စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အန္တာတိက တိုက်တွင် အပူပိုင်း သစ်တောများ ထူးဆန်းစွာ ပေါက်ရောက်ခဲ့


လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅ဝ ခန့်က အန္တာတိက တိုက်တွင် အပူပိုင်း သစ်တောများ ထူးဆန်းစွာ ပေါက်ရောက်ခဲ့



လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅ဝ ခန့်က အန္တာတိကတိုက်တွင် အပူပိုင်း ဒေသများ၌သာ ပေါက်ရောက်သော သစ်ပင်များနှင့် ထူးဆန်းသော သစ်တောများ ပေါက်ရောက်ခဲ့သည်ကို သုတေသန

ပညာရှင်များက လေ့လာတွေ့ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် ရှေးနှစ် သန်းပေါင်းများစွာ အချိန်က ယခုကာလထက် အပူချိန်လွန်ကဲခဲ့ခြင်းကြောင့် အန္တာတိကတိုက်တွင် ရေခဲများမရှိဘဲ သစ်တောများသာ ဖုံးလွှမ်းခဲ့ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းကာလအတွင်းက သစ်ပင်များသည် နေရောင်ခြည်ဖြင့် မည်ကဲ့သို့ အစာချက်လုပ်ပြီး ဆောင်းရာသီတွင် မည်သို့ရှင်သန်ခဲ့ သည်ကိုလည်း ပညာရှင်များက တွေ့ရှိခဲ့ကြောင်း Kanas Biodiversity တက္ကသိုလ်မှ သုတေသနအဖွဲ့ ခေါင်းဆောင် ပက်ထရစ်ရှာရိုင်ဘာ့ဂ်က ပြောကြားခဲ့သည်။ 
 
သုတေသန ပညာရှင်များသည် ၎င်းသစ်ပင်များ ရှင်သန်ခဲ့ပုံအား သိရှိနိုင်ရန်အတွက် အန္တာတိကတိုက်ရှိ သစ်ပင်ရုပ်ကြွင်း နမူနာများအား စုဆောင်းခဲ့ပြီး သစ်ကွင်းများကို လေ့လာခဲ့ကြရာမှ လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာ အချိန်က ၎င်း သစ်ရွက်များမှာ အမြဲတမ်း စိမ်းစိုနေသည်ကို ထူးဆန်းစွာ တွေ့ရှိခဲ့ကြကြောင်း သိရသည်။
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...