အာဠ၀ီမြို့သို့ ဘုရားရှင်ကြွတော်မူစဉ် ဒါယကာတစ်ယောက်ကို အကြောင်းပြု၍ ဤဒေသနာကို ဟောကြားတော်မူလေသည်။
အာဠ၀ီမြို့မှ ဆင်းရဲသားဒါယကာတစ်ယောက်၏ ကျွတ်တမ်းဝင်မည့်
အရေးကို မြင်တော်မူသဖြင့် ဘုရားရှင်သည် နောက်ပါရဟန်းငါးရာ
နှင့်တကွ သာဝတ္ထိမြို့တော်မှ ယူဇနာသုံးဆယ် ကွာလှမ်းသော အာဠ၀ီမြို့သို့ ကြွရောက်တော်မူ၏။ အာဠ၀ီမြို့သူမြို့သားတို့သည
ဆွမ်းကိစ္စပြီးဆုံးသောအခါ ဆွမ်းအနုမောဒနာတရား
ဟောကြားတော်မူရန် ဆွမ်းဒါယိကာမများက ဘုရားရှင်၏သပိတ်ကို လှမ်းယူကြ၏။
ဘုရားရှင်သည် ရည်မှန်းထားခဲ့သော ဒါယကာတစ်ယောက်
ရောက်မလာသေးသဖြင့် တရားဟောတော်မမူသေးဘဲ ဆိတ်ဆိတ်နေတော်မူလေသည်။
ထိုဒါယကာသည်ကား ဆင်းရဲသားတစ်ယောက်ဖြစ်၍
ပျောက်သွားသော နွားတစ်ကောင်ကို တောထဲမှာ ရှာဖွေနေရ၏။
နွားကိုရှာ၍ တွေ့လာခါမှ နွားကို နွားအုပ်ထဲသို့ သွင်းထားပြီးလျှင်
ဘုရားရှင်ထံသို့ ၀င်လာ၏။
ထိုဒါယကာသည် ဆာလောင်မွတ်သိပ်နေသဖြင့် ဤအတိုင်း တရားဟောလျှင် တရားကို သိနိုင်မည် မဟုတ်ချေ။ ဤအကြောင်းကို ဘုရားရှင် သိတော်မူသဖြင့် သံဃာများအား ဆက်ကပ်၍ ကျန်သော စားသောက်ဖွယ်ရာများကို ကျွေးမွေးရန် မိန့်ကြားတော်မူ၏။
ဆွမ်းကျွေးပွဲ၌ ဝေယျာဝစ္စဆောင်ရွက်သူများကလည
ကျွေးမွေးကြကုန်၏။ အစားအစာ တင်းတိမ်စွာ စားသောက်ပြီး
သောအခါ ထိုဒါယကာအား ဘုရားရှင်က တရားဟောတော်မူလေရာ ထိုဒါယကာသည် သောတာပန်ဖြစ်လေသည်။
ဘုရားရှင်သည် ဒါယကာတစ်ယောက်အား အစားအသောက်
ကျွေးမွေးရန် ဤနေရာမှတစ်ပါး အခြားနေရာများ၌
မိန့်ကြားတော်မမူခဲ့ချေ။
သို့ဖြစ်၍ အာဠ၀ီမြို့မှ ပြန်လာကြသောအခါ ရဟန်းများက ထိုအကြောင်းကို ပြောဆိုကြ၏။
ဘုရားရှင်သည် ထိုစကားနှင့် ဆက်စပ်၍ တရားစကား ဟောကြားတော် မူလိုသဖြင့်
အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။
• ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး ရောဂါတည်း။
• သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဒုက္ခတည်း။
• နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။
ဤသို့ဟုတ်တိုင်းမှန်စွာသိ၍ ပညာရှိသည် နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြု၏။
( ဓမ္မပဒ၊ သုခ၀ဂ်၊ ဧကဥပါသကဝတ္ထု )
http://www.facebook.com/photo.php?fbid=154004278102700&set=a.131750700328058.
No comments:
Post a Comment