စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မေမေ မစားခဲ့ ရတဲ့  ပီကေ တစ်ခု


မေမေ မစားခဲ့ ရတဲ့  ပီကေ တစ်ခု”အမေ ဆိုတာက လူ (၅) ယောက်အတွက် မုန့်  (၄)ခုပဲ ရှိတဲ့ 
အခါမျိုးမှာ အဲဒီမုန့် ကို မကြိုက်ပါဘူးလို့  ချက်ချင်း ငြင်းလိုက်ဖို့  ဝန်မလေးသူပါ”

လူငယ်ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနေ့ တစ်နေ့ ကအဖြစ်အပျက်ပါ။ကျွန်တော့် ရဲ့ 
ကောလိပ်ကျောင်းကို ပထမဆုံးသွားခဲ့ တဲ့ နေ့ ကပေါ့ ။ (၁၂)နှစ်တာ ငယ်စဉ်ကျောင်းနေ ဘဝတွေ
အပြီး အရေးကြီးတဲ့  နေ့ တစ်နေ့ ကို ရောက်ရှိခဲ့ ချိန်ပေါ့ ။ မေမေနဲ့  ကျွန်တော် ဘယ်သူပိုပျော်နေခဲ့ ကြတယ်ဆိုတာတောင် ပြောဖို့ တော့ ခက်ပါတယ်။ ဖေဖေ ဆုံးပါးသွားပြီး (၃)နှစ်အကြာမှာ အခုလို ကောလိပ်တက်နိုင်ခဲ့ တာလည်း မယုံနိုင်စရာအံ့ ဖွယ်ရာ တစ်ခုပါ။

ဖေဖေကွယ်လွန်ပြီးကတည်းက သားအမိမှာ ပျော်ရွှင်စရာ ဆိတ်သုဉ်းနေခဲ့ တာပါ။ ဒါပေမဲ့  မေမေက ကျွန်တော့် အတွက် ဖြစ်အောင်လုပ်ပေးနိုင်ခဲ့ ပါတယ်။ မေမေ့ ရဲ့ အနစ်နာခံမှုတွေကို ကျွန်တော် အတော်လေးနားလည်ပြီးသားလို့ ထင်ထားပေမဲ့  မျေေမ နဲ့ အတူ ကားမောင်းပြီးသွားခဲ့ တဲ့  အဲဒီနေ့ ကတော့  ဘဝအတွက် အရေးအကြီးဆုံး အရာတစ်ခုကို သင်ယူခွင့် ရရှိခဲ့ ပါတယ်။

ကျွန်တော်တို့ ရဲ့  ခရီးတစ်လျှောက်မှာ မေမေဟာ အပိုဆာဒါး ညွှန်ကြားချက်တွေ မပြောခဲ့ ပါဘူး။ ဥပမာ လုံခြုံစိတ်ချရအောင် ဘယ်လိုနေ၊ ငွေကို ချွေတာသုံး၊ ဘာတွေ ညာတွေ မလုပ်နဲ့  စသဖြင့် ပေါ့ ။ တကယ်လည်း ပြောစရာမလိုအောင် ဒီအကြောင်းတွေကို အချိန်ပေါင်းများစွာပြောခဲ့ ကြပြီးပြီ မဟုတ်လား။ ဒါတွေအစား အဖိုးတန်တဲ့  သခ်န်းစာကို ရေဒီယိုလေးနားထောင်ရင်း သားအမိနှစ်ယောက် ပေါ့ ပေါ့ ပါးပါး ပြောကြတာလေးတွေကနေရခဲ့ တာပါ။

” သားရေ-ပီကေ လေးမပါဘူးလား”—လို့  မေမေက လှမ်းမေးပါတယ်။
မေမေ ဘယ်တုန်းကမှ ပီကေ စားတာမတွေ့ ဖူးပါဘူး။ ကျွန်တော်ကလည်း ကားမောင်းရင်း တန်းလန်းမို့  ကျွန်တော့် ပိုက်ဆံအိတ်ထဲက ယူစားဖို့ ပြောလိုက်ပါတယ်။မေမေက ပီကေကို ယူလိုက်ပြီး ” ဟာ-ဒါ မေမေ့ အကြိုက်ဆုံး တံဆိပ်ပဲကွဲ့ ၊ မေမေ ငယ်ငယ်လေးကတည်းက သိပ်ကြိုက်ပြီး အမြဲစားတာ” –လို့ ပြောပြန်ပါတယ်။ကျွန်တော့် အတွက် အံ့ သြစိတ်က အထွဋ်အထိပ် ပါပဲ။ မေမေ ပီကေစားတာမမြင်ဖူးဘူးလေ။

တကယ့် ကို မဖြစ်စဖူး အံ့ သြမှုတွေဖြစ်ရပါပြီ။ ဘယ်တုန်းကမှ ပီကေစားတာ မမြင်ခဲ့ ဖူးတဲ့  မေမေက ဒီ ပီကေ ကို သူ့ အကြိုက်လို့ ပြောပြန်တာကိုး။ သားဖြစ်တဲ့ သူ စိတ်ချမ်းမြေ့ ပျော်ရွှင်စေချင်ရုံ သက်သက်နဲ့ တော့  မေမေဟာ ဒီလို မြောက်ပင့်  ပလီပလာပြောမဲ့  သူမျိုး မဟုတ်တာကို ကျါန်တေ် အသေအချာသိပါတယ်။ ကျွန်တော်စောင့် ကြည့် နေစဉ်မှာကိုပဲ မေမေက ငွေရောင် စက္ကူပတ်ထဲက ပီကေ တစ်ခုကို ယူဝါးလိုက်ပါတယ်။ ဘယ်လိုမှ နေလို့ မရတော့ ဘူး။ ကျွန်တော်မေးကို မေးရပါတော့ မယ်။

” မေမေ-သားတစ်ခု မေးမယ်နော်…မေမေ ဘယ်တုန်းကမှ ပီကေစားတာ မတွေ့ ဖူးပါဘူး”
မေမေ အဖြေမပေးမီမှာ ကျွန်တော် အတိတ်ကို ပြန်တွေးကြည့် ပါတယ်။ တစ်နေရာရာကို မိသားစု တပြုံတမ ဖေဖေ့ ရဲ့ ထရပ်ကားလေးနဲ့  ပြွတ်သိပ်ကျပ်ညပ်သွားခဲ့ တာတွေပေါ့ ။ မေမေနဲ့ ဖေဖေက
ရှေ့ မှာထိုင် ၊သားသမီး(၆)ယောက်က နောက်မှာထိုင် ပြီးကျောက်ခေတ် လူသားဆန်ဆန်မျိုးပေါ့ 
။ဖေဖေက တစ်နေရာရာမှာ အမြဲရပ်ပြီး အချိုရည် (၃) ဗူး ဝယ်လေ့ ရှီပါတယ်။

တစ်ဗူးကို မေမေနဲ့ သူ သောက်တယ်။ တစ်ဗူးက သား(၃)ယောက် အတွက် ၊ကျန်တစ်ဗူးက သမီး (၃) ယောက်အတွက်ပေါ့ ။ အဲဒါအပြင် ဖေဖေက ပီကေ တစ်ထုတ်ပါ ဝယ်ပါတယ်။ အဲဒါကတော့  အခု မေမေ စားနေရင်း သိပ်ကြိုက်တယ်ပြောတဲ့ ၊ သိပ်ကောင်းတဲ့  ပီကေပဲပေါ့ ။

ကျွန်တော်သတိရစရာတွေနဲ့  အောက်မေ့ လွမ်းဆွတ်သွားချိန်မှာပဲ မေမေ့ ဆီက ပြုံးပြုံးလေး နဲ့  ပြောတဲ့ စကားကိုကြားလိုက်ရပါတယ်။
” သားရယ်—ပီကေ တစ်ထုပ် မှာ (၇) ခုပဲပါတာကိုး ကွဲ့ ”—-။

အဲဒီ အခိုက်အတန့် လေးဟာ ကျွန်တော့် ကို ကြက်သီးမွေးညင်းထတဲ့ အထိ မေမေ့ ရဲ့  ကြီးမြတ်မှုကို ခံစားလိုက်ရတာပါပဲ။ မေမေဟာ နှစ်နဲ့ ချီပြီး ဒီ ရွေးချယ်မှုကိုပြုခဲ့ တာပါလား။ ဟုတ်တာပေါ့ ။ တစ်ထုပ်မှာ (၇) ခုပဲပါတဲ့  ပီကေ က ဖေဖေနဲ့  ကလေး(၆) ယောက်ယူပြီးရင် ကုန်သွားတာမဟုတ်လား။
ဒါကြောင့်  မေမေ ပီကေ မစားပဲ နေခဲ့ ရတာပါလား။

အချို့ သူများအဖို့ ရာဒီလုပ်ရပ်ကိုကြီးကျယ်ခမ်းနားလုပ်ရန်ကောလို့  ပြောချင်ပြောကြပါလိမ့် မယ်။
ကျွန်တော့် အတွက်တော့  အမှန်ပဲ ခမ်းနားခဲ့ ပါတယ်။ သူနှစ်သက်တာလေးကို အသေးအမွှားဖြစ်စေဦးတော့  နှစ်နဲ့ ချီ စွန့် ထားခဲ့ ရှာတာပါ။ သတိမပြုမိခဲ့ တဲ့  အသေးအမွှားလေးတွေ သိန်းသန်းချီလာတဲ့ အခါ စွန့် လွှတ်ခြင်းက အလွန်အမင်းကြီးမြတ်ခဲ့ တယ်လို့  ခံယူလိုက်မိပါတယ်။

လူတွေကတော့ ပြောလေ့ ရှိပါတယ်။ နေရာမှန်ကိုအချိန်မှန်ရောက်ရှိခြင်းဟာ အောင်မြင်မှုရဲ့  သော့ ချက်
–တဲ့ ။ကျွန်တော့် အတွက်တော့  တစ်ဘဝလုံး မြတ်နိုး နားလည်နေခဲ့ ရသူရဲ့  ကြီးမြတ်မှုကို ဖွင့် ဆိုခွင့် ရခဲ့ တဲ့  သော့ တစ်ချောင်းက ပီကေ လေးတစ်ခုလို့ ဆိုချင်ပါတယ်။နှစ်ပေါင်းများစွာ နှုတ်မမြွက်
ပဲ စွန့် လွှတ် နစ်နာခံခဲ့ တာကိုပေါ့ ။

ဒီနေ့  ဒီအချိန်မှာ ကျွန်တော် နှစ်ပေါင်းများစွာ သင်ယူခဲ့ ရတဲ့  ကျောင်းသင်ပညာရေးကို အထူးကျေးဇူးတင်နေမိခဲ့ တာက မေမေ ပေးခဲ့ တဲ့  နှလုံးသားသင်္ခန်းစာကြောင့် လို့  အတတ်ပြောရဲပါတယ်။

ဒါနဲ့ -စကားမစပ်ပေါ့ ဗျာ။ အဲဒီနေ့ က စလို့  ယခုတိုင်အောင် အဲဒီ တံဆိပ်နဲ့  ပီကေလေးတစ်ထုပ်ကို အမြဲလိုလို ဝယ်ထားတတ်ပြီး နေ့ ကြီးရက်ကြီးတွေမှာလည်း မေမေ့ ကို အမြဲ လက်ဆောင်ပေးနေမိပါတော့ တယ်။
http://goo.gl/mOycdk
Credit : မှိုင်း(ဆေး-၂)

 https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...