စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်ချစ်သူအပေါ် သစ္စာရှိပါ

 

ညတစ်ညမှာ ယောက်ျားတစ်ယောက် အရက်မူးမူးနဲ့ အိမ်ပြန်ရောက်လာပြီး ပစ္စည်းတွေကို ပစ်ပေါက်ရိုက်ခွဲနေရင်းက အော့အန်ပြီးတော့ ကြမ်းပြင်ပေါ်လဲကျသွားတယ် … သူ့မိန်းမက သူ့ကို ဆွဲထူပြီး အခန်းထဲပို့ပြီးတဲ့အခါ အန်ဖတ်တွေနဲ့ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းခဲ့တယ် …

နောက်တစ်နေ့မနက် ယောက်ျားနိုးလာတဲ့အခါမှာ မနေ့ညက အဖြစ်ကိုစဉ်းစားပြီး သူ့မိန်းမ သူ့ကို အရမ်းစိတ်ဆိုးဒေါသထွက်နေပြီလို့ ထင်နေတယ် … သူ့မိန်းမနဲ့ ရန်မဖြစ်ရပါစေနဲ့လို့လည်း ဆုတောင်းနေတာပေါ့ …

ဒါပေမယ့် သူအိပ်ယာကနေ ထထိုင်လိုက်တဲ့အခါ ဘေးကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့လိုက်တယ် …


“မနက်စာအတွက် ကို ကြိုက်တဲ့ မုန့်ဟင်းခါး စားပွဲပေါ်မှာ ပြင်ပေးထားတယ်နော် …
ဝယ်စရာတွေရှိလို့ ဈေးသွားလိုက်ဦးမယ် …
ကိုအလုပ်မသွားခင် အရောက်ပြန်လာခဲ့မယ် …
အရမ်းချစ်တယ် …”


စာကိုဖတ်ပြီးတဲ့အချိန်မှာ သူအရမ်းအံ့သြသွားပြီး သူ့သားကိုမေးလိုက်တယ် ..

“မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ??”

သားက ပြန်ဖြေလိုက်တယ် …


“မနေ့ညက အဖေအရမ်းမူးပြီး လဲကျသွားတဲ့အချိန်မှာ အမေ အဖေ့ကို အိပ်ယာထဲ တွဲခေါ်လာပြီး အဖေ့ ဖိနပ်တွေ အကျီင်္တွေ ချွတ်ပေးနေတုန်း အဖေက မျက်စိတောင် မဖွင့်နိုင်ဘဲ ပြောလိုက်တယ်လေ …

♥ ဟေ့ ကောင်မလေး!ငါ့ကို မထိနဲ့ … ငါ့တစ်ယောက်တည်း ထားခဲ့ … ငါ့မှာ အိမ်ထောင်ရှိတယ်!! ♥

တဲ့ …”


✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿


ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင် သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို ပြန်တန်ဖိုးထားပါလိမ့်မယ်!! ♥ ♥ ♥

http://www.facebook.com/photo.php?fbid=405937139504123&set=a.351047714993066.76

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...