ကိုယ့်ချစ်သူနဲ့မှ မဟုတ်ပါဘူး။ ကိုယ်နဲ့စကားပြောတဲ့ ဘယ်သူမဆို ကိုယ်ပြောတာကို သဘောပေါက်ပြီး လိုလိုချင်ချင် လက်ခံသွားဖို့ ကိုယ့်ဘက်က ကျင့်သုံးရမယ့် နည်းလေးတွေ ရှိပါတယ်။ ကိုယ်ပြောချင်တာကို စွတ်ပြောပြီး ဘယ်လိုလဲဆိုပြီး မေးတာထက်စာရင် တစ်ဖက်လူ ကိုယ့်စကားကို နားဝင်သွားအောင် ဒီနည်းတွေနဲ့ စမ်းကြည့်လိုက်ပါ။
၁။အသံကို တစ်ဖက်လူ သေချာကြားနိုင်အောင် ပြောပါ။
အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ် သည်းမခံနိုင်တဲ့ အချက်ထဲမှာ စကားကို တိုးတိုးလေးပြောနေတတ်တာလည်း ပါဝင်ပါတယ်။ တစ်ဖက်လူ ကိုယ့်စကားကို နားဝင်လက်ခံဖို့ ကြိုးစားရမှာ ပထမဆုံး ကိုယ့်အသံကို တစ်ဖက်လူ သေချာကြားဖို့ လိုပါတယ်။
၂။သူတို့အာရုံကို ဖမ်းစားလိုက်ပါ။
ကိုယ့်ချစ်သူ ဘောလုံးပွဲကြည့်နေတုန်း၊ ဒါမှမဟုတ် ဂိမ်းဆော့နေတုန်း၊ ရုပ်ရှင်ဇာတ်လမ်းကြည့်နေတုန်း ကိုယ်ပြောချင်တာကို ဘေးနားသွားပြောမယ်ဆိုရင် သူတို့အတွက်လည်း စိတ်ရှုပ်ရသလို ကိုယ့်ဘက်ကလည်း တစ်ဖက်လူရဲ့ အာရုံစိုက်နားထောင်တာမျိုး မရနိုင်ပါဘူး။ ဒါ့ကြောင့် တတ်နိုင်ရင် နှစ်ဦးသားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြောဆိုနိုင်မယ့် အနေအထားကို ရွေးချယ်ရပါမယ်။ ပြီးတဲ့အခါ ကိုယ်ပြောမယ့် အကြောင်းအရာတိုင်းကို သေချာသိနားလည်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားလိုက်ပါ။ သူ သေချာနားထောင်နေတဲ့အချိန် ကိုယ့်ဘက်က ယောင်ဝါးဝါး မဖြစ်ပါစေနဲ့။
၃။ပြောချင်တဲ့ အချက်ကို သေချာရောက်အောင် ပြောပါ။
တစ်ခါတစ်လေ ပြောတော့ ပြောနေတာပဲ၊ ဘာဆိုလိုမှန်းမသိဘူးဆိုတာမျိုးတွေ ကြားရတတ်ပါတယ်။ စကားက ဝေ့နေတာမျိုးပါ။ ပထမနဲ့ ဒုတိယအဆင့်ပြီးရင်တော့ တတိယအဆင့်ဟာ ကိုယ်လိုချင်တဲ့အချက်ကို ထိရောက်စွာ ပြောဆိုနိုင်ဖို့ပါ။ သင့်ဘက်က အခြေအနေဘယ်လိုရှိတယ်ဆိုတာကို သိအောင် သူ့ကိုပြောပြတာမျိုးလည်း လိုပါတယ်။
၎။ လိုချင်တာကို ဖွင့်ဟပါ။
သင့်ဘက်က အပြောင်းအလဲတစ်ခုလုပ်ချင်ရင်၊ တစ်ဖက်လူကို လုပ်စေချင်ရင် သူ့ကိုဖွင့်ဟမေးမြန်းရပါတယ်။ ဒီတော့ ငါ့အထင်တော့ ငါ့အမြင်တော့ ဆိုတာတွေထက် မေးချင်တာကိုသာ မေး၊ လိုချင်တာကို တောင်းဆိုပါ။
၅။သင့်ဘက်က ပြောသင့်တာ ပြောပြီးပြီဆိုရင် ရပ်လိုက်ပါ။
အမျိုးသားတွေကို ထပ်တလဲလဲပြောနေခြင်းဟာ သူတို့အတွက် နားဝင်ဖို့ထက် အာရုံတွေနောက်ပြီး ဘာမှ မစဉ်းစားနိုင်တော့အောင် လုပ်ပေးလိုက်သလိုပါပဲ။ ဒီတော့ ကိုယ့်ဘက်က ပြောချင်တာ ပြောပြီးပြီဆိုရင်တာ့ ရပ်ပြီး သူဘာပြန်ပြောမလဲဆိုတာ နားထောင်ရပါလိမ့်မယ်။
TrendMyanmar
http://www.searchmyanmar.com/link/comment/cid/52849
No comments:
Post a Comment