နေ့စဉ် တိုးတက်နေတဲ့ နည်းပညာတွေနဲ့အတူ စမတ်ဖုန်းလို အသုံးအဆောင်ပစ္စည်းတွေဟာ လူတွေရဲ့ ဆက်ဆံရေးကို ပိုမိုဝေးကွာလာစေပါတယ်။ “ စမတ်ဖုန်းတွေဟာ လူတိုင်းတွေကို ငြီးငွေ့ချင်စရာကောင်းအောင် လုပ်နေတာပါပဲ”လို့ ဓါတ်ပုံဆရာရိုမီယို ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်လိုက်ပါတယ်။ ရိုမီယိုဟာ နေ့စဉ်နဲ့ အမျှ လမ်းတွေပေါ်က လူသားတွေရဲ့ အမှတ်တမဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နေတဲ့ ဓါတ်ပုံဆရာလည်း ဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ စမတ်ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေတဲ့ သူ့ရဲ့ဓါတ်ပုံတွေကို ပြသရင်း “ စကားသံများ သေဆုံခြင်း” လို့အမည်ပေးထားပါတယ်။ လူမှုဝန်းကျင်းမှာ ကာလကြာရှည်ရှိနေခဲ့တဲ့ အပြန်အလှန်စကားပြောဆိုမှု တွေဟာ စမတ်ဖုန်းတွေ ထွန်းကားလာပြီးနောက် သေဆုံးသွားခဲ့ပါပြီ။ ကော်ဖီဆိုင်တွေ၊ ကားမှတ်တိုင်တွေ မှာသာမက လမ်းပေါ်က လူတွေအားလုံးဟာ စမတ်ဖုန်းကိုယ်စီနဲ့ အလုပ်ရှုပ်နေတဲ့ အဖြစ်ဟာ လူသားဝန်းကျင်အတွက် စိုးရိမ်စရာဖြစ်လာပါတယ်။
Virtual world လို့ခေါ်တဲ့ အတုအယောင် ကမ္ဘာထဲမှာ လူတွေပျော်မွေ့ချင်ယောင် ဆောင်နေကြပုံကို ရိုမီယိုက ဓါတ်ပုံတွေနဲ့ မှတ်တမ်းတင်ထားပါတယ်။
မင်္ဂလာဆောင်လို နေရာမျိုးမှာတောင် တစ်ဦးနဲ့ တစ်ဦး ကစားပြောဆိုမှု မရှိကြပဲ စမတ်ဖုန်းကိုသာ သဲသဲမည်းမည်း သုံးနေကြတဲ့ ခေတ်ကို ရောက်နေပါပြီ။ အနာဂတ်ကမ္ဘာရဲ့ လူသားပတ်ဝန်းကျင်ဟာ စမတ်ဖုန်းတွေကြောင့် ပိုပြီးတစိမ်းဆန်သွားကြမယ့် အခြေအနေ တွေတွေ့နေရပါတယ်။
Planet Myanmar
http://www.searchmyanmar.com/link/comment/cid/53496
No comments:
Post a Comment