သန်းပေါင်းများစွာသော ဆဲလ်ဖုန်းတွေ၊ လက်ပ်တော့ပ်တွေ၊ စက်ပါတဲ့ အရုပ်တွေ၊ ဒီဂျစ်တယ်ကင်မရာတွေဟောင်းသွားရင်၊ ပျက် သွားရင်၊ မသုံးတော့ရင် သူတို့ဘယ်ရောက်သွားပါသလဲ။
ပြီးခဲ့တဲ့ ဆယ်စုနှစ်ကအထိ လျှပ်စစ်စက်ပစ္စည်းတွေက ဒီလောက်အထိ မပေါများသေးတဲ့အတွက် စွန့်ပစ်တဲ့နေရာမှာ ပြဿနာမကြီးလှပါဘူး။ ဒါပေမဲ့ ဒီဆယ်စုနှစ်အတွင်းမှာတော့ e-waste လို့ အတိုကောက်ခေါ်ကြတဲ့ လျှပ်စစ်ပစ္စည်းအမှိုက်ရဲ့ပြဿနာက အတော့်ကို ကြီးလာနေပါပြီ။ ၀ယ်အား၊ ထုတ်အားများလွန်းလာပေမယ့် သူတို့ကို စွန့်ပစ်ရာမှာ စနစ်တကျ ပြန်လည် အသုံးချပြီး သဘာ၀၀န်းကျင်နဲ့ သက်ရှိတွေကို အန္တရာယ်ကင်းအောင် မလုပ် နိုင်ကြပါဘူး။ ဒီထက်ပိုဆိုးတာက ဒီအမှိုက်ပြဿနာကို ဈေးပေါပေါနဲ့ ဖြေရှင်း နိုင်ဖို့ ဆင်းရဲတဲ့နိုင်ငံတွေကို တရားမ၀င်ခိုးပို့နေတာပါပဲ။
‘‘စည်းကမ်းတကျစွန့်ပစ်ရာမှာ ကုန်ကျမယ့် စရိတ်တွေကို မသုံးချင်တော့ တစ်ပတ်ရစ်ပစ္စည်းဆိုတဲ့နာမည်နဲ့ ဒီအမှိုက်တွေကို အများအားဖြင့် အာဖရိက နိုင်ငံကို မှောင်ခိုတင်ပို့နေကြတယ်’’လို့ Interpol နိုင်ငံတကာရဲအဖွဲ့ ပြော ခွင့်ရသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။
၂၀၁၃ တွင်းမှာ ဥရောပကမ်းခြေကထွက်ခွာတဲ့ ကွန်တိန်နာ သုံးခုမှာ တစ်ခုက အဲဒီလျှပ်စစ်ပစ္စည်းအမှိုက်တွေဖြစ်တဲ့အကြောင်း Interpol က တွေ့ရှိခဲ့ပြီးတဲ့နောက် ကုမ္ပဏီပေါင်း ၄၀ ကျော်ကို ရာဇ၀တ်မှုတွေနဲ့ စစ်ဆေး အရေးယူခဲ့ရပါတယ်။ ဒါပေမဲ့ e-waste တွေကတော့ မှောင်ခိုနည်းလမ်းပေါင်း များစွာနဲ့ ထွက်နေဆဲပါပဲ။
အဲဒီနိုင်ငံတွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကလက်ခံနေပြီး ဒီအထဲက သုံးလို့ ရတဲ့ ဓာတ်သတ္တုတွေပြန်ထုတ်၊ ကျန်တဲ့အမှိုက်တွေကို စနစ်တကျစွန့်ပစ် ဆိုတာတွေလုပ်ရမှာဖြစ်ပေမယ့် လုပ်ကိုင်တဲ့နေရာမှာ စနစ်မကျ တာ၊ ငွေကုန်ကြေးကျမခံနိုင်တာ တွေကြောင့် ဒေသခံလူထုနဲ့ သူတို့ရဲ့ သဘာ၀၀န်းကျင်ကို အင် မတန်ထိခိုက်စေတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံ တချို့လောက်ကပဲ ပြဿနာရဲ့ အတိမ်အနက်ကိုစောကြောနိုင် ကြပါတယ်။
e-waste ပြဿနာဖြေရှင်း ရေးဆောင်ရွက်နေတဲ့ STEP အဖွဲ့ ရဲ့ ၂၀၁၂ မှတ်တမ်းတွေအရ ရေခဲသေတ္တာ၊ ကစားစရာအရုပ် ကစပြီး ဓာတ်ခဲသုံးသွားပွတ်တံအထိ ကမ္ဘာ့အမြန်ဆုံးနှုန်းနဲ့ ပွားလာနေတဲ့ e-waste တွေထဲမှာ တရုတ်နိုင်ငံက တစ်နှစ်ကို တန်ပေါင်း ၁၁ဒသမ၁ သန်း၊ အမေရိကန်က တန်ပေါင်း ၁၀ သန်းရှိတဲ့ အမှိုက်တွေ အများဆုံးပါဝင်နေပါတယ်။
ကမ္ဘာနဲ့တစ်ဝန်း တစ်နှစ်ကို လျှပ်စစ်ပစ္စည်းအမှိုက်ဟာ
မက်ထရစ်တန်သန်းပေါင်း တန် ၂၀ ကနေ ၅၀ အထိထွက်ပါ တယ်။
လာမယ့် သုံးနှစ်အတွင်းမှာ လျှပ်စစ်ပစ္စည်း အမှိုက်တွေဟာ နောက်ထပ် ၃၃ ရာခိုင်နှုန်း ထပ် တိုးလာဦးမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ဒါကတော့ အီဂျစ်က ပိရမစ်ကြီး ရှစ်ခုစာ လောက်ရဲ့ အလေးချိန်နဲ့ ညီမျှတဲ့ e-waste တွေပါပဲ။ ကမ္ဘာပေါ်မှာ လူတစ်ဦးပျမ်းမျှ လျှပ်စစ်အမှိုက် ခုနစ်ကီလိုဂရမ် စွန့်ပစ်နေတယ် လို့ ပြောနိုင်ပါတယ်။
လျှပ်စစ်ပစ္စည်း ၈၀ ကနေ ၈၅ ရာခိုင်နှုန်းဟာ သာမန်အမှိုက်ပုံ ဒါမှမဟုတ် အမှိုက်မီးရှို့တဲ့ စက်တွေ မှာပဲ အဆုံးသတ်နေတဲ့အတွက် အဆိပ်ငွေ့တွေ လေထုထဲရောက် နေပါတယ်။ အမေရိကန်နိုင်ငံမှာ ဆိုရင် အမှိုက်စုစုပေါင်းရဲ့ ၂ ရာခိုင်နှုန်းကသာ လျှပ်စစ်ပစ္စည်းတွေ ဖြစ်ပေမယ့် အမှိုက်ကြောင့် ဖြစ် ပေါ်တဲ့ အဆိပ် ၇၀ ရာခိုင်နှုန်းကို သူတို့က ထုတ်ပေးနေပါတယ်။ လျှပ်စစ်ပစ္စည်းတွေထဲက ခဲပမာ ဏတစ်ခုတည်းကတောင် လူနဲ့ သတ္တ၀ါတွေရဲ့ အာရုံကြော၊ သွေးနဲ့ ကျောက်ကပ်ကို ဖျက်ဆီးနိုင်ပါတယ်။
ဒီထဲမှာ ဆဲလ်ဖုန်းအမှိုက်က တော့ အမြန်ဆုံးတိုးလာနေတဲ့ အမှိုက်ပါပဲ။ ဆဲလ်ဖုန်းနဲ့ တခြား လျှပ်စစ်ပစ္စည်းတွေမှာ ရွှေ၊ ငွေ အစရှိတဲ့ တန်ဖိုးရှိတဲ့ ဓာတ်သတ္တု တွေ ပါဝင်နေပါတယ်။ ဆဲလ်ဖုန်း အလုံးပေါင်း တစ်သန်းကို Recycle လုပ်ရင် သွပ်က ၃၅,၂၇၄ ပေါင်၊ ငွေက ၇၇၂ ပေါင်၊ ရွှေက ၇၅ ပေါင်၊ ပါလာဒီယမ်က ၃၃ ပေါင်ပြန်ထွက်လာပါတယ်။ အမေရိကန်နိုင်ငံ သားတွေဟာ တစ်နှစ်ကို ဒေါ်လာ သန်း ၆၀ ကျော်ဖိုးရှိတဲ့ ရွှေ၊ ငွေတွေကို နှစ်စဉ်စွန့်ပစ်နေတဲ့ သဘော ပါ။
လက်ရှိမှာ လျှပ်စစ်ပစ္စည်း အမှိုက်တွေရဲ့ ၁၂ဒသမ၅ ရာခိုင် နှုန်းကိုပဲ စနစ်တကျစွန့်ပစ်ပြီး ပြန်လည်အသုံးချနိုင်ပါသေးတယ်။ တကယ်လို့များ လက်ပ်တော့ပ် အလုံးတစ်သောင်းလောက်ကို Recycle လုပ်နိုင်ရင် အိမ်ပေါင်း ၃,၆၀၀ ကျော်မှာ တစ်နှစ်တစ်နှစ် သုံးနေတဲ့ စွမ်းအင်တွေကို ချွေ တာနိုင်မယ်လို့ ဆိုပါတယ်။
ဒီလိုစက်ပစ္စည်းတွေ ထုတ် လုပ်တဲ့နေရာမှာလည်း ပတ်ဝန်း ကျင်ကို အတော်ထိခိုက်ပါတယ်။ ကွန်ပျူတာတစ်လုံးနဲ့ မော်နီတာတစ်ခုထုတ်ဖို့အတွက် ကျောက်မီးသွေး ဒါမှမဟုတ် သဘာဝဓာတ်ငွေ့ ၅၃၉ ပေါင်၊ ဓာတုပစ္စည်းက ၄၈ ပေါင်၊ ရေက တစ်တန်ခွဲသုံးရပါတယ်။
e-waste အများဆုံးထုတ် လုပ်တဲ့ အနောက်နိုင်ငံက အမှိုက် တွေဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ အဆုံးသတ်ကြပါတယ်။ ၅၀ ကနေ ၈၀ ရာခိုင်နှုန်းသော အမေရိကန် နိုင်ငံရဲ့ လျှပ်စစ်ပစ္စည်းအမှိုက် တွေကို ပြည်ပတင်ပို့နေပြီး အဲဒီ ထဲက အများစုကို အာရှက ယူပါ တယ်။ ဒါပေမဲ့ ဒီဆင်းရဲတဲ့နိုင်ငံ တွေမှာ Recycle စနစ်တကျလုပ် ဖို့ စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေ အားနည်းတဲ့အတွက် အဲဒီဒေသ တွေမှာ ရေ၊ မြေ၊ လေထုနဲ့ သက်ရှိ တွေ အဆိပ်သင့်ကြရသလို ဒီပစ္စည်းတွေထဲက ဓာတ်သတ္တုတွေ ပြန်ထုတ်တဲ့အခါမှာလည်း လူ အားနဲ့ ထုတ်ကြပါတယ်။
‘‘ကျွန်တော့်အလုပ်က မီး ချောင်းကြီးတွေထဲက ကြေးနန်း ကြိုးကို ပြန်ထုတ်ရတာ။ မီးချောင်းကို ဒီအတိုင်းရိုက်ခွဲပြီး ထုတ်ကြ တယ်။ အဲဒီကနေ ထပေါက်ပြီး ကျွန်တော့်မျက်စိကို ထိသွားတာ။ သူဌေးကတော့ ဆေးကုပေးပါ တယ်။ ဒါပေမဲ့ မျက်လုံးတစ်ဖက်ကတော့ ပျက်သွားတယ်’’
မလေးရှားနိုင်ငံမှာ တရား မ၀င်အလုပ်သမားဖြစ်ခဲ့ဖူးပြီး လက်ရှိ အမေရိကန်နိုင်ငံကို ရောက်နေတဲ့ မြန်မာတစ်ဦးက ပြောပြတာပါ။ ဒီမှာတော့ သူ့ကို မျက်လုံး အတုထည့်ပေးဖို့ ဆရာဝန်တွေက ပြင်ဆင်နေပါတယ်။ သူ့လိုပဲ e-waste အမှိုက်တွေကနေ ဓာတ် သတ္တုထုတ်တဲ့ အလုပ်ကို အန္တ ရာယ်ကနေ အကာအကွယ်ပစ္စည်းတွေမပါဘဲ ၀င်လုပ်နေတဲ့ မြန်မာ နိုင်ငံသားတွေ မနည်းဘူးလို့ သူက ပြောပါတယ်။
e-waste က ထွက်တဲ့ အဆိပ်တွေက စိမ့်ထွက်တဲ့အရည်တွေ၊ အမှုန်တွေ၊ ဓာတ်တွေက သောက် ရေ၊ သုံးရေတွေထဲဝင်၊ မီးရှို့လို့ ထွက်တဲ့ အဆိပ်ငွေ့က လူနဲ့ သတ္တ၀ါတွေရဲ့ အသက်ရှူလမ်းကြောင်း ထဲဝင်၊ ဒါတွေကို စနစ်တကျပြန် ပြီး အသုံးမချနိုင်သေးရင်တော့ လာမယ့် ဆယ်စုနှစ်မှာ e-waste ပြဿနာဟာ အထူးသဖြင့် ဆင်း ရဲတဲ့နိုင်ငံတွေက ပြည်သူတွေအ တွက် အဓိကကျန်းမာရေးပြဿ နာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
ခေတ်မီပစ္စည်းတွေရဲ့ အသုံးဝင်မှုနဲ့အတူ ဒီပစ္စည်းတွေသက် တမ်းကုန်သွားချိန်မှာ ထုတ်လုပ် သူတွေရော ရောင်းဝယ်အသုံးပြု သူတွေကပါ တာဝန်ရှိရှိ စနစ်တ ကျစွန့်ပစ်ဖို့၊ ဒီပြဿနာတွေကို ထည့်သွင်းစဉ်းစားပြီး အသိရှိကြ ဖို့ အရေးတကြီးလိုအပ်နေပြီ ဖြစ် ပါတယ်။
.http://www.7daydaily.com/story/27261
No comments:
Post a Comment