ငှက်သိုက်စားတာ
အားဖြစ်စေသလား မဖြစ်စေသလားလို့ ညီမငယ်တစ်ယောက် မေးထားဖူးတယ်။
အားဖြစ်မဖြစ်တာကို ကျွန်မရှာမဖတ်ကြည့်ခင် ကျွန်မအဒေါ်မျှဝေထားတဲ့
ဒီလင့်လေးကိုတွေ့လို့ အားလုံးလည်းသိရအောင် ထပ်ဆင့်မျှဝေလိုက်ပါတယ်။
ဓာတ်ပုံတွေပါတာမို့ ကျွန်မက အကြမ်းဖျင်းပဲ ဘာသာပြန်လိုက်ပါတယ်။
ဒီငှက်သိုက်ဆိုတဲ့ ပျံလွှားငှက်တွေရဲ့အန်ဖတ်က စစချင်းမှာ မြက်၊ အမွှေး၊ ရွံ့တွေပါတဲ့ အန်ဖတ်မည်းမည်းကြီးပေါ့။ ကြည့်တာနဲ့ စားချင်စရာမကောင်းတဲ့ အဲဒီအန်ဖတ်ကို စားချင်စရာကောင်းလာအောင် လူတွေက အဆင့်ဆင့်ပြုလုပ်ပြီး ဈေးကွက်ထဲဖြန့်ခဲ့တယ်။ အန်ဖတ်မည်းမည်းကြီးကို အဖြူရောင်ဖြစ်လာအောင် စလုပ်ပုံအဆင့်ဆင့်က ပထမဆုံး လက်နဲ့ယူထုတ်ပစ်လို့ရတဲ့ အမှိုက်တွေကို ယူထုတ်ပစ်တယ်၊ အတုံးသေးဖြစ်အောင်ညှပ်တယ်။ ပြီးရင် အရောင်ချွတ်ဆေးနဲ့ နာရီအတော်ကြာစိမ်လိုက်တယ်။ အရောင်ချွတ်ဆေးအနံ့မကျန်အော င် ရေပူနဲ့လောင်းဆေးတယ်။ ပြီးရင် အရောင်မကျွတ်တာနဲ့ အရောင်ကျွတ်တာကို ခွဲတယ်။ အရောင်ကျွတ်သွားတဲ့ဟာတွေကို
ထပ်ဆေးပြီး ပုံစံသွင်းတယ်၊ အပူပေးတယ်၊ ထုပ်ပိုးတယ်၊
ဈေးကွက်ထဲဖြန့်တယ်ပေါ့။ တချို့က ဒီထက်ပိုဖြူအောင်
အဆိပ်ရှိတဲ့ဓာတုဆေးတွေနဲ့ အရောင်ချွတ်တယ်ပေါ့။
စာထဲကရေးထားတဲ့အတိုင်းဆိုရင် ငှက်သိုက်စားတာက အားရှိမရှိတော့မသိဘူး.. ဓာတုချွတ်ဆေးကြောင့် အန္တရာယ်ဖြစ်စေတာတော့ အမှန်ပဲ။ မသန့်စင်ရသေးတဲ့ငှက်သိုက်ကို
အပြင်မှာ ကျွန်မလည်းမမြင်ဖူးဘူး။ မြင်ဖူးသူတွေလည်း ကိုယ့်ဗဟုသုတလေးတွေ
မျှဝေကြပေါ့။ ဒါကတော့ အင်တာနက်ပေါ်တွေ့တဲ့ ပုံနဲ့စာတချို့ပါ.. မျှဝေပါတယ်
http://www.360doc.com/ content/12/0525/13/ 282341_213600569.shtml
နိုင်းနိုင်းစနေ
ဒီငှက်သိုက်ဆိုတဲ့ ပျံလွှားငှက်တွေရဲ့အန်ဖတ်က စစချင်းမှာ မြက်၊ အမွှေး၊ ရွံ့တွေပါတဲ့ အန်ဖတ်မည်းမည်းကြီးပေါ့။ ကြည့်တာနဲ့ စားချင်စရာမကောင်းတဲ့ အဲဒီအန်ဖတ်ကို စားချင်စရာကောင်းလာအောင် လူတွေက အဆင့်ဆင့်ပြုလုပ်ပြီး ဈေးကွက်ထဲဖြန့်ခဲ့တယ်။ အန်ဖတ်မည်းမည်းကြီးကို အဖြူရောင်ဖြစ်လာအောင် စလုပ်ပုံအဆင့်ဆင့်က ပထမဆုံး လက်နဲ့ယူထုတ်ပစ်လို့ရတဲ့ အမှိုက်တွေကို ယူထုတ်ပစ်တယ်၊ အတုံးသေးဖြစ်အောင်ညှပ်တယ်။ ပြီးရင် အရောင်ချွတ်ဆေးနဲ့ နာရီအတော်ကြာစိမ်လိုက်တယ်။ အရောင်ချွတ်ဆေးအနံ့မကျန်အော
စာထဲကရေးထားတဲ့အတိုင်းဆိုရင
http://www.360doc.com/
နိုင်းနိုင်းစနေ
No comments:
Post a Comment