ဟာသဇာတ်လမ်းတွေ ရိုက်ကူးမှု များနေတဲ့ သရုပ်ဆောင် မိုးအောင်ရင်က သူ့ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး ဖြစ်ချိန်တန်ရင် ဖြစ်လာမှာပါလို့ ဖွင့်ဟခဲ့ပါတယ်။
“ကျွန်တော်က အခု အနုပညာ နယ်ပယ်မှာ လက်ရှိရောက်နေတဲ့ နေရာလေးကို ကျေနပ်ပါတယ်။ လူတစ်ယောက်က ငါသေချင်တယ် ဆိုလို့လည်း သေမှာ မဟုတ်ဘူးလေ။ ရှင်ချင်တယ်လို့ ပြောလည်း အသက် ပြန်ရှင်မှာ မဟုတ်ဘူးလေ။ အရာရာတိုင်းက ဖြစ်ချိန်တန်ရင် ဖြစ်သွားမှာပါ။ ကျွန်တော့် အနေနဲ့လည်း ကြိုးစားမှုပဲရှိတယ်။ ဘယ်တော့မှ ကိုယ့်ဘက်က အရမ်း မမျှော်လင့်ပါ ဘူး။ အကယ်၍ အချိန်ရယ်၊ ကံ၊ ၀ီရိယ၊ စန်းတွေ တိုက်ဆိုင်သွားရင်တော့ ကျွန်တော် ဖြစ်ချင်တဲ့ ဘက်စုံတော်တဲ့ အနုပညာရှင်ကောင်း တစ်ယောက်အဖြစ် ပရိသတ်ရဲ့ ရင်ထဲမှာ လက်ခံလာမှာပါ။ ကျွန်တော့်အတွက် အချိန်ပေါ့။ ကျွန်တော်ကတော့ ဘယ်အရာမဆို အချိန်တန်ရင် ဖြစ်သွားမှာပါ”လို့ ဆိုပါတယ်။
သရုပ်ဆောင်ဘက်မှာ အဆက်ပြတ်သလို ဖြစ်ခဲ့တဲ့အတွက် ဒီနှစ်ပိုင်းကစပြီး အနုပညာ တင်ဆက်မှုတွေကို ဆက်တိုက် လုပ်သွားမယ်လို့ သိရပါတယ်။ ထုတ်လုပ်ရေးအနေနဲ့ လက်ကီးဆဲဗင်းန်နဲ့ လက်တွဲဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52476
No comments:
Post a Comment