စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ယာဉ်မရပ်ရနယ်မြေသတ်မှတ်


(Ref: ကြေးမုံသတင်းစာ ၊နိုဝင်ဘာ ၁၁ -၂၀၁၃)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ကြေညာချက်
၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက်
(၂၀၁၃ ခုနှစ်၊နိုဝင်ဘာလ ၈ရက်)

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီးပွားရေးမြို့တော်ဖြစ်သော
ရန်ကုန်မြို့တော်အား မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရန် အဘက်ဘက်မှ
ကြိုးပန်းဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့
တော် အတွင်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်း ဦးစား
ပေး ဆောင်ရွက်လျှက်ရှိပါသည်။

၂။ တည်ဆဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေတွင် မည်
သူမျှ ကော်မတီက သတ်မှတ်ထားသည့် ယာဉ်ရပ်ရန်နေရာမှ အပ အခြား
မည်သည့်နေရာတွင်မျှ ယာဉ်ရပ်နားခြင်းမပြုရဟု လည်းကောင်း ၊ အများ
ပြည်သူဆိုင်ရာ လမ်းနယ်နိမိတ်ပေါ်တွင် ယာဉ်များ အကြောင်းမဲ့ကြာမြင့်စွာ
ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်း မပြုရဟုလည်းကောင်း ပြဌာန်းထားပြီး
ဖြစ်သည်။

၃။ သို့ပါ၍ ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်လည်း
ကောင်း၊ မြို့တော်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်း
ရာတွင် အထောက်အကူဖြစ်စေရန် လည်းကောင်း ၊ယာဉ်ကြောပိတ်ဆို့မှု
လျော့နည်းကာ အများပြည်သူသွားလာရေး အဆင်ပြေစေရန် လည်းကောင်း၊
လတ်တလောအခြေအနေတွင် အောက်ပါ ယာဉ်လမ်းကြောင်းများ၌ ခရီးသည်
အတင်အချ ပြုရန်မှတစ်ပါး မည်သည့် ယာဉ်လမ်းကြောင်းများ၍ ယာဉ်မရပ်ရ
နယ်မြေအဖြစ်သတ်မှတ်လိုက်သည်-

(က) တောင်၊မြောက်လမ်းများ

(၁)ထောက်ကြန့်လမ်းဆုံမှ ပြည်လမ်းအတိုင်း ၊ ၄င်းမှဘုန်းကြီးလမ်းနှင့်ကမ်း
နားလမ်းဆုံ အထိ

(၂)အင်းစိန်ဘူတာရုံလမ်းနှင့် အင်းစိန်လမ်းဆုံ(ဘီအိုစီ မှတ်တိုင်အနီးမှ) အင်း
စိန်လမ်းအတိုင်း လှည်းတန်းလမ်းဆုံအထိ

(၃)အောက်မင်္ဂလာဒုံလမ်းနှင့် ဘုရင့်နောင်လမ်းဆုံမှ ဘုရင့်နောင်လမ်းအတိုင်း
သမိုင်းဘူတာရုံလမ်း၊ ရွာမကျောင်းလမ်းဆုံ၊ ၄င်းမှ ဘုရင့်နောင်လမ်းအတိုင်း
လှည်းတန်းလမ်းနှင့် နာနတ်တောလမ်းဆုံအထိ

(၄)လှည်းတန်းလမ်း နှင့် နာနတ်တောလမ်းဆုံမှ ကြည့်မြင်တိုင် ကမ်းနားလမ်း
အတိုင်း ဝါးတန်းလမ်းနှင့် ကမ်းနားလမ်းဆုံ အထိ

(၅) လမ်းသစ်လမ်းနှင့် ဗဟိုလမ်းဆုံ(အင်းစိန်ပန်းခြံ) မှဗဟိုလမ်းအတိုင်း သမိုင်းဘူတာရုံလမ်းဆုံ၊ ပါရမီလမ်းဆုံ၊ အုတ်ကျင်းဘူတာရုံလမ်းဆုံ၊ ၄င်းမှ
ရွာမကျောင်းလမ်းမှတစ်ဆင့် ဗဟိုလမ်းအတိုင်း ဟံသာဝတီလမ်းအထိ

(၆)ပြည်လမ်းနှင့် မင်းဓမ္မလမ်းဆုံမှ မင်းဓမ္မလမ်းအတိုင်း ပါရမီလမ်းဆုံအထိ

(၇)ပြည်လမ်းနှင့် အင်းလျားလမ်းဆုံမှ အင်းလျားလမ်းအတိုင်း ဓမ္မစေတီလမ်းအထိ

(၈)ကျွန်းတောလမ်းနှင့် နာနတ်တောလမ်းဆုံမှ ကျွန်းတောလမ်းအတိုင်း
ဟံသာဝတီလမ်းအထိ

(၉)ဟံသာဝတီအဝိုင်းမှ ဦးဝိစာရလမ်းအတိုင်း ဓမ္မစေတီ လမ်းဆုံ ဦးဝိစာရ
အဝိုင်း၊ ၄င်းမှတစ်ဆင့် ရွှေတိဂုံဘုရားလမ်းအထိ

(၁၀)ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေဘုံသာလမ်းဆုံမှ ရွှေဘုံသာလမ်းအ
တိုင်း ကမ်းနားလမ်းအထိ

(၁၁)ကန်ရိပ်သာလမ်းနှင့် အထက်ပန်းဆိုးတန်းလမ်းဆုံမှ အထက်ပန်းဆိုးတန်းလမ်း၊ ၄င်းမှ ပန်းဆိုးတန်းလမ်းအတိုင်း ကမ်းနားလမ်း
အထိ

(၁၂)ကန်ရိပ်သာလမ်း နှင့် သိမ်ဖြူလမ်းဆုံမှ သိမ်ဖြူလမ်းအတိုင်း ကမ်းနား
လမ်းအထိ

(၁၃)မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီလမ်းနှင့် သုဓမ္မာလမ်းဆုံ(၆ကွေ့
ဝေဇယန္တာလမ်းအနီး)မှ သုဓမ္မာလမ်းအတိုင်း၊ ၄င်းမှ ဝေဇယန္တာလမ်းအတိုင်းဧ
ရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ ၄င်းမှ မင်းနန္ဒာလမ်း၊ ယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းဆုံ အထိ၊ ၄င်းမှ မင်းနန္ဒာလမ်း၊ မဟာဗန္ဓုလတံတားမှ ဗိုလ်တ
ထောင်ဈေးလမ်း အောက်ပုဇွန်တောင်လမ်းဆုံအထိ

(၁၄)သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဆုံ(ပြည်ထောင်စုခုံးကျော်
တံတား)မှ သံသုမာလမ်းအတိုင်း သမိန်ဗရမ်းလမ်းဆုံ(ကြက်ဘဲဈေး)ရှေ့အထိ

(၁၅) သမိန်ဗရန်းလမ်းနှင့် သံသုမာလမ်းဆုံ(ကြက်ဘဲဈေး)ရှေ့မှ အထက်ပု
ဇွန်တောင်လမ်းဆုံ၊ ၄င်းမှ အောက်ပုဇွန်တောင်လမ်း အတိုင်း သန်လျက်စွန်း
အထိ

(၁၆)တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းနှင့် သံသုမာလမ်းအတိုင်း လေး
ထောင့်ကန်လမ်းဆုံ(ပြည်ထောင်စုခုံးကျော်တံတား) ၊ ၄င်းမှ လေးထောင့်ကန်
လမ်းအတိုင်း အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ၄င်းမှ အရှေ့မြင်းပြိုင်ကွင်းလမ်း
အတိုင်း တာမွေမီးပွိုင့် ၊ ရွှေဂုံတိုင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံအထိ

----------------
(ခ) အရှေ့၊အနောက်လမ်း
(၁) မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီးနှင့် ခရေပင် လမ်းဆုံမှ ခရေပင်
လမ်းအတိုင်း ပြည်လမ်းဆုံ ၊ အောင်မင်္ဂလာလမ်းဆုံမှ တစ်ဆင့် ရွှေပြည်သာ
တံတားအထိ

(၂)အင်းစိန်မြို့နယ် ပြည်လမ်းနှင့် လမ်းသစ်လမ်းဆုံမှ လမ်းသစ်လမ်းအတိုင်း
(အာလိန်ငါးဆင့်လမ်း)ဗဟိုလမ်းဆုံ၊ ၄င်းမှလှိုင်မြစ်လမ်းအတိုင်း အောင်ဇေယျ
တံတားအထိ

(၃) မရမ်းကုန်း(၈)မိုင်လမ်းဆုံမှ ကမ္ဘာအေးစေတီလမ်း အတိုင်း၊၄င်းမှ ကိုယ့်
မင်းကိုယ့်ချင်းလမ်းနှင့် နန္ဒဝန်လမ်းဆုံအထိ၊ ၄င်းမှ ကိုယ့်မင်းကိုယ့်ချင်းလမ်း၊
ဗဟန်းလမ်း၊ ဦးထောင်ဘို အဝိုင်းမှတစ်ဆင့် တိရ စ္ဆာန်ဥယျာဉ်လမ်း၊ ၄င်းမှ
အလံပြ ဘုရားလမ်းအတိုင်း ဆူးလေဘုရားလမ်းနှင့်ကမ်းနားလမ်းဆုံ အထိ

(၄)ဆူးလေဘုရားလမ်းမှ ဂျိုးဖြူလမ်း၊ ၄င်းမှတိရ စ္ဆာန်ဥယျာဉ်လမ်းနှင့်
ဗိုလ်မင်းခေါင်လမ်းဆုံအထိ

(၅)မရမ်းကုန်း(၈)မိုင်လမ်းဆုံမှ ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အင်းစိန်လမ်း
ဆုံ၊၄င်းမှသမိုင်းဘူတာရုံလမ်းအတိုင်း ဘုရင့်နောင်တံတားအထိ

(၆)ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းနှင့် ဦးဝိစာရ လမ်းဆုံမှ ပါရမီ
လမ်းအတိုင်း ဝေဇယန္တာလမ်းဆုံ၊ ကမ္ဘာအေးစေတီလမ်းဆုံ၊ ပြည်လမ်းဆုံ၊
အင်းစိန်လမ်းဆုံ ၊ ဗဟိုလမ်းဆုံမှတစ်ဆင့် ဘုရင့်နောင်လမ်းဆုံအထိ

(၇)ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံမှ တက္ကသိုလ်ရိပ်သာလမ်း
အတိုင်း လှည်းတန်းလမ်းဆုံအထိ

(၈)လှည်းတန်းလမ်းဆုံမှ လှည်းတန်းလမ်းအတိုင်း ကြည့်မြင်တိုင် ကမ်းနား
လမ်းဆုံ အထိ

(၉)ပြည်လမ်းနှင့် နာနတ်တောလမ်းဆုံမှ နာနတ်တောလမ်း အတိုင်း
ကြည့်မြင်တိုင် ကမ်းနားလမ်းဆုံအထိ

(၁၀)ဟံသာဝတီအဝိုင်းမှ ဟံသာဝတီလမ်းအတိုင်း ကျွန်းတောလမ်ဆုံ၊ ဗဟို
လမ်းဆုံမှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားလမ်းအထိ

(၁၁) အောင်ရတနာလမ်းနှင့်ကမ်းနားလမ်းသစ်မှ ကမ်းနားလမ်းသစ်အတိုင်း
သန်လျက်စွန်းလမ်းဆုံအထိ

(၁၂)ဗားကရာလမ်းနှင့်ဓမ္မစေတီလမ်းဆုံမှ ဗားကရာလမ်းအတိုင်း ကမ်းနားလမ်းဆုံ အထိ

(၁၃)ကမ္ဘာအေးစေတီလမ်းနှင့် ဓမ္မစေတီလမ်းအတိုင်း ၊ ၄င်းမှရှင်စောပုလမ်း
အတိုင်းဗဟိုလမ်းဆုံ အထိ

(၁၄)ဦးဝိစာရလမ်းမှ အလုံလမ်းအတိုင်း ဗဟိုလမ်းအထိ

(၁၅)ဦးဝိစာရအဝိုင်းမှဦးထောင်ဘိုလမ်းအတိုင်း ဦးထောင်ဘို အဝိုင်း ၊၄င်းမှ
ကန်ရိပ်သာလမ်းအတိုင်း နတ်မောက်လမ်းအထိ

(၁၆)အောက်ကြည့်မြင်တိုင်လမ်းနှင့် အောင်ရတနာလမ်းဆုံမှ ဗိုလ်ချုပ်အောင်
ဆန်းလမ်းအတိုင်း အထက်ပုဇွန်တောင်လမ်းဆုံအထိ

(၁၇)ကမ်းနားလမ်းနှင့်အနော်ရထာလမ်းဆုံမှ အနော်ရထာလမ်းအတိုင်း
အောက်ပုဇွန်တောင်လမ်းအထိ

(၁၈)ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံမှမဟာဗန္ဓုလလမ်းအတိုင်း ယမုံ
နာလမ်းဆုံအထိ

(၁၉)ကမ်းနားလမ်းနှင့် ကုန်သည်လမ်းဆုံမှ ကုန်သည်လမ်းအတိုင်း မေယု
လမ်းဆုံအထိ

(၂၀)အောက်ကြည့်မြင်တိုင်ကမ်းနားလမ်းနှင့် ကမ်းနားလမ်းသစ်ဆုံမှ ကမ်း
နားလမ်းအတိုင်း သန်လျက်စွန်းအထိ

(၂၁)ဦးထောင်ဘိုအဝိုင်းမှ ဗဟန်းလမ်း၊ ၄င်းမှ နတ်မောက်လမ်းအတိုင်း၊ ကန်
ရိပ်သာလမ်းဆုံ၊၄င်းမှ ကန်ရိပ်သာလမ်းအတိုင်း ဦးထောင်ဘို အဝိုင်းအထိ

၎။ အထက်ဖော်ပြပါယာဉ်မရပ်ရနယ်မြေအတွင်း ယာဉ်ရပ်နားခြင်းပြုပါကရပ်
နားသည့်ယာဉ်ကို ဆွဲယာဉ်ဖြင့် သတ်မှတ်ထားသော ယာဉ်ရပ်နားစခန်းသို့
သယ်ယူသွားမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင် အနေဖြင့် သတ်မှတ်ထားသော ဆွဲ
ယာဉ်ခကိုပေးရမည့်အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ
လည်း အရေးယူခြင်းခံရမည်။

၅။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပလက်ဖောင်းများနှင့်
ကားလမ်းအကြား တိုးချဲ့၍ ဆောင်ရွက်ထားသော ယာဉ်ရပ်နားပြုလုပ်ထား
သည့်နေရာများတွင် ယာဉ်ရပ်နားခရယူ၍ ယာယီခွင့်ပြုပေးမည်ဖြစ်ပြီး သင့်
တော်သောကာလတွင် ယာယီရပ်နားခွင့်ကို ပိတ်သိမ်းမည်ဖြစ်ပါသည်။
ထို့ပြင် ကျန်ရှိသောလမ်းများကိုလည်း ယာဉ်ရပ်နားခြင်းအား တစ်ဆင့်ပြီး
တစ်ဆင့် ပိတ်ပင် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။

၆။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်အား မြို့တော်အင်္ဂါ ရပ်နှင့်ညီညွတ်စေရေး၊
လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးတို့အတွက် ယာဉ်ပိုင်ရှင်များ၊ယာဉ်မောင်းများ အနေဖြင့် အထက်ဖော်ပြပါ ယာဉ်မရပ်ရ
နယ်မြေသတ်မှတ်ခြင်းအား တိကျစွာ လိုက်နာကြရန်နှင့် မရပ်ရနယ်မြေများ
တွင် ယာဉ်များရပ်နားမှုမရှိစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိ
ပေးကြေညာပါသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်တိုင်းဒေသကြီး


https://www.facebook.com/photo.php?fbid=497377137026789&set=a.35104

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...