စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စီးကရက် ဖြတ်ရာတွင် အောင်မြင် စေရန် အကူအညီ ပေးနိုင် သော အစား အသောက်များ


                                    


စီးကရက် သောက်တတ် တဲ့ အကျင့် ပြတ်သွား အောင် အကူ အညီ ပေးနိုင် မယ့် အစား အသောက်တွေ ရှိပါတယ်။

( ၁ ) နို့နှင့် နို့ထွက် ပစ္စည်းများ

နွားနို့ဟာ ခန္ဓာကိုယ် အတွက် အာဟာရ ဓာတ်ကို များများ ပေးနိုင်တဲ့ အစားအသောက် တစ်မျိုးပါ။ ဒါပေမဲ့ နွားနို့ ဟာ ဆေးလိပ် ပြတ်အောင် ကူညီ နိုင်တယ် ဆိုတာကို လူအများစု က မသိ ကြပါဘူး။ ဆေးလိပ် မသောက်ခင်မှာ နွားနို့ တစ်ဖန် ခွက်လောက် သောက်သူ တွေ က စီးကရက် ရဲ့ အရသာ ကို မကြိုက် နှစ်သက် တော့ဘူးလို့ Duke တက္ကသိုလ် ရဲ့ လေ့လာမှု အရ သိရပါတယ်။ အဲဒီ အချိန်မှာ စီးကရက် ရဲ့ အရသာ က ပိုမို ခါးသက် လာတယ်လို့ သူတို့က ဆိုပါ တယ်။ နွားနို့ ထဲ နှစ်ပြီး အခြောက်ခံ ထားတဲ့ စီးကရက် ကို သောက်တဲ့ အခါမှာ လည်း ပါးစပ် ထဲမှာ ခါးသက် တဲ့ အရသာ ကို ရရှိ စေပါတယ်။

( ၂ ) အချို့သော ဟင်းသီး ဟင်းရွက်များ

တရုတ်နံနံ၊ သခွားသီး နဲ့ ခရမ်းသီး တွေကို စားပြီး ဆေးလိပ် သောက်ရင် ခါးသက် တဲ့ အရသာ ကို ရရှိ စေပါတယ်။ ဒါ့အပြင် ဟင်းသီး ဟင်းရွက် တွေကို များများ စားတာက နီကိုတင်း စွဲလမ်းမှု ကို လျော့ပါး စေတယ် လို့ ကျွမ်းကျင်သူ တချို့က ဆိုပါ တယ်။ ပဲ အမျိုးမျိုးနဲ့ ပြောင်း ဖူးတွေကို စားရင် လည်း ဦးနှောက်ရဲ့ စိတ် ကျေနပ်မှု ကို ဖြစ်စေတဲ့ အစိတ် အပိုင်းကို လှုံ့ဆော် ပေးနိုင် တာကြောင့် ဆေးလိပ် သောက်ချင် စိတ် လျော့ပါး သွားတတ် ပါတယ်။

( ၃ ) လိမ္မော်ရည်

ဆေးလိပ် သောက် တာက ခန္ဓာကိုယ် ထဲသို့ ဗီတာမင်စီ ရောက်ရှိမှု ကို လျော့ကျ စေတာ ကြောင့် ဗီတာမင်စီ ချို့တဲ့ တတ် ပါတယ်။ ဆေးလိပ် သောက်တဲ့ အကျင့် ကို အမြန် ဖြတ်ချင်ရင် လိမ္မော်ရည် ကို များများ သောက်ပါ။ ဒါမှမဟုတ် လိမ္မော်သီး၊ လီမွန်သီး၊ တလဲသီး၊ မာလကာ သီး စတဲ့ ဗီတာမင် စီ များစွာ ပါတဲ့ သစ်သီး တွေကို များများ စားပေးပါ။

( ၄ ) ဆား

ဆေးလိပ် သောက်ချင် စိတ် ပေါ်လာတဲ့ အခါတိုင်း ဆားငန်တဲ့ မုန့် ဒါမှ မဟုတ် ဆား နည်းနည်းကို လျှာထိပ် မှာ တို့ပေး သင့်ပါတယ်။ ဆားက ဆေးလိပ် သောက်ချင် စိတ်ကို လျော့ကျ စေတာ ကြောင့်ပါ။

( ၅ ) ပီကေ

သကြား မပါတဲ့ ပီကေ ကို ဝါးစား တာက ခံတွင်း ကို အလုပ်ရှုပ် စေတဲ့ အတွက် ဆေးလိပ် သောက်ချင်စိတ် ကို လျော့ကျ စေပါတယ်။

ကြယ်စင်
Good Health
https://www.facebook.com/photo.php?fbid=493719217392581&set=a.3510477149930

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...