ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါအကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။
သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ ဘာရယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။
တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ။ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလေး လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။
ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ ကားစောင့်နေရင်းလည်း Facebook ဖွင့်တယ်။ လမ်းလျှောက်နေ ရင်းလည်း Facebook ဖွင့်တယ်။ စကားပြောနေရင်းလည်း Facebook ဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။ တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။
ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ ဖုန်းဘေလ်စောစောကုန်တော့လည်
ယင်းစိတ်ရောဂါက အထက်ကဖော်ပြပါအတိုင်းပဲ စိတ်ဓာတ်ကျခြင်း (Depression) ကို ဖြစ်စေပြီး မေ့မေ့လျော့လျော့လညး ဖြစ်စေပါတယ်။ အလုပ်လည်း ပျက်ပါတယ်။ ဒီတော့ ဖုန်း စွဲတဲ့ ဖုန်းရောဂါ လဏ္ခာ များက
- ၁၀ မိနစ်တစ်ခါ ဖုန်း မျက်နှာပြင် ကြည့်မိရင်
- သူငယ်ချင်းနဲ့ စကားပြောရင်း ဖုန်းခဏခဏ ကြည့်မိရင်
- သီချင်းသံ ကြားတိုင်း မိမိဖုန်းက မြည်သည်ဟု ထင်နေရင်
- ဖုန်မမြည်လဲ မြည်တယ်လို့ ထင်နေရင်
- တစ်နေ့လုံး ဖုန်းမပြောပဲ မနေနိုင်ရင်
- ခဏတိုင်း Message ဝင်ဝင်စစ်နေရင်
- သူများ ဖုန်း ကလိတာတွေ့တိုင်း ကိုယ့်ဖုန်းကို ကလိလာမိတာ အကြိမ်များရင်
--
ရောဂါပျောက်ရန်
ရှင်းပါတယ်။ ဖုန်း ကလိတဲ့ အကြိမ်ကိုလျော့နိုင်လေကောင်
စာဖတ်သူတို့ထဲမှာလည်း ဖုန်းစွဲ၊ ဖုန်းမခွဲမခါ စိတ်ရောဂါလေး ရှိနေရင် ဒီစာလေး ရှဲလို့ မျှဝေပေးနိုင်ပါတယ်။
--
အောင်ခမ်း (TSJ team)
TechSpace Journal
http://www.facebook.com/photo.php?fbid=409975249100312&set=a.351047714993066.76
No comments:
Post a Comment