______________
မြောက်ဝင်ရိုးစွန်းမှာနေတဲ့
အေးခဲတဲ့မြောက်ဝင်ရိုးစွန်း
ဘယ်လိုဖမ်းသလဲဆိုတော့ အက်စကီးမိုးတွေက ဖျံတစ်ကောင်ကို အရင်သတ်လိုက်ပြီး ဖျံရဲ့သွေးကို ပုံးတစ်ခုထဲထည့်ထားလိုက်တယ်
ဝက်ဝံတွေက သွေးအရမ်းကြိုက်တယ်။ အဲဒီအကြိုက်ကပဲ သူတို့ကို သေမင်းလက်ထဲရောက်စေခဲ့တယ်။ အနံ့ခံကောင်းတဲ့ သူတို့ဟာ သွေးညှီနံ့ကို အဝေးကြီးကတောင်ရနိုင်ပါတယ်။
လျက်လေ အရသာရှိလေ၊ အရသာရှိလေ လျက်လေနဲ့ သူတို့ရဲ့သွေးကို သူတို့ သောက်နေမိမှန်းတောင် မသိကြတော့ပါဘူး။ အကြောင်းက သွေးခဲအလယ်မှာစိုက်ထားတဲ့ဓာ
ဘဝရဲ့ ပျော်ရွှင်ခြင်းတွေကို ရှာဖွေတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွှဲမှားခဲ့ရင် ကျွန်တော်တို့ဟာလည်း ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်။ တချို့လူတွေက အလုပ်ချိန် များများလုပ်လေ ပိုအောင်မြင်လေ ဝင်ငွေများများရလေလို့ ထင်တတ်ကြတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီငွေကြေးကို ဖြုန်းဖို့ အချိန်မရှိခဲ့ကြဘူး။ တချို့က အဲဒီငွေကြေးကို ဘယ်လိုသုံးရမယ်မှန်း မသိကြဘူး။
ဝင်ငွေများလာတာနဲ့နည်းတူ တစ်ဖက်မှာလည်း တချို့အရာတွေကို သူတို့ဆုံးရှုံး ကြရတယ်။ လူ့ဘဝရဲ့တန်ဖိုးအရှိဆုံးအရာ
အမေရိကန်ရဲ့ အပတ်စဉ်ဂျာနယ်တစ်ခုက အငြိမ်းစားယူကုန်ကြတဲ့ ထိပ်သီးစီးပွါးရေး ပညာရှင်ဆယ်ဦးကို မေးခွန်းမေးပြီး စာရင်းလုပ်ခဲ့ဖူးတယ်။ မေးခွန်းက “ တကယ်လို့ ဘဝကို အသစ်ပြန်စရရင် သင်အမျှော်လင့်ဆုံးနဲ့ လက်မလွတ်ချင်ဆုံးအရာက ဘာလဲ” တဲ့။ ပညာရှင် ခုနှစ်ဦးက တူညီတဲ့အဖြေကိုပေးခဲ့ပါတယ်။
တချို့က ဆုံးဖြတ်ပြီးရင် နောင်တမရဘူးလို့ ပြောတတ်ကြတယ်။ ဒါပေမယ့် မဆုံးဖြတ်ခင် သေသေချာချာမစဉ်းစားခဲ့ရင် နောက်ဆုံးတော့ နောင်တ ရကြစမြဲပါပဲ။ ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးပါတယ်။ ငွေဟာ ရှာလို့မကုန်နိုင်တဲ့ အရာပါတဲ့... ရှာလေလေ ရလေ လိုချင်လေ နောက်ဆုံးတော့ လုံလောက်ပြီလို့မထင်ဘဲ ငွေနောက်ကိုပဲ ကောက်ကောက်ပါ ကုန်ကြတယ်တဲ့။ ကျွန်တော်တို့ဟာ ပိုလာဝက်ဝံလို ကိုယ့်သွေးကိုသောက်ပြီး ပျော်နေကြတဲ့လူ ဖြစ်နေခဲ့ပြီလား...
တင်းတိမ်ရောင့်ရဲနိုင်တဲ့လူ
မူရင်းလင့် -- http://ibook.idv.tw/enews/
နိုင်းနိုင်းစနေ
https://www.facebook.com/photo.php?fbid=433549556742881&set=a.3510477149930
No comments:
Post a Comment