လိုက်တာကလည်း အသည်းဆတ်ဆတ်တုန်အောင် ခံစားနေရပါသတဲ့။ ဒီလောကငရဲက ဘယ်
အခါမှ လွတ်မြောက်ရပါလိမ့်။ အော်- ဒါကလည်း ငါ့ရဲ့ မကောင်းမှု အ ကုသိုလ်တွေပြုခဲ့မိတဲ့
ဒဏ်ကို ဒီလိုမျိုး ခံနေရတာပါလား။
သူဒီလိုတွေးပြီး ပုဆွေးနေတဲ့အချိန်မှာပဲ လူရွယ်တစ်ဦးကခပ်မူးမူးဟန်နဲ.သူ.အနားရောက်လာပြီး
" ဒီမှာ မိတ်ဆွေ-ခင်ဗျားရွက်ထားရတဲ့ အဲဒီ ရွှေလင်ပန်းကြီးကို ကျနော်ရွက်ပေးပါရစေလား-
ခင်ဗျားလည်း လေးနေရောပေါ့နော်- ကျနော် ကူညီပါရစေ" - လို.ပြောသတဲ့ ။
" ဒါ ရွှေလင်ပန်း မဟုတ်ပါဘူးခင်ဗျာ-ကျနော်လုပ်ခဲ့တဲ့ မကောင်းမှုတွေကြောင့် ဒဏ်ခံနေရတာပါ"
ဒီလို အမှန်ပြောနေတာကို မယုံတဲ့ လူကထပ်ပြီး--" မညာပါနဲ.မိတ်ဆွေရယ် - ရွှေတွေတဝင်းဝင်း
လက်နေတာကို မြင်နေရတာကို - ပေးပါဗျာ ကျနော့်ကိုပေးပါ" - ဆိုပြီး ဇွတ်ပြောနေပြန်ပါတယ်။
" တကယ်ပြောနေတာမိတ်ဆွေ - ရွှေလင်ပန်းမဟုတ်ပါဘူး- ကြေးလင်ဗန်းပေါ်မှာ ခြစ်ခြစ်တောက်
ပူလွန်းတဲ့ ငရဲမီးတွေထည့်ထားတာပါ- ပူလွန်းလှပါတယ်- မိတ်ဆွေကို ကျနော်မပေးရက်ဘူး" လို.
ပြောသတဲ့ ။ ဘယ်လိုမှ ရှင်းပြလို. မရတဲ့အဆုံးမှာ "ကဲ ဒါလောက် ပြောလို.မှမရလည်း ရော့ဗျာ
ယူပေတော့- ဒါပေမဲ့ နောက်မှတော့ ပူတယ်ဆိုပြီးပြန်ပေးလို. ကျုပ်မယူတော့ဘူးနော- အောက်ချ
လို.လည်းမရဘူး ဒီအတိုင်းခေါင်းပေါ်မှာပဲ ရွက်ထားရမှာ-ရော့-" လို.ပြောရင်း အဲဒီငရဲဗန်းကြီးကို
ပေးလိုက်ပြီးတာနဲ. ပထမလူလည်း တစ်ချိုးတည်းပြေးပါရောတဲ့ ။
ငရဲဗန်းကိုကြီးကို ရွှေလင်ပန်းလို.ထင်ပြီး အတင်းမရမက တောင်းယူခဲ့မိတဲ့သူကတော့"အမလေးဗျာ
ပူလိုက်တာ- ပူလိုက်တာ" လို. တစာစာအော်နေရရှာပါတော့တယ် ။ ငရဲမီးလင်ဗန်းကြီးကလည်း
အောက်ကိုချလို.မရ- ရွှေ.လို.မရပဲ ဦးခေါင်းမှာကပ်နေပါသတဲ့ ။
ဒါက ငယ်စဉ်ကတည်းက ကြားဖူးခဲ့တဲ့ တရားတော်တွေထဲက မှတ်သားစရာ တရားတစ်ပုဒ်ပါ ။
အခုဒီ မျက်မှောက်ခေတ်မှာ မြင်နေ -ကြားနေ-ကြုံတွေ.နေရတာတွေကတော့ ဝတ္ထုမဟုတ်တဲ့ တ
ကယ့် ဇာတ်ရှုပ်တွေဖြစ်နေပါတယ် ။ အားလုံးလည်း သတိပြုမိကြပါလိမ့်မယ် ။
အထူးသဖြင့် ဒီကနေ.(အချို.သော)လူငယ်လူရွယ်တွေကို ကြည့်ပါ- နှစ်သစ်ကူးချိန်မှမဟုတ်ပါပဲ-
အကဲကြီး ကဲနေကြတာတွေလေ-(မိမဆုံးမ ဖမဆုံးမ) လို.ပြောရလောက်အောင်ကို အောက်ခြေ
လွတ်နေ ကြတာတွေ.ရမှာဖြစ်ပါတယ်။ တကယ်တော့ မိဖတွေကပြောဆိုဆုံးမနေကြတာချည်းပါပဲ။
သူတို.ကိုယ်သူတို.အထင်ကြီး ဘဝင်မြင့်-ဘယ်သူ.စကားမှနားမထောင် ဟိုယောင်ယောင်ဒီယောင်
ဖြစ်နေကြတာပါ ။ ရှိနေပြီးဖြစ်တဲ့ အလုပ်ကိုမကောင်းလို.တဲ့ ပြောင်းပြန်ပြီ နောက်တစ်မျိုး - ဒါကို
လည်း စိတ်တိုင်းမကျ တခဏပါပဲ ။ လွန်ခဲ့တဲ့ဘဝကပြုခဲ့တဲ့ "ကောင်းကံ"လေးကြောင့်လခကောင်း
ကောင်းနဲ. အလုပ်ရပြန်တယ် - ဘာဖြစ်လို. ညာဖြစ်လို.ဆိုပြီးထွက်ပြန်တယ် ။ လုပ်ဖေါ်ကိုင်ဖက်
တွေကိုလည်း မကြေမနပ်ဖြစ် -ဒါပေမဲ့ သောက်ဖေါ်သောက်ဖက်တွေကျတော့ ကိုယ်က အကုန်ခံပြီး
တိုက်တယ်- ကျွေးမွေးပြုစုတယ် ။ ရသမျှလခ ပြောင်ပါလေရော ။ ဒီနောက်တော့ ဟိုကချေး ဒီ
ကငှား - အကြွေးတွေထူ စကားတွေများ - ကဲ- ဘယ်နေရာများ ကောင်းတာရှိသေးလဲ ။
ဒီလို လူလေးတွေက အသောက်အစား အပျော်အပါးကိုသိပ်သိပ်ပြီးကြိုက်ကြတယ်-အပြိုင်သောက်-
အပြိုင်စား-မူးယစ်ဆေးလား ဘာလားတွေ သုံးပြန်တော့ ဝေးလား -ဝါးလား တဟားဟားနဲ.ပေါ့ ။
အရက်သမားကြီးတွေပုံစံမျိုး အချိုးတွေက ခပ်မိုက်မိုက် -အော့လိုက် -အံလိုက်- ဖက်လိုက် -ရမ်း လိုက် -
ကြမ်းလိုက်နဲ. စရိုက်တွေကလည်း ဆိုးသထက်ဆိုးလာ -အမျိုးဘာသာကိုမှ အလေးမထား အားမနာ-
ခွေသား-ဝက်မြေး(မြီး) ကြက်ယောက္ဖလို. ဆိုရမလောက်ပါပဲ ။
ယောကျားလေးတွေချည်းမဟုတ်တော့၊ ရှုပ်-ဆော့-ပျက်စီးနေကြတဲ့ အကဲတာ့အကဲပို မိန်းမဆိုးလေး
တွေရဲ့ ရင်ဖို လှိုက်လှဲ အသဲနှလုံးမရှိ - လာစမ်းဟဲ့ "အဟိ" -ကြည့်မြင်သူ ရှက်လောက်ပါရဲ့ အဲဒီ
"မြောက်မ"တွေရဲ့နေရာ၊ တဝုံးဝုံးတဒိုင်းဒိုင်းနဲ "ဟော့"ချင်တိုင်း"ဟော့"၊ "ဆော့"ချင်တိုင်း "ဆော့"
နေကြတဲ့ သည်နေရာကို ဟိုလိုလို- ဒီလိုလို အမောင်တွေက အရောက်သွား -တဟားဟား -တဝါး
ဝါးနဲ.ကလိုက် -ဆိုလိုက် -မြိုလိုက်ကြ -အို--ပြောမပြချင်တော့ပါဘူး -ငါပဲ"ရူး"သွားပြီလားကွယ်။
ဝှူး -- မောလာပြီ ၊ လိုရင်း-တိုရှင်းပဲပြောတော့မယ်နာ်။
တကယ်တော့ အဲဒီနေရာတွေက-လောကငရဲတွေပါ ။ ငရဲမီး-ငရဲလင်ဗန်းကို - အဲဒီ ကိုကို - ပျိုပျိုတွေ
က "ရွှေပန်းကြီး" ထင်နေကြတာလေ ။ ဟိုး အတိတ်ဘဝတွေက"ကောင်းကံ" အကျိုးပေးလေးတွေ ကို
တခဏ ခံစားနေကြရတာပါ။ အဲဒီ ကောင်းကံတွေကုန်သွားတာနဲ. လာတော့မယ်-ခံရတော့မယ်
ငရဲဗန်းဒဏ်-ငရဲမီးဒဏ် ။ အမှတ်မထင် သေလွန်ရင်လည်း သွာေးပအုံးတော့ ငရဲ-ပြတ္တာဘဝကို ။ လက်
ရှိရလာတဲ့လူ.ဘဝရဲ့အကျိုး-ဗုဒ္ဓသာသနာရဲ့ ကောင်းကျိုးကို မစံစားထိုက်သူတွေပါပဲ။ တကယ့်ကို သနား
စရာလေးတွေပါလားနော် ။
ဒီလို"တခဏပျော်"ကို "အရ"တော်တယ်ထင်ပြီး သောက်လိုက်-စားလိုက်-ပျော်ပါးလိုက်နဲ.အချိန်ဖြုန်း
နေကြမယ့်အစား ဗုဒ္ဓသာသနာနဲ.ကြုံခိုက် အခုရထားတဲ့ လူ.ဘဝကို သာသနာအကျိုး-ဘာသာအကျိုး
မိမိအကျိုးအတွက် မျှော်ကိုးပြီး မျှဝေ လှူဒါန်းလိုက်ကြစမ်းပါ ။ မြတ်ဗုဒ္ဓရဲ့ သားကောင်း သမီးကောင်း
လေးတွေဖြစ်လာစေဖို.အားလပ်တဲ့ အချိန်ပိုလေးတွေမှာ ဗုဒ္ဓစာပေတွေဘတ်ပါ ။ တရားနာ- တရား
အားထုတ်ကာဖြင့် ဒီလို သာသနာအချိန်ကောင်းမှာ ရရှိလာတဲ့ လူ.ဘဝကို တန်ဖိုးထားကအကျိုးရှိရှိ
အသုံးချတတ်ကြစေချင်ပါကြောင်း ----
ရွှင်လန်းချမ်းမြေ့ကြပါစေ
No comments:
Post a Comment