အရေပြားပေါ်မှာ ရှိတတ်တဲ့ အမာရွတ်လေးတွေကို စိတ်ပျက်နေတဲ့သူများအတွက်ပါ
အားလုံး ရာနှုန်းပြည့်ပျောက်အောင် မစွမ်းဆောင်နိုင်ပေမဲ့လည်း သိသိသာသာ လျှော့ပါးသွားနိုင်အောင်ပြု
အမာရွတ်ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းအမျိုးမျိုးရှ
(၁) ဗိုက်တာမင်အီး
နှစ်ပေါင်းအတန်ကြာကပင် ဗိုက်တာမင်အီးကို ကျန်းမာရေးဆိုင်ရာများနှင့်
ဗိုက်တာမင်အီး ဆေးတောင့်ကို သောက်နိုင်သည် သို့မဟုတ် ပင်အပ်လေးနှင့် ပေါက်အောင် ဖေါက်လိုက်ပြီး အမာရွတ်ပေါ်သို့ တိုက်ရိုက်သုတ်လိမ်းပေးနိုင
(၂) Cocoa Butter
ဒါကလဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်တ
လိမ်းတဲ့အချိန်မှာ ပိုမိုအကျိုးသက်ရောက်မှုရှိေ
(၃) သံပုရာရည်
စွယ်စုံသုံးလို့ရတဲ့ အိမ်သုံးဆေးဝါးတခုဖြစ်တဲ့ သံပုရာသီးရဲ့ အရည်ကလဲ အမာရွတ်ကို ပျောက်ကင်းနိုင်ပါတယ်။ အနီရောင်အမာရွတ်ကို တဖြည်းဖြည်း အရောင်ဖျော့လာအောင် လုပ်ပေးရင်းနဲ့ သေနေသော ဆဲလ်များကိုဖယ်ထုတ်ကာ အသစ်ပြန်လည်မွေးဖွားအောင် လုပ်ဆောင်ပေးသည်။ ဒါပေမဲ့ အချို့အရေပြား အထူးကုများကတော့ သံပုရာရည်ဟာ အရည်ပြားကို ခြောက်သွေ့ပြီး ကြမ်းတမ်းစေတယ်။ အမာရွတ်ကို သံပုရာရည်ဟာ ပျောက်ကင်းစေနိုင်တယ်ဆိုတာ
တကယ်လို့ သံပုရာရည်ကို အမာရွတ်အတွက် အသုံးပြုတော့မယ်လို့ ဆုံးဖြတ်ထားရင် ပထမဆုံး အနေနဲ့ အမာရွတ်ပေါ်ကို သံပုရာသီးစိတ်လေးက အရည်ကို တိုက်ရိုက်ညှစ်ချလိုက်ပါ။ ပြီးရင် တည သို့မဟုတ် နာရီများစွာ ကြာအောင်ထားလိုက်ပါ။ တနေ့ကို တကြိမ်ထက် ပို့၍ အသုံးမပြုပါနဲ့။
သံပုရာရည်သီးသန့်အသုံးပြုလိ
(၄) ရှားစောင်း လက်ပတ်
အရေပြားကျန်းမာရေးအတွက် ရှားစောင်း လက်ပတ်အနှစ်ဟာ အများကြီး အသုံးဝင်သလို နာမည်လဲကြီးပါတယ်။ မီးလောင်ဒါဏ်ရာများနှင့် အမာရွတ်များအတွက် အသုံးပြုနိုင်သည်။ ကွဲဟနေသော အရေပြားဒါဏ်ရာများကို အသုံးပြုရန် မသင့်တော်သော်လဲ လည်းကောင်းတွင်ပါဝင်သော ရောင်ရမ်းခြင်းနှင့် ဘက်တီးရီးယားများကို ကာကွယ်ပေးသည့်အတွက်ကြောင့် လောလောလတ်လတ် ဖြစ်ပေါ်လာသော အမာရွတ်များကို ပိုမိုအကျိုးသက်ရောက်သည်။ အရေပြားဝေဒနာကို သက်သာစေပြီး အရေပြားသစ် ဖြစ်ပေါ်လာစေရန် အားပေးခြင်းဖြင့် အမာရွတ်ကို သက်သာစေသည်။
အသုံးပြုရန်အတွက်ကတော့ ရှားစောင်းလက်ပတ် အနှစ်ကို အမာရွတ်ပေါ်မှာ စက်ဝိုင်းပုံ လှည့်၍ အရေပြားတွင်းဝင်အောင် လိမ်းပါ။ တနေ့လျှင် ၄ကြိမ်အထိသုတ်လိမ်းနိုင်ပါသ
(၅) သံလွင်ဆီ
သံလွင်ဆီဟာလဲ အမာရွတ်များကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝဆေးတလက်ဖြစ်ပါတယ်။ သံလွင်ဆီမျိုးကွဲများထဲမှ Extra Virgin သံလွင်ဆီကို ပိုပြီးအသုံးပြုနိုင်ရင် သူ့မှာပါဝင်တဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှု၊ ဗိုက်တာမင် အီးနှင့် ကေတို့က အခြားသောသံလွင်ဆီတို့ထက် ပိုမိုပါဝင်တဲ့အတွက် အကောင်းမွန်ဆုံး ရလဒ်ကို ရရှိနိုင်ပါတယ်။ ပါဝင်သော အက်ဆစ်ဓါတ်ဟာ ဆဲလ်သေများကို ဖယ်ရှားပေးစဉ်မှာပဲ အမာရွတ်တစ်ရှုးများကို ပျှော့ပြောင်းစေကာ အသားအရေ စိုပြေစေသည်။
သံလွင်ဆီ လက်ဘက်ရည်ဇွန်း တဇွန်းခန့်ကို အမာရွတ်ပေါ်တွင် သုတ်လိမ်းပြီး စက်ဝိုင်းပုံ အရေပြားထဲသို့ စိမ့်ဝင်သည်အထိ လိမ်းပါ။ မုန့်ဖုတ် ဆိုဒါ (Baking Soda) နှင့် ဆတူရောစပ်၍ အရေပြားပေါ်ရှိ ဂျီး(ကြေးညှော်) များကို တိုက်ချွတ်နိုင်သည်။ ပြီးပါက ရေနွေးနွေးနှင့် ဆေးကြောပါ။
(၆) သခွားသီး
အမာရွတ် တစ်ရှုးများကို ဖြိုခွဲရန် အကောင်းဆုံး နဲ့စိတ်အချရဆုံး သဘာဝ ဆေးကတော့ သခွားသီးဖြစ်ပါတယ်။ ရောင်ရမ်းနေသော အရေပြားတဝိုက်ကို ပြေလျှော့စေပြီး အေးမြမှုကိုပေးပါတယ်။ သူကလဲ အမာရွတ်အဟောင်းများထက်စာရင်
အခွံနွာပြီး မွှေစက်ထဲမှာ အရည်ပျစ်ပျစ် ရသည်အထိလှည့်၍ အမာရွတ်ပေါ်တွင် ပါးပါးလိမ်းကာ တညထားနိင်သည်။ သို့မဟုတ် ထူထူသုတ်လိမ်းကာ မိနစ် ၂၀ခန့် ထားကာ ရေဖြင့်ဆေးကြောပါ။
စက်နဲ့မွှေထားတဲ့ ကျန်ရှိနေသော သခွားသီးအရည်ပျစ်များကို ရေခဲသေတ္တာထဲတွင် ရက်အတန်ကြာအောင် သိမ်းပြီး နောက်ရက်များတွင်ပါ ဆက်လက်အသုံးပြုနိုင်ပါတယ်။
ဒီသခွားရည်ကို ပိုပြီးအစွမ်းထက်အောင် လုပ်ချင်ရင်တော့ အထက်မှာဖေါ်ပြခဲ့တဲ့ သံပုရာရည်၊ သံလွင်ဆီ၊ ရှားစောင်း လက်ပတ်တို့နှင့်ပါ ရောစပ်အသုံးပြုနိုင်သည်။
နည်းလမ်းပေါင်းများစွာ ရှိသည့်အနက်မှ အလွယ်တကူ မိမိကိုယ်တိုင်ပြုလုပ်နိုင်
ဝင်းလှိုင်ဦး
Credit to သင့်အတွက်ကျန်းမာရေး
https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.36
No comments:
Post a Comment