ယခင်က အကြောင်းအရာ တစ်ခုခု ပြန်စဉ်းစားမရဘဲ မေ့နေသည့်အခါ အကောင်းဆုံး ဖြေရှင်းနည်းကား တစ်ရေးအိပ်လိုက်ဖို့ ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။
အိပ်စက်ခြင်းသည် မှတ်ဉာဏ် လမ်းကြောင်းများ ပြန်ပွင့်စေပြီး ယခင်က မေ့နေသည့် ကိစ္စများကိုပါ ပြန်မှတ်မိလာအောင် ကူပေးနိုင်ကြောင်း သိရသည်။ သုတေသနတွင် ပါဝင်သူများကို စကားလုံးများ မှတ်ခိုင်းသည်။ ပထမ တစ်ကြိမ်တွင် ညအိပ်ပြီး မိုးလင်းမှ ပြန်ရွတ်ခိုင်းသည်။ နောက်တစ်ကြိမ် တွင်ကား မနက်ပိုင်းမှာ မှတ်ခိုင်းပြီး (၁၂) နာရီကြာပြီးနောက် ညပိုင်းတွင် ပြန်ရွတ်ခိုင်းသည်။ ညအိပ်ပြီး မနက်မှာ ပြန်ရွတ်သူများ ပိုမှတ်မိကြောင်း တွေ့ခဲ့ရသည်။ စာမေးပွဲဖြေမည့် သူများသည် ညဘက်မှာ စာကြည့်ပြီးပါက အိပ်ရေး၀၀ အိပ်ကာ မနက်မှာ စာမေးပွဲ သွားဖြေခြင်းသည် အကောင်းဆုံး နည်းလမ်းဟု ယခုစစ်တမ်းကို ထောက်ပြီး သုတေသန ပညာရှင်များက ဆိုလိုက်သည်။
အိဇိတာ တက္ကသိုလ်မှ စိတ်ပညာရှင် ဒေါက်တာ နီကိုလေ ဒူမေနှင့်အဖွဲ့က လေ့လာ သုတေသန ပြုခဲ့ခြင်း ဖြစ်သည်။ ဦးနှောက် အတွင်းရှိ ပြန်မှတ်မိခြင်းကို ဖြစ်စေသော ဟစ်ပိုကမ်းပတ်စ် အပိုင်းသည် အိပ်စက်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိနေကြောင်း ဒေါက်တာ ဒူမေက ပြောသည်။ အိပ်နေချိန်တွင် ထိုအပိုင်းသည် တစ်နေ့တာ အတွင်းနှင့် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း မှတ်သားထားသည်များကို ပြန်ဖော်ထုတ်ကာ စဉ်းစားလေ့ရှိသည်။ ထို့အပြင် နိုးနေချိန်တွင် အရေးကြီးသည်ဟု မှတ်ယူထားပြီး အစဖော်မရသည့် အချက်များကိုလည်း ထိုအပိုင်းသည် အိပ်နေချိန်တွင် ပြန်ဖော်ထုတ်ကာ စဉ်းစား သုံးသပ်ပေးကြောင်း ဒေါက်တာ ဒူမေက ပြောသည်။
လေ့လာမှု စစ်တမ်းအပြည့်အစုံကို Cortex ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52695
No comments:
Post a Comment