မြင်အောင်ကြည့်
ညနေစောင်းလို့ တရားထိုင်ရာက ခေတ္တနားချိန်မှာ ဆရာတော်ကို ခွေးလေးက ကျောင်းအောက်ကနေ စောင့်နေတတ်တယ်။ ဆရာတော် ဆင်းလာတာနဲ့ အမြီးလေးနှံ့ပြီးကြိုတယ်။ ပြီးရင် တုတ်လေးတစ်ချောင်း ကိုက်လာပြီး ဆရာတော်ရှေ့ကိုလာတယ်။ ဆရာတော်က တုတ်လေးကို ယူလိုက်ပြီး ပစ်ပေးလိုက်ရင် ခွေးလေးက ၀မ်းသာအားရ တုတ်ကိုသွားပြန်ကောက်ပြီး ဆရာတော်ထံပြန်လာတယ်။ ဒါဟာ ညနေတိုင်း ဆရာတော်နဲ့အတူ ခွေးလေးတစ်ကောင်ရဲ့ လုပ်နေကျဖြစ်စဉ်တစ်ခုပဲ။
တစ်ညနေမှာ ရဟန်းတစ်ပါးက ဆရာတော်နဲ့ ခွေးလေးနားကို ကပ်လာပြီး တရားထိုင်လို့မရကြောင်း၊ ဆရာတော်တရားပြသည့်အတိုင်း လိုက်ပြီးလုပ်ဆောင်ပေမယ့် မရကြောင်း၊ ဗုဒ္ဓရဲ့တရားတော်များက တွေးလေ ခက်ခဲ နက်နဲလေဖြစ်ကြောင်း လာပြီးလျှောက်ထားတယ်။ ဒီတော့ ဆရာတော်က သူ့ခွေးလေးကို ခေါ်လိုက်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်ကာ
"လမင်းကြီးကို သွားယူပေးစမ်း" လို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့မှ
"ငါ့ရှင် … ခုဆိုရင် ခွေးလေးဟာ ဘာကိုကြည့်နေသလဲ။ ငါက လမင်းကြီးကို သွားယူပေးစမ်းလို့ လက်ညှိုးထိုး ခိုင်းလိုက်ပေမယ့် သူ .. ဘာကိုပဲကြည့်နေသလဲ"
"အရှင်ဘုရားရဲ့ လက်ညှိုးကိုသာ ကြည့်နေပါတယ်ဘုရား"
"ဟုတ်တယ် ခွေးလို မလုပ်နဲ့။ ငါကခိုင်းတာက လကိုယူပေးဖို့။ သူကြည့်နေတာက ငါ့လက်ညှိုးပဲကြည့်နေတယ်။ ညွှန်တာကို မြင်အောင်ကြည့်။ လက်ညှိုးလောက်မကြည့်နဲ့။ ဘုရားဟောတွေဟာ လမ်းညွှန်ချက်တွေပဲ။ ကိုယ်တိုင်မြင်အောင်ကြည့်၊ ရအောင်ကျင့်" လို့ပြောလိုက်တယ်။
ရဟန်းကလည်း ၀မ်းသာပီတိနဲ့ ဆရာတော်အပါးက ထွက်ခွာသွားတော့တယ်။
Maukkha.
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061
စာအမျိုးအစား
ဘာသာရေး
No comments:
Post a Comment