တစ်ချိန်က အလှမယ်၊ ရုပ်သံအစီအစဉ် တင်ဆက်သူ ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ဘ၀ကိုခက်ခဲစွာ ဖြတ်သန်း နေရသူကတော့ ဘရာဇီးနိုင်ငံသူ အန်ဒရီဆာ ဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် အန်ဒရီဆာဟာ အောင်မြင်စဉ်မှာ အလှအပကို စိတ်ဝင်စားတာထက် ပိုခဲ့ပြီး အမြဲတမ်း ပြင်ဆင်နေရတာကို စွဲလမ်း နှစ်သက်ခဲ့ပါတယ်။ အန်ဒရီဆာဟာ ဘရာဇီးလ်နိုင်ငံရဲ့ အကျော်ကြားဆုံး ပြိုင်ပွဲဖြစ်တဲ့ တင်အလှမယ် ပြိုင်ပွဲမှာ ချန်ပီယံသရဖူကို ရရှိခဲ့ပါတယ်။ ဒီနောက် အန်ဒရီဆာဟာ ထင်ရှားကျော်ကြားသူ ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အန်ဒရီဆာကို မကောင်းတဲ့ဘ၀ကို ရောက်ဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။
အလှမယ်တစ်ဦး ဖြစ်တာကြောင့် ဂုဏ်သိက္ခာနဲ့ ညီအောင် ဖက်ရှင်ပစ္စည်းတွေကို ၀ယ်ယူ ၀တ်ဆင်ခဲ့ပါတယ်။ အန်ဒရီဆာဟာ နာမည်ကျော် အမှတ် တံဆိပ်တွေကိုသာ ၀ယ်ယူခဲ့တာကြောင့် ငွေကြေး လိုအပ်ချက် ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာကို လှပအောင် ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အန်ဒရီဆာဟာ ခွဲစိတ်မှု ပြုပြင်ရာမှာ အသုံးပြုခဲ့တဲ့ ငွေကြေးက ပေါင် (၂၅၀၀၀၀) အထိ ရှိခဲ့ပါတယ်။ အန်ဒရီဆာဟာ ဖက်ရှင်ပစ္စည်းတွေကို မ၀ယ်ရင် မနေနိုင်တဲ့ အခြေအနေမျိုး ရောက်သွားခဲ့တာကြောင့် ငွေကြေးကို လွယ်လွယ်ရဖို့ ကြိုးစားခဲ့ပါတယ်။
အသက်ကလည်းငယ်၊ ရုပ်ရည်ကလည်း ချောတာကြောင့် ပြည့်တန်ဆာ လုပ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ အန်ဒရီဆာဟာ ဘရာဇီးလ်နိုင်ငံရဲ့ ဈေးအကြီးဆုံး ပြည့်တန်ဆာ ဖြစ်ခဲ့ပြီး တစ်နာရီ ခေါ်ယူပျော်ပါးရင် ပေါင် (၇၀၀၀)အထိ ပေးခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ၊ နာမည်ကျော် ဘောလုံးသမားတွေနဲ့ အိပ်စက်ခဲ့တာကြောင့် ငွေကြေးတွေ အများအပြား ရခဲ့ပါတယ်။ အန်ဒရီဆာ အိပ်စက်ဖူးသူတွေထဲမှာ ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုဟာ အိပ်စက်ပြီးနောက် ငွေပေးခဲ့ခြင်း မရှိဘူးလို့ အန်ဒရီဆာက ဖွင့်ပြောခဲ့ပါတယ်။
အသက်နည်းနည်း ရလာတဲ့အခါ အန်ဒရီဆာကို နှစ်သက်သူတွေ နည်းလာပါတယ်။ ဒီလိုအချိန်မှာ အန်ဒရီဆာဟာ အလှအပအတွက် ဈေးပေါတဲ့ ထိုးဆေးတွေ ထိုးရာမှာ အခန့်မသင့်ဘဲ ပေါင်မှာ အနာတွေ ပေါက်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အကျိုးဆက်တွေကြောင့် အသက်သေ မလိုတောင် ဖြစ်ခဲ့ပါတယ်။ ဝေဒနာက သက်သာပြီးနောက် အန်ဒရီဆာဟာ သူ့အကြောင်းတွေကို ပြန်လည်ပြောပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ အလှအပ မက်မော လွန်းတာကြောင့် ပြည့်တန်ဆာအဖြစ် ရောက်သွားခဲ့ကြောင်းကို အန်ဒရီဆာက စာအုပ်ထဲမှာ ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့ပါတယ်။
messenger news journal
http://www.searchmyanmar.com/link/comment/cid/52903
No comments:
Post a Comment