ဒေါက်တာပွ ဆေးခန်းလေးသို့ တစ်နေ့ အသက် ၈၀ ခန့် အဘွားအိုတစ်ဦး တုန်တုန်ချိချိ ရောက်လာလေသည်။ သူပြောသော စကားက
" သားရယ် အဘွားကို သေဆေး ထိုးပေးပါ"
" အမငီး မလုပ်ပါနဲ့ အဘွားရယ် ကျွန်တော်မှုခင်းမျက်နှာဖုံး
တကယ်တော့ ထိုအဘွားပြောနေသည်မှာ အကြောင်းရှိသည်။ ယောက်ျားလည်းဆုံး သားသမီးနှစ်ယောက်ရှိပါရဲ့။ တစ်ယောက်က နိုင်ငံခြားကို အောက်လမ်းက သွားလိုက်တာ ငါးနှစ်ကျော်။ သတင်း အစ အနလည်းမရ။ ထောက်ပံ့ဖို့ ဆိုတာ ဝေလာဝေး။ နောက်သမီးတစ်ယောက် ကတော့ အိမ်ထောင်ကျပြီး ထုံးစံအတိုင်း သားသမီးတွေနဲ့ ရုန်းကန်နေရသူမို့ မထောက်ပံ့နိုင်။ ပိုဆိုးသည်က တစ်နှစ်တစ်ခါပင်လာမကြည့်။ နေတာက အဝေးကြီးလားဆိုတော့ သာကေတမှာတဲ့။ မြောက်ဥက္ကလာ နှင့် သာကေတ ဆိုတာ လာချင်ရင် နီးနီးလေး။ အဘွားအို မှာ အိမ်တွင် တစ်ဦးတည်း နေ၍ ၀မ်းရေးအတွက် ကိုးမိုင်နှင့် ဆယ်မိုင် ကြားက ခရေပင်အောက်မှ ခရေပွင့်များကို လိုက်ကောက်ကာ သီ၍ ရောင်းစားရသည်ဆိုပဲ။ ကျန်းမာရေးကလဲ အသက်ကြီးသူတို့ ထုံးစံ မာမာချာချာမရှိ။ တရှောင်ရှောင်ပင်။ ကြာတော့ Depression ၀င်လာသည်။ သူများမိသားစုတွေ သားသမီးမြေးမြစ်တွေနဲ့ ပျော်ရွှင်နေတာ မြင်လျှင် သူ့ခမျာ စိတ်မကောင်း။ ဒီတော့ ဒီလောကမှာ ကြာကြာ မနေလိုတော့။တစ်နေ့ တစ်နေ့ စကားပြောဖော်လဲမရှိ။ ဂရုစိုက်မည့်သူလဲမရှိ။ နောက်ဆုံး ကြံရာမရ ဖြစ်ကာ သူ့အိမ်နားမှ ဒေါက်တာပွ ဆေးခန်းလေးသို့ ရောက်ရှိလာကာ သေဆေးထိုးခိုင်းနေခြင်းပင်။
" အဘွားရယ် အဖန် ငါးရာ ငါးကမ္ဘာပါဗျာ မကြံစည်သင့်တာကို မကြံစည်ပါနဲ့ နောက်ကို အဘွားကျန်းမာရေးနဲ့ ပတ်သက်ရင် ကျွန်တော့်ဆီ အမြဲလာ ကျွန်တော် အလကားကုပေးမယ် နောက်ပြီး အဘွားပျင်းရင် ကျွန်တော့်ဆီလာ ကျွန်တော်နဲ့ စကားပြောမယ်လေ ကျွန်တော်လည်း ပျင်းနေတာနဲ့အတော်ပဲ"
ဆိုတော့ အဘွားအို မျက်နှာ ရုတ်တရက် ၀င်းပသွားသည်ဟု ထင်မိသည်။ ဆယ်မိုင်နားအထိ ဘယ်လို ပန်းသွားကောက်လဲဆိုတော့ အိမ်နားက ကောင်လေးက သူအားရှု အားသလို လေဆိပ်နားအထိ စက်ဘီးနှင့်လိုက်ပို့ပေးသည်
" ဆရာ့ စကားပြောဖော်ကြီးတော့ အခြေအနေ မကောင်းဘူးဆရာရေ နေ့လားညလားပဲ"
" ဗျာ ဘယ်လိုဖြစ်တာပါလိမ့်"
" ခရေပန်း သွားကောက်တာလေ မူးလဲတာ အဲ့က ကားသမားတွေကတွေ့လို့ဆေးရုံပ
" အဲဗျ သူ့အိမ် ဘယ်နားမှာလဲ ကျွန်တော်လိုက်သွားလို့ရမလာ
သို့နှင့် သူ့အိမ်သို့ရောက်သွားလေလျှင
" အဘွား ကျွန်တော် ဆရာဝန်လေ မှတ်မိလား"
ဆိုတော့ အားယူ၍ စကားတစ်ခွန်းအား မပီတပြင် ပြော၇ှာလေသည်။
" သား အဘွားကို သေဆေး ထိုးပေးဖို့မလိုတော့ဘူးနော်
" ဗျာ"
ဒေါက်တာပွ ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။ မျက်ရည်တို့ရုတ်တရက်ဝေ့တက်လ
Ko Pwa Gyi
ဒီနေရာမှကူးယူမျှဝေပါသည်။
No comments:
Post a Comment