(၁) အပူလောင်လျှင်
ရေနွေးပူ၊ မီးပူ၊ ဆီပူများလောင်လျှင် ကြက်ဥတစ်လုံးကို ဖောက်၍ ကြက်ဥအကာဖြင့် အပူလောင်သည့်ဒဏ်ရာပေါ်ကို သုတ်လိမ်းပေးပါက ချက်ချင်းသက်သာစေပြီး အမာရွတ်၊ ဒဏ်ရာ၊ အရေကြည်ဖုများ လုံးဝမပေါ်ပဲ ပျောက်ကင်းစေပါသည်။
(၂) ကြွက်နို့ပေါက်လျှင်
ချင်းတက်ကို ထိပ်မှ ဓါးဖြင့် လှီးဖြတ်၍ ၄င်းဖြတ်ထားသောနေရာမှာ ထုံးဖြူ သုတ်လိမ်း၍ ကြွက်နို့ပေါ်ကို ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ ချင်းနှင့်ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့အမြှစ်ပြတ်အောင် တိုက်စားသွားပါလိမ့်မည်။
(၃) ကိုက်ခဲညောင်းညာနေလျှင်
မိဿလင်နှင့်ချင်း(ဂျင်း)တို
(၄) ဆီးအောင့်၊ ဆီးနာဖြစ်လျှင်
ဇာတိပ္ဖိုလ်သီးကို ၅ ပုံ ၁ ပုံခန့် သွေး၍ ကြံရည်တစ်ခွက်ထဲ ထည့်မွှေ၍ သောက်လျှင် ဆီးအောင့်၊ ဆီးနာရောဂါများ ချက်ချင်း သက်သာပျောက်ကင်းစေပါသည်။
(၅) ချောင်းဆိုး၊ တီဘီရောဂါဖြစ်လျှင်
မိုးတွင်းအခါတွင် အလေ့ကျပေါက်သည့် အပွင့်ဝါ၍ အသီးမှာ လေးညှင်းနှင့်တူသော တောလေးညှင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူ၍ ရေစင်အောင် ဆေးကြောကာ ရေ ၃ ခွက် ၁ ခွက်တင်အောင် ကျို၍ တစ်နေ့ကို မနက်၊ ည တစ်ခွက်စီ သောက်ပါ။ ၃ ရက်ခန့် သောက်ပါက ချောင်းဆိုး ပျောက်ပါသည်။ တီဘီရောဂါဆိုလျှင် ၄င်းဆေးရည်ကို ရေရှည်စွဲသောက်ပါက ရောဂါပျောက်ကင်းစေနိုင်ပါသည
စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ၊ မြန်မာ့ဆေးကျမ်းများ
ကျန်းမာရေးသတင်းများ
https://www.facebook.com/231741783686751/photos/a.231751513685778.1073741828.2
No comments:
Post a Comment