မအိပ်မနေ အသက်ရှည်ဆိုသော မြန်မာဆိုရိုးစကားရှိသော်လည
ညတိုင်းခေါင်းအုံးပေါ် ခေါင်းကိုတုံးခနဲအိပ်ချလိုက
မကြာသေးမီက အမေရိကန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ရုပ်မြင်သံကြားစစ်တမ်းတစ်ခု
မြန်မာပြည်တွင်တော့ သည်လိုစာရင်းကောက်ယူမှုများမ
‘‘အသေအချာတော့ စာရင်းတွေ၊ ဘာတွေကောက်တာတော့ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဆေးခန်းမှာတော့ အိပ်မပျော်လို့ချည်းသက် သက်နဲ့ကို ဆေးခန်းလာပြရသူတွေအတော်များ
မြန်မာတိုင်းရင်းဆေးဆိုင်မျ
‘‘တိုင်းရင်းဆေးဈေးကွက်မှာ ‘အိပ်မပျော်ဘူးလားရွှေပုပ္ပား
ထိုကဲ့သို့ အိပ်ဆေးများကဲ့သို့ အိပ်လို့ကောင်းသည့် တိုင်းရင်းဆေး များ အရောင်းရတွင်ကျယ်နေသည်မှာ မြန်မာပြည်မှာလည်း အိပ်မပျော်နိုင်တဲ့သူများ အတော်များများရှိနေပြီဆိုတာ
ထို့အပြင် အမေရိကန်နိုင်ငံ မစ်ချီဂန်တက္ကသိုလ်က အိပ်စက်ခြင်း ဆိုင်ရာ သုတေသနတစ်ခုကို ပြုစုသောပညာရှင်များက လူများ၏ အိပ်စက်ချိန်နည်းပါးခြင်းသည
ဥပမာ-ကျောင်းသားကလေး သူငယ်များသည် နေ့စဉ်အိပ်ချိန် ၁၀ နာရီကနေ ၁၂ နာရီအထိ မပြည့်ပါက ကျောင်းမှာစည်းကမ်း လိုက်နာမှုအားနည်းပြီး အတန်းဖော်သူငယ်ချင်းများကို
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က ပြည်ပအသံလွှင့်ဌာန၌ အလုပ်လုပ်နေသူတစ်ဦးက ထိုအယူအဆသည်မှန်ကန်ကြောင်း ထောက်ခံပါ သည်။
‘‘အဲဒါဟုတ်တယ်။ ကျွန် တော်တို့ ရေဒီယိုတွေမှာ ညဆိုင်း ဆင်းပြီး အိပ်ရေးမဝတဲ့အခါမှာ စိတ်ကအလကားနေရင်း မည် မည်ရရမရှိ စိတ်တိုနေတတ်တယ်။ တခြားလုပ်ဖော်ကိုင်ဖက်တွေ လည်း အဲဒီလိုပဲ။ နေ့ဘက်ဆင်း ပြီး အိပ်ရေးဝတဲ့အခါကျရင် အဲဒီ လိုမျိုးမဖြစ်ဘူး’’
တချို့ဆေးပညာရှင်များက တော့ အိပ်ရေးဝခြင်းသည် ရောဂါ များကို မကုစားနိုင်ပါဟုဆိုပါ သည်။ သို့သော်လည်း အိပ်ရေးဝ ခြင်းက ခန္ဓာကိုယ်၏လည်ပတ် လှုပ်ရှားမှုကို အထောက်အကူဖြစ် စေပါသည်။ အိပ်ရေးမဝဘဲ အအိပ်ပျက်မှုများလာပါက နောက် ဆက်တွဲအစားပါပျက်လာမည်။ ထိုမှတစ်ဆင့် ကိုယ်ခံအားနည်း လာပြီး ကျန်းမာရေးချို့ယွင်းလာ နိုင်ပါသည်။ တချို့ကတော့ အိပ် စက်ခြင်းသည် ကျန်းမာရေး အတွက် ကောင်းသည်ဆိုသော် လည်း နှစ်နှစ်ခြိုက်ခြိုက်နေ့စဉ်
များသောအားဖြင့် ကလေး ငယ်တွေသာ အပူအပင်ကင်းစွာ အိပ်ပျော်ကြသော်လည်း လူ အများမှာ အရွယ်ရလာ၊ အသက် ကြီးလာလေ အိပ်မပျော်မှုများလာ လေဖြစ်တတ်ပါသည်။
ယနေ့ခေတ်မှာ ရောဂါရှိသူ များကလွဲ၍ လူအတော်များများ အိပ်မပျော်ရသည့် အဓိက အကြောင်းရင်းမှာ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကြောင့်
ကနေဒါနိုင်ငံတွင် အသက် (၆၅)နှစ်လူကြီးတွေ အိပ်ဆေး သောက်မှုများလာကြသဖြင့် အိပ် ဆေးမသောက်ရေးလှုပ်ရှားမှုတစ် ခုကို သက်ဆိုင်ရာက ဆောင်ရွက် နေပါသည်။ သူတို့က သက်ကြီး လူနာတွေကို အိပ်ဆေးအစား ဘေးထွက်ဆိုးကျိုးနည်းပါးသော
အမေရိကန်နိုင်ငံ ပင်ဆာ ဗေးနီးယားတက္ကသိုလ်က ဆေး သုတေသနပညာရှင်များကမူ အိပ်ဆေးမပါဘဲ သဘာဝနည်း လမ်းဖြင့် အိပ်စေသောနည်းများ ကို တင်ပြခဲ့ပါသည်။
ထိုအထဲတွင် နည်းတစ်နည်း က အကယ်၍ ညအိပ်ရာဝင်ပြီး အိပ်ရာထဲတွင် မိနစ် ၂၀ လောက် ကြာသည့်တိုင် အိပ်မပျော်လျှင် အိပ်ရာကနေထွက်သွားပါဟု အကြံပြုထားပါသည်။ အိပ်ရာက နေထပြီး တစ်ခုခုကို မိနစ် ၃၀ လောက်မောပန်းသွားအောင်လုပ် ပါဟု ဆိုပါသည်။ သို့သော်လည်း မီးအရမ်းလင်းလင်းအောက်မှာ မလုပ်ပါနှင့်ဟု အကြံပေးထားပါ သည်။
နောက်တစ်ခုကတော့ မြန်မာတွေနှင့်ရင်းနှီးသည့်
ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ် စသောကဖင်း ဓာတ်ပါသည့် အစားအသောက် များကို မွန်းလွဲပိုင်းကျော်သည်နှင်
နောက်ဆုံးတစ်ခုက အိပ်ရာ ကို စစ်တလင်းလိုမဖြစ်ပါစေနှင့် ဟုဆိုပါသည်။ ဆိုလိုသည်မှာ အိပ်ရာကိုတတ်နိုင်သမျှ သက် သောင့်သက်သာဖြစ်အောင်ပြု လုပ်ပါဟု ဆိုလိုခြင်းဖြစ်သည်။ အိပ်မည့်ခေါင်းအုံး၊ စောင်နှင့် မွေ့ရာ၊ အိပ်ရာခင်းတို့ကို တတ် နိုင်သမျှ သက်သောင့်သက်သာ ဖြစ်အောင် ရွေးချယ်ပြင်ဆင်ရ မည်။ အပူအအေးမျှတစေရမည်။ အသံဗလံကင်းအောင်နှင့် တိတ် ဆိတ်ငြိမ်သက်သောပတ်ဝန်း ကျင်လည်းဖြစ်ဖို့လိုအပ်ပါသည
စမ်းချောင်းက ရပ်ကွက် အလှူခံမဏ္ဍပ်နှင့် မျက်နှာချင်း ဆိုင်မှာနေသူ၊ ညဘက်အိပ် မပျော်တတ်သူမသီရိလွင်က အဆိုပါနောက်ဆုံးနည်းသည် သူ့အတွက်လိုက်နာရန်ခက်ပါ သည်ဟု ဆိုပါသည်။
‘‘ဘာလို့လဲဆိုတော့ အိမ် ရှေ့က အလှူခံမဏ္ဍပ်က တစ်ချိန် လုံးလော်စပီကာသံညံနေတာ။ ကိုယ်တွေမပြောနဲ့ ပုံပြင်ထဲက စလီပင်းဗြုတီးဆိုတဲ့ မင်းသမီး လေးတောင် ဒါမျိုးနဲ့ကြုံရင်လန့်နိုး သွားလောက်တယ်’’
7 day daily
https://www.facebook.com/royalheromedia/photos/a.452811328083074.110728.45279366
No comments:
Post a Comment