![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDO_8oKGOTuzLD0vC6T5aI3v9j7-kEWh5WvA2gS-uhlCJKnDVsufkhLZ-5N5XP99tEPMwuQ5tTMN3AgnfFWDHbpDZ5QEZ3Ov0LLxeuIJzMDt5p8g5hLd-vl6ixoFhJwhMQmt6Gz4mS5ow/s640/how_to_send_free_sms_text_messages_from_google_gmail_chat.jpg)
အခု Post လေးကို ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးအဆင်ပြေလို့ အခြားသော
သူငယ်ချင်းများလည်း ပိုက်ဆံမကုန်ဘဲ Free Message ပို့နိုင်အောင်
ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်ဗျာ။ ဒီ Post လေးရဲ့ မူရင်း ပိုင်ရှင်ကတော့
ကိုနေမင်းမောင်ဖြစ်ပါတယ်ဗျာ။ ကျွန်တော့်ဆိုဒ်မှာ ကိုယ်ပိုင် Post
တွေရေးတာများပါတယ်။ ဒါပေမယ့် အခုလို အရမ်းကောင်းပြီး လူတိုင်းအတွက်
အသုံးဝင်မယ့် Post လေးတွေကိုတော့ ကိုနေမင်းမောင် အပါအ၀င်းအခြားသော
ပညာရှင်များကို ဂုဏ်ပြုချင်တာကြောင့် ကြားဖြတ် Post လေးတွေအဖြစ် တင်ပေးရ
ခြင်းဖြစ်ပါတယ်ဗျာ။ ဒီ Post လေးကို သဘောကျလို့ သိမ်းထားချင်တယ်ဆိုရင် Ebook
အနေနဲ့ပါဒေါင်းယူ သွားနိုင်အောင် Ebook ပြန်လုပ်ထားပေးပါတယ်ဗျာ။ Dwonload
တော့ဆွဲယူထားသင့်ပါတယ်လို့ အကြံပေး ချင်ပါတယ်ဗျာ။ ဘာလို့လည်းဆိုတော့
ဒေါင်းယူထားတော့ ကိုယ်ပြန်ကြည့်ချင်တဲ့အချိန်လွယ်ကူစွာဘဲ ပြန်
ကြည့်နိုင်ပါတယ်။ အခြားသူများကိုလည်း Share နိုင်ပါတယ်ဗျာ။ကဲဗျာ..... အောက်မှာနည်းလမ်းလေးကို
ကြည့်လိုက်ကြ ရအောင်ဗျာ။
************************************************
အခု Free SMS ပို့ချင်သူတွေ အတွက် G-Mail ကနေ Free SMS ပို့လို့ရမဲ့
နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. လုပ်နည်းလေးက လည်း အရမ်း လွယ်ပါတယ် ..
G-mail Setting ထဲက Lab ထဲမှာ တစ်ချက် သွားပြင် ပေးယုံပါပဲ .. ပြီးရင်
ဖုန်းကို SMS ပို့ချင်တယ် ဆိုရင် မိမိ G-Mail လေးကို ဖွင့်ပြီး အလွယ် တကူ
ပို့ယုံပါပဲ .. Oversea က ဖုန်းတော်တော် များများတော့ ရမယ် ထင်ပါတယ် ..
မြန်မာပြည်တော့ ကျွန်တော် စမ်းကြည့်တာတော့ မရပါဘူး ... စမ်းတော့ ကြည့်လိုက်
အုံးပေါ့ဗျာ .. ကျွန်တော် မေအာက်မှာ ဘယ်လို လုပ်ရမယ် ဆိုတာကို
ပုံလေးတွေနဲ့ ပြပေးထားပါတယ် ။။
အရင်ဆုံး မိမိတို့ G-Mail အကောင့်ကို ၀င်လိုက်ပါ .. ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Setting ကို သွားလိုက်ပါ ..
ပြီးရင်အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Labs ကိုသွားလိုက်ပါ ။။
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း SMS ( text messaging ) in Chat နဲ့ SMS is Chat gadet ကို Enable ပေးလိုက်ပါ ..
ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Save Changes ပေးလိုက်ပါ ..
ဒါဆိုရင်တော့ SMS ပို့လို့ ရသွားပါပြီ .. မိမိတို့ Gmail account name ရဲ့
အပေါ်မှာ ကြည့်လိုက်ပါ .. Chat and SMS ဆိုပြီး Gadet လေး ပေါ်လာပါလိမ့်မယ်
.. အောက် ပုံမှာ ပြထားသိလို မိမိတို့ ပို့ချင်တဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်
ပေးလိုက်ပါ .. နိုင်ငံ ကုဒ်တွေ တော့မှန်ဖို့ လိုပါလိမ့်မယ် ..
အောက်က အဆင့်မှာ Contact name မှာ မိမိတို့ စိတ်ကြိုက် အမည် တစ်ခုကို
ရိုက်ထည့် ပေးလိုက်ပါ .. ပြီးရင် Save လိုက်ပါ .. ဒါဆိုရင် G-mail မှာ Chat
သုံသလို SMS ပို့လို့ ရသွားပါလိမ့်မယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
အခုနည်းလမ်းလေးကို Ebook အနေနဲ့ ဒေါင်းယူထားချင်တယ်ဆိုရင်တော့ အအောက်က Link မှာဒေါင်းယူ
သွားနိုင်ပါတယ်ဗျာ။
အခုနည်းလမ်းလေးကို Ebook အနေနဲ့ ဒေါင်းယူထားချင်တယ်ဆိုရင်တော့ အအောက်က Link မှာဒေါင်းယူ
သွားနိုင်ပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
===============================================
No comments:
Post a Comment