယ်စကားတစ်ခွန်းကတေ
(၆) စိတ်မရှည်တတ်တဲ့ အတွေးတွေကို လျစ်လျူရှုပါ။
မိမိရဲ့ ယုံကြည်ချက်အတွက် လုပ်ဆောင်နေချိန်မှာ ယုံကြည်ချက်မဲ့စေမဲ့ စိတ်မရှည်တဲ့ အတွေးတွေကို မေ့ပစ်ပါ။ ခြေတစ်လှမ်းတည်းနဲ့ တောင်ကို မကျော်နိုင်ကြောင်း အမြဲနှလုံးသွင်းပြီး စိတ်လောမကြီးပဲ တဆင့်ချင်းလှမ်းပါ။ တစ်နေ့မှာ နည်းနည်းပဲတိုးတက်ရင်တောင် ဒါဟာ တိုးတက်မှုပဲမဟုတ်လား။
ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊
(၇) မိမိမလုပ်နိုင်တဲ့ အရာများကို လျစ်လျူရှုပါ
တစ်ခုခုကို စွန့်စားလုပ်ရမယ့်အခါမျိုးမ
အခက်အခဲတိုင်းဟာ အကြောင်းရင်းရှိကြပြီး သင့်ကို တစ်ခုခုပေးဖို့ ရည်ရွယ်နေတာပါ။ မမျှော်လင့် တဲ့ပြဿနာတွေကို ကျော်လွှားအောင်မြင်ခဲ့ရ တာလောက် ပြီးပြည့်စုံတဲ့ ပီတိရှိနိုင်ပါ့မလား။ နောက်ဆုံးမှာတော့ ပြဿနာဆို တာ ပြီးသွားတတ်စမြဲဆိုပေမဲ့ အဲဒီကနေရခဲ့တဲ့ သင်ခန်းစာက တစ်သက်တာအကျိုးကို ဖြစ်ထွန်းစမြဲပါပဲ။
(၈) ကြောက်စိတ်ကို လျစ်လျူရှုပါ။
ဘ၀ဆိုတာ ကြောက်စရာတွေကို စွန့်စားကျော်လွှားဖို့ ဖြစ်တည်လာတာပါ။ မစွန့်စားရင်တော့ ကိုယ့်အစွမ်းကို မသိရဘူးပေါ့။ ဘာကိုမှ မစွန့်စားရဲတာဟာ အရာအားလုံးကို စွန့်လွှတ်နေတာပါပဲ။ အမှန်ပြောရရင် ဘ၀မှာ ဘာကိုမှကြောက်စရာမရှိပါဘူး၊
လူတိုင်းဟာ ကြောက်တတ်ကြတာပါပဲ။ တကယ်တမ်းကျတော့ စိတ်ထဲကကြောက်နေလို့သာ ကြောက်စရာဖြစ်နေတတ်တာပါ။ ကြောက်စိတ်နဲ့ ပူပန်သောကမီးတောက်လောင်နေခဲ
အနှစ်ချုပ်ပြောရရင်တော့ သင့်ရဲ့ စိတ်ဟာ အရာရာကို ပုံဖော်နိုင်ပြီး ပုံဖော်မှုအတိုင်း ရောက်အောင် တွန်းပို့နိုင်တာကို ယုံကြည်ပါသလား။ တကယ်လို့ ယုံကြည်တယ်ဆိုရင်တော့ မိမိကိုယ်ကို ယုံကြည်တဲ့စိတ်ကို မွေးဖို့အသင့်ဖြစ်နေရမှာပေါ
Win Pa Pa San-yangon life
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12
No comments:
Post a Comment