တစ်ခါက အမေရိကား ကုန်သည်တစ်ဦးဟာ မက်ဆီကို ကမ်းခြေရှိ တံငါရွာတစ်ရွာကို အပန်းဖြေဖို့ ရောက်ခဲ့တယ်။ တစ်နေ့မှာ မက်ဆီကို တံငါသည်တစ်ဦး ငါးတွေတင်ထားတဲ့ လှေကိုလှော်ပြီး ကမ်းကပ်လာတာကို တွေ့လိုက်တယ်။ ငါးကြီးတွေ ရခဲ့တဲ့အတွက် တံငါသည်ရဲ့ အစွမ်းအစကို ချီးကျူးမိပြီး “ဒီလောက်များတဲ့ ငါးကိုရဖို့ အချိန်ဘယ်လောက်ကုန်ခဲ့သလဲ” လို့ မေးလိုက်တယ်။ တံငါသည်က အချိန်တွေ သိပ်မလိုကြောင်းပြောတော့ ကုန်သည်က “ငါးတွေ ဒီထက်ပိုရအောင် ဘာဖြစ်လို့ အချိန်ကြာကြာ မဖမ်းခဲ့သလဲ” လို့ မေးပြန်တယ်။
တံငါသည်က “ဒီငါးတွေဟာ ကျွန်တော်တို့ မိသားစုအတွက် လုံလောက်နေပြီ ဘာဖြစ်လို့ ဒီထက်များတဲ့ငါးတွေ ဖမ်းရဦးမလဲ” လို့ နားမလည်စွာ ပြန်မေးတယ်။
“ဒါဆိုရင် ပိုနေတဲ့ ခင်ဗျားရဲ့အချိန်တွေကို ဘာလုပ်သလဲ” ကုန်သည်က မေးခွန်းထုတ်ပြန်တယ်။
“ကျွန်တော်လား.. မနက်တိုင်း အလိုလို နိုးလာတဲ့အထိ ကျွန်တော်အိပ်တယ်။ ပြီးရင် ငါးထွက်ဖမ်းတယ်။ ငါးဖမ်းပြန်လာရင် ကလေးတွေနဲ့ ဆော့ကစားတယ်။ ပြီးရင် နေ့လယ်တစ်ရေးအိပ်တယ်။ မှောင်ရီဝိုးတ၀ါးအချိန်ကျရင
“ကျွန်တော်ခင်ဗျားကို အကြံတစ်ခုပေးချင်တယ်။ ခင်ဗျားငါးဖမ်းတာကို အချိန်နည်းနည်းပိုဖြုန်းလို
“ဒီလိုဖြစ်လာဖို့ အချိန်ဘယ်လောက် စောင့်ရမလဲ”
“ဆယ်နှစ်ကနေ ဆယ်ငါးနှစ်အထိပေါ့”
“နောက်တော့ကော”
“နောက်တော့ ခင်ဗျားဟာ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပြီပေါ့။ စတော့ဈေးကွက်တွေ ကစားနဲ့ ခင်ဗျား ဌေးသထက် ဌေးလာတာပေါ့”
“နောက်တော့ကော”
“အရမ်းချမ်းသာလာတဲ့ အချိန်ကျရင် ခင်ဗျားအနားယူလိုက်ပေါ့။ ပြီးတော့ ကမ်းစပ်က တံငါရွာတစ်ရွာမှာ အပန်းဖြေဖို့ သွားပေါ့။ အလိုလို နိုးလာတဲ့အထိအိပ်၊ အပျင်းပြေ ငါးထွက်ဖမ်း၊ ကလေးတွေနဲ့ ဆော့၊ နေ့လယ် တစ်ရေးတမောအိပ်၊ ညနေခင်းမှာ မိတ်ဆွေတွေနဲ့ အရက်လေးသောက်ကြတာပေါ့” ကုန်သည်ကြီး အားတက်သရော အကြံပေးတဲ့ စကားကို ကြားတော့ တံငါက “ကျွန်တော် အခုလည်း ဒီလိုပဲ နေနေတာ မဟုတ်လား” လို့ နားမလည်စွာ ပြောလို
စာပေရိပ်မွန် စာအုပ်စင်
http://www.facebook.com/photo.php?fbid=409986955765808&set=a.351047714993066.7
No comments:
Post a Comment