ခေါင်းစဉ်က စာဖတ်သူတွေအတွက် မျက်စိလည်စရာပါပဲ၊Hybrid ဆိုတဲ့အသုံးအနှုန်းဟာ စက်တပ်ယာဉ်တွေ မှာသာအသုံးပြုတဲ့ ဝေါဟာရပါ။လောင်စာစီနဲ့ လျှပ်စစ်တွေကိုသာအသုံးပြုတဲ
မဟုတ်ပါဘူး။မျိုးစပ်လို့ရတဲ့ သတ္တဝါနှစ်ကောင်ကို ပေါင်းစပ်ပြီး မွေးဖွားစေခြင်းပဲ
ဖြစ်ပါတယ်၊ဒါကြောင့် hybride animal နှစ်မျိုးစပ်သတ္တဝါ 2in1 ဖြစ်ပါတယ်။
Hybrid animal လို့သတ်မှတ်ထားတဲ့ သတ္တဝါတွေကတော့
==========================
Liger
===
ရယ်ချင်ဖွယ် ဖြစ်ပေမယ့် အမှန်တကယ် ရှိနေတာပါ၊Liger လို့ခေါ်တဲ့ သတ္တဝါကတော့ ခြင်္သေ့အထီး(Lion) နှင့် ကျားမ(Tiger) တို့ကို စပ်ဖောက်ထားတဲ့ ခေတ်သစ် Hybrid animal ကိုဆိုလိုတာဖြစ်ပါတယ်။
ခြင်္သေ့နဲ့ ကျားကို အစွဲပြုပြီး သူ့ကို Liger လို့ခေါ်ဆိုစေတာဖြစ်ပါတယ်၊ထွက်ရှိလာတဲ့ ပုံစံကတော့ မြင်တွေ့ရတဲ့အတိုင်း ကျားလိုလိုခြင်္သေ့မ လိုလို ဧရာမကြောင်နှင့်ပင်ပိုတူကြေ
မြင်တွေ့ရပါတယ်၊
Cama
====
ဒါကတော့ ကုလားအုပ်ထီးနဲ့ သိုးမတို့ကို မိတ်လိုက်စေပြီး မွေးဖွားလာတဲ့ Hybride တစ်ကောင်ပါ၊၁၉၉၈ ခုနှစ် ဒူဘိုင်းနိုင်ငံမှာ စတင်မွေးဖွားလာတဲ့ Hybride animal စာရင်းဝင် Cama ဖြစ်ပါတယ်၊
Zedonk
=====
ဒါကတော့ မြင်းကျားအမ နှင့် မြည်းအထီးတို့ကို ပေါင်းစပ် သားဖောက်ထားတဲ့ Hybride animal ဖြစ်ပါတယ်၊
မြင်းကျား(Zebra) နှင့် မြည်း(Donkey) တို့ကိုအစွဲပြုပြီး Zedonk လို့ခေါ်ဆိုစေခြင်းဖြစ်ပါတယ်
Zorse
====
မြင်းကျားအထီး(Zebra) နှင့် သာမန်မြင်း(Horse) တို့ကိုပေါင်းစပ်ထားတဲ့ Zorse လို့ခေါ်တဲ့ Hybride animal တစ်ကောင်ဖြစ်ပါတယ်၊
ဖော်ပြထားသောပုံမှာ Liger ပုံသာဖြစ်သည်၊
သတ္တဝါတစ်ကောင်ချင်းစီပုံကို
ကြည့်ရှုနိုင်ပါတယ်....
http://
No comments:
Post a Comment