စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“ကိုယ်ရသင့်သလောက် ရတာနဲ့ပဲ ကျေနပ်ရင်…”


မတင်းတိမ်၊ မရောင့်ရဲနိုင်ဘူးဆိုတာ လောဘကို ကန့်သတ်ချက်မထားနိုင်လို့ပါ။ လောဘကို
  နှုတ်ခမ်းမသတ်နိုင်လို့ပါ။ လောဘရဲ့ အလိုကို လိုက်နေသမျှတော့ တင်းတိမ်ရောင့်ရဲတဲ့သူတစ်ယောက်
ဖြစ်လာဖို့ မျှော်လင့်ချက်မရှိတော့ပါဘူး။

  လောဘရဲ့သဘောက သူ့အလိုကို ဘယ်လောက်ပဲ ဖြည့်ပေးဖြည့်ပေး၊ အလိုပြည့်သွားတယ်ရယ်လို့ မရှိပါဘူး။ ရပြီးရင်း လိုချင်ရင်း၊ ရပြီးရင်း လိုချင်ရင်းပါပဲ။ ပင်လယ်ကြီးဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေက
စီးဆင်းဝင်ရောက်လာသမျှ ရေတွေအပေါ် အလိုမပြည့်သလို၊ မီးပုံကြီးဟာ ထည့်လိုက်သမျှ
  လောင်စာတွေအပေါ် အလိုမပြည့်သလို ၊လောဘဟာလည်း ရစရာအာရုံတွေ၊
ရစရာပစ္စည်းဝတ္ထုတွေအပေါ် ဘယ်တော့မှ အလိုမပြည့်ပါဘူး။

အလိုမပြည့်တဲ့ လောဘကို အလိုပြည့်အောင် စွမ်းဆောင်နိုင်တာက တင်းတိမ်ရောင့်ရဲခြင်းပါပဲ။
ကိုယ်ရသင့်တာထက် ပိုလိုချင်စိတ်မရှိဘဲ၊ကိုယ်ရသင့်သလောက်ရတာနဲ့ပဲ ကျေနပ်ရင်
လောဘဟာ အလိုပြည့်သွားပါတယ်။

-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
Posted by
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...