၁)
ကျနော် ကျောင်းသားဘဝက အသင်းခေါင်းဆောင်မဖြစ်ဖူးပါ
မှတ်မှတ်ရရ သတ္တမတန်းကျောင်းသားဘဝက ကျနော်တို့ အသင်းမှာ အပြာသင်းဖြစ်၍ အသင်းခေါင်းဆောင်မှာ မောင်ဟံငွေဖြစ်သည်။ သူသည် အသက်ငယ်သော်လည်း ထကြွ၊နိုးကြား၊သနား၊သည်းခံ၊
အနီ၊အပြာ၊အဝါ၊အစိမ်းဟု အသင်းလေးသင်းရှိရာ ကျောင်းသန်းရှင်းရေးကို အသင်း တစ်သင်းလျှင် တစ်ပတ်ကျ ကျောင်းသန့်ရှင်းရေးလုပ်ရပါ
ကျနော်တို့ အပြာသင်းအလှည့်ရောက်သော အခါ အသင်းခေါင်ဆောင် မောင်ဟံငွေမှာ ခေါင်းဆောင် ပီသသူတစ်ယောက်ဖြစ်သည်။ ကျောင်းဆင်းချိန် ခေါင်းလောာင်းထိုးလို့ ကျောင်းသားအားလုံး လွယ်အိပ်လွယ်ကာ ဝရုန်းသုန်းကား ပြေလွှားကာ အိမ်ပြန်တတ်သော်လည်း သူတစ်ယောက်တည်း နောက်ချန်၍ ၊ ကစင်ကလျားဖြစ်သော စာသင်ခုံမျာကို စီတန်းခြင်း၊ အမှိုက်သရိုက်များကို ရှင်းလင်းခြင်း၊ တံခါးပေါက်များကို အသေအချာပိတ်ခြင်းများကို သူတစ်ယောက်တည်း နေ့တိုင်းလိုလို လုပ်တတ်သည်။
အသေးအဖွဲ့ ကိစ္စကို အသင်းသားများအား မကက်တွက်တတ်။ ကြီးမားသော နံက်ပိုင်း ကျောင်း သန့်ရှင်းရေးမျိုး၊ သောက်ရေအိုး ရေထည့်သောကိစ္စများကိုသာ အသင်းသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ်သည်။
ကျနော်တို့ အသင်းအလှည့်ရောက်တိုင်း ကျောင်းဆင်းချိန် တခါးပိတ် စာသင်ခုံစီတဲ့ အလုပ်ကို သူတစ်ယောက်တည်း လုပ်နေတာ မြင်တော့ အသင်းသားဖြစ်သော ကျနော်လည်း မနေတတ်၍ ဝိုင်းကူလိုက်သည်။
မောင်ဟန်ငွေသည် အသင်းခေါင်ဆောင်ဖြစ်၍ အသင်းသားများထက် အချိန်ပိုယူကာ အသင်းအတွက် ၊ ကျောင်းအတွက် အလုပ်ပိုလုပ်သော် လည်း သူသည် အတန်းထဲတွင် စာအတော်ဆုံးဖြစ်သည်။ ကျနော် သူလောက် စာမတော်ပေမယ့် သူ့ကို အားကျခဲ့သည်။
၂)
အရွယ်ရောက်လာတော့ တရုတ်စာသင်ရန် ထိုင်ဝမ်သို့ ရောက်သွားခဲ့သည်။
ကျောင်းစည်းကမ်းအရ နံက်တိုင်း ဆရာကော တပည့်ပါ လေ့ကျင့်ခန်း လုပ်ရသည်။ နံက် ၄း၃၀ နာရီ ဘုရားရှိခိုးရသည်၊ တစ်နေရာတည်း ဆွမ်းအတူးစားရသည်၊ ညနေအလုပ်အတူလုပ်ရသည်။
အသက် ခြောက်ဆယ်ကျော် ဆရာတော်သည် မပျက်မကွက် တပည့်များနှင့် အတူ နံက်တိုင်း လေ့ကျင့်ခန်းလုပ်သည်။ ဘုရားအတူ ဝတ်တက်သည်၊အာဂုဏ်ဆွမ်းကို ဆရာတော်ဆိုပြီး ခွင့်ထူးခံ ကောင်းမွန်သော အစာများကို သီးခြား မစားတတ်၊ ရှိအတူ/မရှိ အတူ တပည့်များနှင့် အတူစားတတ်သည်။ တပည့်များ ညနေ အလုပ်ချိန်တွင် ဘေးမှာ ဆရာတော် အမြဲ ရှိနေတတ်သည်။
ရှေးလူကြီများ ဆိုစကားဖြစ်သော "သစ်ပင် ၊ ချောင်းမြောင်း ၊ နို့ကောင်းနွားမကဲ့" သို့ ခေါင်းဆောင်ကောင်း စိတ်ဓာတ်ရှိသော ဆရာတော်ကို အထူးကြည်ညိုလေးစားမိသည်။
၃)
ကနေဒါကို ရောက်တော့ ထူထူးခြားခြား ၊ အုပ်စုလိုက်နေတတ်သော ငန်းဘဲများကို ကနေဒါရှိ ပန်းခြံ ၊ ရေကန်များတွင် တွေ့ရှိရသည်။ ငန်းဘဲများ၏ ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့လိုက် ညီညွတ်ညွတ်
နေတတ် ခြင်းကို အထူးစိတ်ဝင်စားမိသည်။
ကနေဒါ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဌာနက ထိုငန်းဘဲများကို ဘေးမဲ့ ပေးထားသည်။ ကနေဒါနိုင်ငံရဲ့ သင်္ကေတအဖြစ်သတ်မှတ်ထားသည်။ ဆောင်းရာသီသို့ရောက်သောအခါ မိုင်ပေါင်း ထောင်ချီ၍ နွေးထွေးရာ မက်ဆီကန်သို့
ပြန်သွားတတ်သည်။
ကနေဒါငန်းဘဲများ ထောင်သောင်းချီ၍ အုပ်စုဖွဲ့ ပျံသန်းချိန်တွင် ကျနော် တအံ့တသြ ကောင်းကင် ကိုမော်ကြည့်နေမိသည်။ သူတို့အုပ်စုဖွဲ့ ပျံသန်းမှုကို ကျနော်တို့လူသားများ အတုယူထိုက်ပေစွ။ သူတို့ ပျံသန်းပုံမှာ “V” ပုံသဏ္ဍန်ဖြစ်သည်။ ရှေးက ငန်းဘဲခေါင်းဆောင်များမှ ဦးဆောင်၍ နောက်လိုက် ငယ်သားများက ညီညီညာညာ “V” ပုံသဏ္ဍန်ကို လိုက်ပျံသန်းရသည်။
ဤကဲ့သို ပျံသန်းရခြင်းမှာ မိုင်ပေါင်း ထောင်သောင်းမက ပျံရမည့် ငန်းဘဲများ အလှည့်ကျ ဦးဆောင်၍ ပြင်းထန်သော လေအဟုန်ကို ထိုးဖောက်ကာ တစ်ကောင်တစ်လှည့်စီ ဦးဆောင်၍ ပျံသန်းခြင်းဖြစ်သည်။ ခေါင်းဆောင်က အားအင်ဖြင့် လေအဟုန်ကို ထိုးဖောက်စဉ် အဖွဲ့ဝင်များက သက်သက် သာသာ လေဟုန်စီး၍ လိုက်သွားနိုင်သည်။ ကျနော်တို့ လူသားများ အတုယူထိုက်ပေစွ။
၎)
ယနေ့ ပြည်တွင်းမှာပဲ ဖြစ်ဖြစ် ၊ ပြည်ပမှာပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာများ ခေတ်ကာလတောင်းဆိုမှုကြောင့် အသင်းအဖွဲ့များစွာ ပေါ်ပေါက်လာသည်။ သို့သော် ဘာကြောင့်ရယ်မပြောတတ်၊ အသင်းတည်ထောင်စသာလျှင် တက်တက်ကြွကြွရှိပြီး ခရီးမပေါက်ခင်တွင် အသင်းကွဲများ ဖြစ်လာတတ်သည်။
ကျနော့်အမြင် လေ့လာသုံးသပ်ရသော် စောစောက ပြောခဲ့တဲ့ ငန်းဘဲများလို လေဟုန်ကို ထိုးဖောက်ကာ ပျံသန်းနေသော အသင်းခေါင်းဆောင်နောက်ကို အသင်းသားများက လေဟုန်းစီးမလိုက်ပဲ ရှေ့တက်ကာ ပျံသန်းတတ်ကြသလို။ အသင်းခေါင်းဆောင်များရဲ့ ခေါင်ဆောင်စိတ်ဓာတ် လျော့နည်းမှုများကြောင့်ဟု သုံသပ်မိပါသည်။
၅)
မြတ်စွာဘုရားသည် သင်္ဂါလောဝါဒသုတ်တွင် နယကဂုဏ်ခြောက်ပါးနှင့် အနာယကဂုဏ်ခြောက်ပါးကို ဟောကြားထားသည်။
“ဂဏန်း၊ ပုတ်သင်၊ ဝါးပင်၊ နွားသိုး လိပ်မျိုး၊ ခွေးအ၊
ဤခြောက်ဝ နာယက မတင်ထိုက်။
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု
ဤခြောက်ခု တင်ပါ နာယက” ဟူ၍ ဖြစ်သည်။
• ဂဏန်းလို လက်မ အမြဲထောင်တတ်သူ
• ပုတ်သင်လို ပြောသမျှ ခေါင်းညိပ်တတ်သူ
• ဝါးပင်လို လေလာသမျှ ယိမ်းနွဲ့တတ်သူ
• လိပ်လို မိမိဖက်ကိုသာ ယက်တတ်သူ
• နွားသိုးလို ရှုးရှုးဒိုင်းဒိုင်း လုပ်တတ်သူ
• ခွေးအလို ကောက်ကျစ်တတ်သူများ အသင်းခေါင်းဆောင် မထိုက်ပေ။
လုပ်ငန်းအပေါ် တက်ကြွစွာ ဆောင်ရွက်သူ၊
အမြဲသတိဝီရိယ စိုက်ကာ နိုးနိုးကြားကြားရှိသူ၊
ညှာတာသနားစိတ်ကိုယ်ချင်းစာစ
အဆိုးအကောင်းတို့ဖြင့် သည်းခံခွင့်လွှတ်တတ်သူ၊
ဖြစ်လာသမျှကိစ္စများအပေါ် အရာရာကို ဝေဖန်ချင့်ချိန်ဆောင်ရွက်တတ
မိမိထက်ကြီးသူ၊ ငယ်သူများကို လိုအပ်သလို ထောက်ပံ့ကြည့်ရှုကာ ကူညီပေးတတ်သူများ အသင်းခေါင်းဆောင် ကောင်တို့၏ ဂုဏ်အင်္ဂါများဖြစ်သည်။
အချုပ်ဆိုရသော်… သူလိုတယ်၊ ငါပိုတယ်စသည်ဖြင့် ဘယ်သူ့ကိုမှ လက်ညိုးမထိုးပဲ ၊ မည်သူတစ်ဦးတစ်ယောက်၏ လိုအပ်ချက်ကို ကြည့်မနေပဲ၊ အသင်းခေါင်းဆောင်က ခေါင်ဆောင်းကောင်း အင်္ဂါများနှင့်အညီ ညီးဆောင်ရမည်ဖြစ်သလို ၊ အသင်းသားများမှလည်း နောက်လိုက်ကောင်းပိပိ လူလောကကြီး သာယာအေးချမ်းစေဖို့ လက်တွဲ အတူလုပ်ဆောင်သွားကြပါစို့ဟု
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ
http://www.facebook.com/photo.php?fbid=409761269121710&set=a.351047714993066.76
No comments:
Post a Comment