နေ့စဉ် အချိန်ကုန်နေရာကနေ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံလို၊ ဥယျာဉ်လို နေရာမျိုးတွေ၊ ဒါမှမဟုတ် သစ်ပင်တွေ၊ အစိမ်းရောင် ရှုခင်းတွေ ပေါတဲ့ တောင်ပေါ်မြို့တွေလို နေရာတွေကို ရောက်သွားတဲ့အခါ စိတ်ဖိစီးနေတာတွေ၊ ပန်ပင်း နွမ်းနယ်နေတာတွေ ပြေပျောက် လန်းဆန်းသွားတာကို ကိုယ်တိုင် လည်း ကြုံဖူးကြမှာပါ။ ဒါဟာ အစိမ်းရောင် ရှိတဲ့ သစ်ပင်တွေ၊ တောတောင်တွေ ရဲ့ စွမ်းအားကြောင့်ပါဘဲ။ အစိမ်းရောင်ဟာ လူတွေရဲ့စိတ်ကို ကြည်လင် ချမ်းမြေ့စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတယ်ဆိုတာ ဘယ်သူကမှ မငြင်းနိုင်ပါဘူး။ လူတိုင်းဟာ မိမိရဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားကို ပြုလုပ်သင့်သလို အစိမ်းရောင် လေ့ကျင့်ခန်း ဆိုတာကိုလည်း ပြုလုပ်ပေး သင့်ပါတယ်။ အစိမ်းရောင် လေ့ကျင့်ခန်းဆိုတဲ့ စကားလုံးနဲ့ အနည်းငယ် စိမ်းနေကောင်း စိမ်းနေပါလိမ့်မယ်။ သို့သော်လည်း အကြောင်းအရာကတော့ လူတိုင်း သိပြီးသား အကြောင်းအရာသာ ဖြစ်ပါလိမ့်မယ်။
အစိမ်းရောင်လေ့ကျင့်ခန်းက တစ်ခြားမဟုတ်ပါဘူး.. မိမိအနီးနား ဝန်းကျင်တွေမှာ ရှိတတ်တဲ့ ပန်းခြံ၊ သစ်ပင်တောအုပ်၊ ဥယျာဉ် စတဲ့ သဘာဝနဲ့တူအောင် ပြုပြင်ထားတဲ့ အပင်စိမ်းစိမ်းတွေ ရှိတတ်တဲ့ ပတ်ဝန်းကျင်မှာ ငါးမိနစ်ခန့်မျှ ဖြစ်စေ အနားယူ အပန်းဖြေတာမျိုး၊ ကိုယ်လက်လှုပ်ရှား လုပ်ပေးတာမျိုးနဲ့ အပင်လေးတွေကို ပြုစု စောင့်ရှောက် တာမျိုးကို အစိမ်းရောင် လေ့ကျင့်ခန်းလို့ ဆိုပါတယ်။ သင်ဟာ စိတ်ရော ကိုယ်ပါ မျှမျှတတ ကျန်းမာချင်တယ်ဆိုရင် ကိုယ်ခန္ဓာလေ့ကျင့်ခန်းအပြင်
လမင်းမောင်`
http://
No comments:
Post a Comment