စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူခဲ့သော သံဃာ ဆိုသည်မှာ. .


.

ဗုဒ္ဓမြတ်စွာဘုရား က သံဃာတော်တွေကို ဘာနဲ့တူတယ် လို့ ဥပမာပေးခဲ့သလဲ ဆိုရင်
မြေဆီမြေနှစ်ပြည့်ဝတဲ့ လယ်ယာမြေကောင်းတို့နဲ့တူပါ သတဲ့။
မျိုးစေ့ကောင်းတို့ ထွန်ယက်စိုက်ပျိုးတိုင်း ရှင်သန်သီးပွင့်နိုင်သော လယ်ယာမြေကောင်းတွေပါ တဲ့။

ဆိုလိုတာကတော့ ဒီသံဃာတွေကို အမှီပြုပြီး သတ္တ၀ါတွေဟာ ကုသိုလ်အကျိုးပွားများနိုင်ရတဲ့အတွက်၊ ဒီသံဃာတွေကို အမှီပြုပြီး၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ၊ နိဗ္ဗာန်ချမ်းသာ ရရှိရာ၊
ဒါနပြုရာ၊ သီလဆောက်တည်ရာ စသဖြင့် ပုထုဇဉ်တို့ အကျိုးများစွာ ရနိုင်တဲ့အတွက် ဒီလို ဥပမာ ကို ဆောင်ကြဉ်းတော်မူပါသတဲ့။

ဒါကြောင့် ကျနော်တို့ဟာ ၀ါဆို၊ ကထိန်သင်္ကန်းတွေကပ်တဲ့အခါမှာပဲ ဖြစ်စေ၊ ဆွမ်းကွမ်းအနုမောဒနာ ပြုတဲ့အခါမှာပဲဖြစ်စေ၊
အရှင်ဘုရား တပည့်တော် တို့ကို သနားသောအားဖြင့် ဆွမ်းစားကြွပါ ဘုရား၊ အလှူခံတော်မူပါ ဘုရား စသဖြင့် လျှောက်ရပါတယ်။

ဒီသံဃာတွေက ဘာမှလည်း မလုပ်ဘဲနဲ့ လူတွေ လှူတာ ထိုင်စားနေတာ လို့ တချို့တွေက ပုတ်ခတ် ပြောဆိုတတ်ပါတယ်။
တကယ်တမ်းက သံဃာတွေဟာ သိက္ခာပုဒ် ၂၂၇ သွယ်သော ၀ိနည်းတော်ကို စောင့်ထိန်းပြီး၊ ၁၀ ပါးသော သီလ တို့ကိုလည်း ဆောက်တည်ရပါတယ်။ ရဟန်းကိစ္စပြီးမြောက်အောင် အတွက်လည်း
အင်မတန် ပြင်းပြသော လုံလတို့ဖြင့် အားထုတ်ရပါတယ်။

ဒီလို ခက်ခဲပင်ပန်းတဲ့ ရဟန်းဘ၀ ကို တည်ဆောက်ထားရတဲ့အတွက် ရဟန်းတို့စားရသော ဆွမ်းတနပ်ဟာ ဘယ်လောက်ကြီးလေးသော ၀န် ပါတယ် ဆိုတာ ဆရာကြီးဦးသုခက ရိုက်ကူးပြခဲ့ပြီးပါပြီ။

ဒီလို ရဟန်းတွေ အချိန်နဲ့အမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကို ပြုနေကြ၊ အဲဒီလို ကုသိုလ်ကောင်းမှုတွေ ပြုနေတဲ့ ပုဂ္ဂိုလ်တွေကို ဆည်းကပ် လှူဒါန်းရင်း သတ္တ၀ါတို့လည်း အကျိုးများရ
ပါတယ်။

ရဟန်းတို့ဟာ မိမိတို့ကိုယ်တိုင် ကုသိုလ်များနဲ့ အခါမလပ်ပြည့်နေအောင် အားထုတ်ရတဲ့အပြင်
မိမိအားဆည်းကပ်သော ဒကာတို့ ရဲ့ မဂ်ချမ်းသာ၊ ဖိုရ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာ ကိုလည်း ရအောင်
ဟောပြော ပို့ချ ရသော တာဝန်လည်း ထမ်းရပါသေးတယ်။

အဲဒီလို ဟောပြောပို့ချခြင်းနဲ့ လူတို့ အကုသိုလ်ကို ရှောင်ရှားပြီး၊ ကုသိုလ် ကို ပွားများသထက်
ပွားများအောင် လမ်းပြတည့်မတ်ပေးရတာလည်း ရဟန်းတို့ တာဝန်ပါပဲ။

မိမိကို ဆည်းကပ် ကိုးကွယ်သော ဒကာတို့ လမ်းမှားမရောက်အောင် အကုသိုလ် ဒုစရိုက်မှု များ
ကင်းစင်အောင်၊ ဗြဟ္မာစိုရ် တရားတွေ ပွားများအောင် ကုသိုလ်ထုံလွှမ်းအောင် အားထုတ်ရပါတယ်။

အကုသိုလ်စိတ်များဖြစ်တဲ့ ဒေါသ၊ လောဘ၊ မောဟတွေကင်းစင်အောင်၊ နည်းပါးအောင်၊ အဆုံးမှ
လုံးဝ ချုပ်ငြိမ်းအောင် လုပ်ရတာ ရဟန်းတို့တာဝန်ပါ။

အဲဒီလို တာဝန်တွေကို ထမ်းနေတဲ့အတွက် လူတို့ရဲ့ ဆည်းကပ်ရာ သံဃာ ဖြစ်ရပါတယ်။

ရဟန်းကြောင့်၊ သံဃာ့ကြောင့် လူတို့၊ ဒကာ၊ ဒကာမအပေါင်းတို့ ကုသိုလ်သာ ဖြစ်ထွန်းရာ၊ ဒေါသ သာ ချုပ်ငြိမ်းရာ၊ လောဘ၊ မောဟ သာ ချုပ်ငြိမ်းရာ ဖြစ်စေ့ရပါတယ်။

ဒါကြောင့် လယ်ယာမြေကောင်းနဲ့တူတယ် လို့ ဘုရားရှင် က မိန့်ကြားခဲ့ကြောင်းပါ။

စဉ်းစားချင့်ချိန်နှိုင်းယှဉ် နိုင်ကြဖို့

ချိုတူးဇော်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...