► အရေးအကြောင်းဆိုတာ အသားအရေမှာရှိတဲ့ Collagen နဲ့ Elastin တွေဟာ အသားအရေကို တင်းရင်းနုပျိုအောင် လုပ်ဆောင်ပေးတဲ့ အရာတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ Collagen တွေ Elastin တွေ ဆုံးရှုံးလာပြီး အရေးအကြောင်းတွေ အသားအရည်တွဲကျတာတွေ ဖြစ်ပေါ်လာရတယ်လေ။ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး အသားအရေဟာ စတင်အိုမင်းစပြုလာပါပြီတဲ့။
► အရေးအကြောင်း ဖြစ်ပေါ်ရခြင်းအကြောင်းများ
အသက်ကြီးလို့ အရေးအကြောင်းဖြစ်တာမျိုးကို
၁)အရေးအကြောင်းဖြစ်ပေါ်စေတဲ့
၂) နေရောင်နဲ့ ထိတွေ့မှုများခြင်းကြောင့်လည
၃) စီးကရက်မှာပါဝင်တဲ့ Chemical တွေဟာ သဘာဝ Collagen နဲ့ Elastin တွေကို ပျက်စီးစေပြီး ၄၀ ရာခိုင်နှုန်းလောက် အသားအရေကို ပါးလွှာစေပါတယ်။
၎) တချို့ဆေးဝါးတွေနဲ့ Thyroid တို့ ဆီးချိုတို့လို ရောဂါတွေဟာလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။
► ဆောင်ရန်၊ ရှောင်ရန်
ဘာကြောင့်ဖြစ်လဲဆိုတာ သိပြီဆိုရင် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆို
၁) အသားအရေကို အစိုဓာတ်ထိန်းပါ။ Moisturizer ပုံမှန်လိမ်းပါ။
၂) အငံ လျော့စားပါ။ အငံလျော့စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။
၃) ငါးကြီးဆီ စားပါ။ ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 ဟာ အသားအရေအတွက်တင်မကဘဲ နှလုံးအတွက်ပါ အထူးသင့်တော်တယ်လေ။ ငါးကြီးဆီမစားချင်ရင် ပင်လယ်ငါးတွေ စားပေးပေါ့။ Salmon လို ငါးမျိုးတွေမှာလည်း Omega 3 ပါတယ်။
၎) ရေများများသောက်ပါ။ အစားအသောက်ဆင်ခြင်ပါ။ Antioxidant များများပါတဲ့ အသီးအနှံတို့ ဟင်းသီးဟင်းရွက်တို့ ပိုစားပါ။ အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။
၅) အနည်းဆုံး SPF 30 လောက်ပါဝင်တဲ့ Sunscreen လိမ်းပါ။ နေပူထဲထွက်မယ်ဆို နေကာမျက်မှန်တပ်ပါ။
၆) တနေ့ ၈ နာရီ ပုံမှန်အိပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ဘေးစောင်းအိပ်ခြင်းဟာလည်း အသားအရေကို လျော့တွဲလွယ်စေပါတယ်တဲ့။
၇) စိတ်ဖိစီးမှုကို လျော့ချပါ။ အားကစားလုပ်ခြင်း တရားထိုင်ခြင်းနဲ့ အသက်၀၀ရှုခြင်းဟာ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
၈) Anti-wrinkle cream တွေဟာ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် အသားအရေကို ပိုတင်းရင်းနုပျိုစေတယ်။ မျက်နှာမှာဆို ပထမဆုံးပေါ်တတ်တာ မျက်လုံးနားက အရေးအကြောင်းတွေပေါ့။ အဲ့ဒါတွေကို Anti-wrinkles eye cream တွေနဲ့ ကာကွယ်နိုင်ပါတယ်။
► Product recommendation
L’oreal Eye cream လေး သုံးကြည့်တာ မဆိုးဘူး။ မျက်လုံးတ၀ိုက်မှာ အရင်ထက် ပိုတင်းတင်းလေးဖြစ်လာသလို ခံစားရတယ်။ တခြား Eye cream တွေ မသုံးဖူးတော့ ဘယ်ဟာကောင်းလဲ မပြောပြတတ်ဘူး။ ခုသုံးနေတာလေးကို ကြိုက်လို့ ပြောပြတာပါ...
နှင်းဆီဖူးလေးများ-Love BUDS
http://www.facebook.com/photo.php?fbid=411166685647835&set=a.351047714993066
No comments:
Post a Comment