______________
ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့"ယောက်သွား"တွေ
ယောက်သွားရွေးပုံက လက်တစ်ဘက်တစ်ချက်စီမှာ ယောက်သွားတစ်ကောင်စီကို ယူပြီး အချင်းချင်း ခေါက်ကြည့်တာဖြစ်တယ်။ ခေါက်တဲ့အသံကျစ်နေရင် ယောက်သွားလတ်ဆတ်ပြီး အသံပွနေရင်၊ ကြောင်နေရင် ယောက်သွားခွံဘယ်လောက်ပဲ တင်းတင်းစေ့ထားပါစေ အထဲကပုပ်နေတတ်ပါတယ်။
ကလေးတွေက နားကောင်းကြတာမို့ ယောက်သွားအဆိုးအကောင်းကို အလွယ်တကူ ရွေးထုတ်နိုင်ကြတယ်။ ယောက်သွားရွေးနည်းကို အမေသင်ပေးပြီးတဲ့နောက် ကျွန်မဘယ်တော့မှ "အပုပ်"တွေ မှားမရွေးခဲ့မိဘူး။ လတ်ဆတ်တဲ့ ယောက်သွားဟင်းတွေစားရတိုင်း
ယောက်သွားတိုင်း ပုပ်နေတယ်!
တစ်နေ့မှာ ဈေးထဲကယောက်သွားတွေ အမေဝယ်လာပြန်တယ်။ ကျွန်မက ကျွမ်းကျွမ်းကျင်ကျင်ပဲ ဇလုံခွက်တစ်လုံးယူပြီး ရွေးချယ်တဲ့အလုပ်ကို စလုပ်တယ်။ ရွေးနေရင်းမှာ "ယောက်သွားတွေအားလုံး" ပုပ်နေတာကို သတိထားမိတယ်။
ကျွန်မရဲ့နားရွက်ကို ကျွန်မ မယုံရဲတော့ဘူး။ တစ်ကောင်ပြီးတစ်ကောင် ကျွန်မခေါက်ကြည့်တယ်။ တကယ်ပဲ တစ်ကောင်မှ အကောင်းမပါခဲ့ဘူး။ အဲဒီလိုခံစားချက်က ဘတ်စကားပေါ်မှာ ခါးပိုက်နှိုက်တစ်ယောက်မိတာန
"အပုပ်"လို့ ကျွန်မစီရင်ချက်ချထားတဲ့ ယောက်သွားဇလုံကိုယူပြီး အမေကို ကျွန်မသွားတိုင်ခဲ့တယ်။ အမေက တအံတသြနဲ့ "ဘယ်လိုဖြစ်တာပါလိမ့်? အဲဒီယောက်သွားရောင်းသူက အမေကို တစ်ခါမှ မလိမ်ရောင်းခဲ့ဖူးဘူး" လို့ဆိုတယ်။
အမေက ယောက်သွားတွေကို ကောက်ယူပြီး စစ်ဆေးကြည့်တယ်။ လက်စသတ်တော့ ကျွန်မဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ ယောက်သွားကပုပ်နေလို့ ယောက်သွားတိုင်းကိုအပုပ်လို
ဒီလို "လက်စသတ်တော့"ဆိုတဲ့ အတွေ့အကြုံက ကျွန်မရဲ့နုနယ်တဲ့ စိတ်နှလုံးအိမ်ထဲမှာ ထင်းထင်းထင်ကျန်ရစ်စေခဲ့တယ်
မကောင်းသူနဲ့ပဲ ဆုံခဲ့ရတယ်!
ဘွဲ့ရကျောင်းပြီးတာနဲ့ ကျွန်မအလုပ်ဝင်ခဲ့တယ်။ ကျွန်မကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကို မျှော်လင့်ချက်တွေ ထားခဲ့သလို တိုက်တွန်းမှုတွေလည်းရှိခဲ့တ
ကျွန်မကိုယ်ကျွန်မ ကံမကောင်းသူ၊ ကံဆိုးသူလို့ ထင်ခဲ့မိတယ်။ ဘာကြောင့် "ဒီလို မကောင်းတဲ့လူ"တွေနဲ့မှ ကျွန်မ လာဆုံခဲ့ရသလဲ?
ဒီလိုကိုယ့်အပြစ်ကိုယ်ရှာလိ
ကျွန်မက ကျွန်မရဲ့အဆင့်မြင့်စံထားတေ
ကျွန်မစိတ်ကို သတိပြုဖို့ ကျွန်မမေ့နေခဲ့တယ်။ ကျွန်မရဲ့"နဂို"က ကျွန်မဟန်ဆောင်တာလောက် မကောင်းခဲ့သလို လူတွေကလည်း ကျွန်မထင်သလို မညံ့ခဲ့ကြဘူး။ ကျွန်မ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့
ဒီအတွက် ကျွန်မမှာ ရွေးဖို့လမ်းနှစ်ခုရှိခဲ့တယ
ဒီလိုလုပ်နိုင်ဖို့ ကျွန်မ အချိန်အများကြီး ပေးခဲ့ရတယ်။ စစချင်းမှာ အမြင်မစောင်းဖို့ ကျွန်မကိုကျွန်မ "အတင်းအဓမ္မ" ကျင့်ခဲ့ရတယ်။ ကြည့်မရတဲ့အရာတွေကို အမြင်တည့်အောင် ကျွန်မ ကြည့်, ကြည့်, ကြည့်ပေးခဲ့တယ်။ လုပ်ရခက်ခဲလို့ လက်လျော့မယ်ကြံတိုင်း လတ်ဆတ်တဲ့ယောက်သွားတွေ သွန်မိအောင် လုပ်ခဲ့တဲ့ ယောက်သွားပုပ်တစ်ကောင်ကို ကျွန်မသွားမြင်ယောင်မိတယ်။
နှစ်တွေကုန်လာတာနဲ့အမျှ ဒီလိုနည်းက ကျွန်မရဲ့လူမှုဆက်ဆံရေးကို ပိုတိုးတက်ကောင်းမွန်လာစေခဲ
ဒီလို အမေကိုကူရင်း ရလာခဲ့တဲ့ အိမ်တွင်းသင်ခန်းစာတစ်ခုက ကျွန်မဘဝမှာ ဒီလောက် အကျိုးသက်ရောက်စေခဲ့မယ်လို့
နိုင်းနိုင်းစနေ
https://www.facebook.com/photo.php?fbid=413943688703468&set=a.351047714993066
No comments:
Post a Comment