ရယ်ပါ။
တစ်လောကလုံး သင်နှင့်အတူ လိုက်ရယ်လိမ့်မယ်။ ငိုရင်တော့ သင်တစ်ယောက်ထဲဘဲ ငိုရလိမ့်မယ်။
ဝမ်းနည်းနေတဲ့ ကမ္ဘာလောကကြီးက သင့်ဆီက ရယ်စရာလေးကို ငှားရမယ်။
ဒါပေမယ့် သူ့မှာလည်း သူ့ဒုက္ခနဲ့သူဘဲ။
သီချင်းဆိုပါ။
တောင်တန်းတွေက ပဲ့တင်သံပြန်လာလိမ့်မယ်။ သက်ပြင်းချရင်တော့ လေထဲမှာ ပျောက်သွားလိမ့်မယ်။
ပျော်စရာအသံကို ပဲ့တင်သံက ပြန်ကန်ပေးပါတယ်။သောကတွေ ဒုက္ခတွေကိုတော့
သူပြန်ကန်မပေးပါဘူး။ တွန့်ဆုတ်သွားတယ်။
ပျော်ပျော်ရွှင်ရွှင်နေပါ။
လူတွေက သင့်ကိုတွေ့အောင် လိုက်ရှာလိမ့်မယ်။ ဝမ်းနည်းနေရင်တော့ သူတို့လှည့်ပြီးတော့ ထွက်သွားလိမ့်မယ်။ သူတို့က သင့်ရဲ့ပျော်ရွှင်မှုတွေ အားလုံးကို အပြည့်အဝလိုချင်တယ်။
ဒါပေမယ့် သင့်ရဲ့ဒုက္ခတွေကိုတော့ သူတို့မလိုအပ်ဘူး။
စိတ်ချမ်းချမ်းသာသာနေရင် သင့်မှာ မိတ်ဆွေတွေ အများကြီးပဲ။
စိတ်ဆင်းရဲနေရင်တော့ သင့်မိတ်ဆွေတွေ အကုန်လုံးကိုဆုံးရှုံးသွားလိမ့်မယ်။
ပန်းဝတ်ရည်နဲ့လုပ်ထားတဲ့ဝိုင်ကို သင်ကပေးရင် ငြင်းမဲ့သူ မရှိဘူး။
ဒါပေမယ့် ဘဝသည်းခြေရည်ကိုတော့ သင်တစ်ယောက်ထဲဘဲ
သောက်ရလိမ့်မယ်။
စားပွဲသောက်ပွဲကြီးလုပ်ပါ။
သင့်အခန်းမှာ လူတွေပြည့်ကြပ်နေလိမ့်မယ်။ငတ်နေရင်တော့ ဘယ်သူကမှ လာမှာ မဟုတ်တော့ဘူး။
အောင်မြင်အောင်လုပ်ပါ။
ပေးပါ။ ကမ်းပါ။ အဲဒါက သင့်ဘဝကို အဆင်ပြေဖို့ အထောက်အပံ့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သေဖို့အရေးကိုတော့ ဘယ်သူကမှ သင့်ကို အကူအညီ မပေးနိုင်ဘူး။ပျော်ပွဲခန်းမကြီးထဲမှာ လူအုပ်ကြီး တခန်းတနား သွားနိုင်ဖို့အတွက်နေရာအကျယ်ကြီးရှိပါတယ်။ဒါပေမယ့် ဒုက္ခလမ်းကျဉ်းလေးမှာတော့တစ်ယောက်ချင်း တန်းစီပြီးတော့သွားရလိမ့်မယ်။လက်တွဲသွားမဲ့ သူမရှိဘူး။
အဖော်မရှိဘူး။

“ သေတဲ့အခါမှာ တစ်ယောက်တည်းပါပဲ…”
ဘာသာပြန်သူ… ( ဆရာတော် ဦးဇောတိက )
No comments:
Post a Comment