တစ်ခါက ထင်းခုတ်သမား တစ်ဦးဟာ နေ့တိုင်း တောထဲသွားပြီး ထင်းခုတ်လေ့ရှိတယ်။ တစ်နေ့မှာ ထင်းခုတ်သမား
ဟာ ခါတိုင်းနေ့လိုပဲ ထင်းခုတ်ဖို့ အိမ်ကထွက်ခဲ့တယ်။ အသွားလမ်းမှာ ထင်းခုတ်သမားဟာ ဒဏ်ရာရထားတဲ့ ငှက်
တစ်ကောင်ကို တွေ့လိုက်မိတယ်။ ငှက်ရဲ့ တစ်ကိုယ်လုံးက ငွေရောင်အမွေးအတောင်နဲ့ တဖိတ်ဖိတ် လှပနေခဲ့တယ်။
ထင်းခုတ်သမားက ငွေရောင်ငှက်ကိုတွေ့တော့ "ဟာ... ငါ့တစ်သက် ဒီလောက်လှတဲ့ငှက်မျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး"
လို့ဆိုပြီး ငှက်ကို အိမ်ယူလာပြီး ဆေးကုပေးခဲ့တယ်။ ဆေးကုသနေတဲ့ အချိန်အတွင်း ငှက်က ထင်းခုတ်သမားကို
နေ့တိုင်း သီချင်းဆိုပြတယ်။ သာယာတဲ့ ငွေရောင်ငှက်ရဲ့သီချင်းသံကြားမှာ ထင်းခုတ်သမား ပျော်မွေ့နေခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ငွေရောင်ငှက်ကို မြင်တော့ ထင်းခုတ်သမားကို ရွှေရောင်ငှက်ကို
သူတွေ့ဖူးကြောင်း ပြောပြတယ်။ ရွှေရောင်ငှက်က ငွေရောင်ငှက်ထက်လှပြီး အသံပိုချိုကြောင်း ထင်းခုတ်သမားကို
ပြောတယ်။ ထင်းခုတ်သမားက ရွှေရောင်ငှက်လည်း ရှိပါလားဆိုပြီး ရွှေရောင်ငှက်ကို တွေ့ချင်မြင်ချင်စိတ်တွေ
တဖွားဖွား ပေါ်လာခဲ့တယ်။
ငွေရောင်ငှက်ဆိုပြတဲ့ သီချင်းတွေကိုလည်း ဂရုတစိုက် နားမထောင်နိုင်တော့ဘဲ ရွှေရောင်ငှက်ကိုပဲ တမ်းတနေခဲ့တယ်။
ထင်းခုတ်သမားမှာ အပျော်ဆိုလည်း မရှိခဲ့တော့ပါဘူး။ တစ်နေ့မှာ ထင်းခုတ်သမားက အိမ်ရှေ့မှာ ထိုင်ပြီး နေဝင်
ဆည်းဆာကို ငေးမောကြည့်နေခဲ့တယ်။ စိတ်ထဲမှာလည်း ရွှေရောင်ငှက်က ဘယ်လောက်လှပမလဲလို့
တွေးတောနေခဲ့တယ်။
အဲဒီအချိန်မှာ ဒဏ်ရာပျောက်ကင်းစ ဖြစ်ပြီဖြစ်တဲ့ ငွေရောင်ငှက်က အိမ်ကနေခွါဖို့ ပြင်ဆင်ခဲ့တယ်။ ငွေရောင်ငှက်က
ထင်းခုတ်သမားနား ပျံသွားပြီး နောက်ဆုံးအကြိမ် သီချင်းဆိုပြခဲ့တယ်။
သီချင်းနားထောင်ပြီးနောက် ထင်းခုတ်သမားက "နင့်သီချင်းသံက နားထောင်လို့ ကောင်းပေမယ့် ရွှေရောင်ငှက်
လောက်တော့ မီမယ်မထင်ပါဘူး။ နင့်အမွေးအတောင်တွေက လှပတယ်ဆိုပေမယ့် ရွှေရောင်ငှက်လောက်တော့
လှမယ်မထင်ဘူးလို့" ပြောလိုက်တယ်။ ငွေရောင်ငှက်က သီချင်းဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ ထင်းခုတ်သမားကို
သုံးကြိမ်လည်ပတ်ပြီးနောက် နေဝင်တဲ့ဖက်ကို ဦးတည် ပျံသန်းသွားခဲ့တယ်။ ငွေရောင်ငှက် ပျံသွားတာကို ထင်းခုတ်
သမား ငေးကြည့်ရင်း ရုတ်တရက် နေရောင်အောက်မှာ ငှက်ရဲ့ ငွေရောင်အမွေးတွေဟာ ရွှေရောင်အသွင်ဖြစ်နေတာ
ကို တွေ့လိုက်မိတယ်။
သူညစဉ် အိပ်မက် မက်ခဲ့တဲ့ ရွှေရောင်ငှက်လေး၊ သူတမ်းတနေတဲ့ ရွှေရောင်ငှက်ဟာ သူဘေးမှာပဲ ရှိနေခဲ့တာကို
သူမသိခဲ့ဘူး။ ခုတော့ ငှက်ကလေးက ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းသွားခဲ့ပါပြီ။
ပုံပြင်လေးကတော့ဒါပါဘဲ -----------------------------------------------------------------------------
ပုံပြင်ထဲ ကသင်ခန်းစာရလိုက်တာကတော့ အခုလက်ရှိ သင်ရဲ့ ချစ်သူက ရုပ်ချောချင်မှလဲ ချောမယ်၊ အရပ် မြင့်ချင်မှ
လဲ မြင့်မယ်၊ ကိုယ်လုံးလှချင်မှလဲ လှမယ်၊ ဌေးချင်မှလဲ ဌေးမယ်၊ သင့်အနားမှာ အချိန်ပြည့် ရှိချင်မှလဲရှိမယ်၊
သင်သတ်မှတ်ထားတဲ့ ယောက်ျားပီသသူ/ မိန်းကလေးပီသသူလဲ ဖြစ်ချင်မှဖြစ်မယ်။
ဒါပေမယ့်... လူတွေဟာ တစ်ခါတလေ ကိုယ့်ကိုယ်ကို သတိမထားမိချိန်မှာ ထင်းခုတ်သမား ဖြစ်သွားတတ်ပါတယ်။
ရွှေရောင်ငှက်ဟာ ကိုယ့်ဘေးမှာပဲ ရှိနေခဲ့မှန်း သတိမထားမိ ဖြစ်တတ်ကြတယ်။အနားမှာရှိတဲ့ ငွေရောင်ငှက်ထက်
ရွှေရောင်ငှက်ရဲ့ အသံက ပိုသာမယ်လို့ ထင်ကြပြီး ရွှေရောင်ငှက်ကိုပဲ ပိုအလိုရှိခဲ့ကြတယ်။
"မိန်းမတွေ လှကြစမ်းပါ၊ ယောက်ျားပီသကြစမ်းပါ" ကို ရေးမိပါတယ်။ တော်ကြာနေ ခါးကအဆီကို ကိုင်မိလို့ ချစ်သူ
ပစ်သွားတယ်၊ နှုတ်ခမ်းကွဲလို့ အလှဆီလေး လိမ်းမိတာ ယောက်ျားဖြစ်ပြီး အလှကြိုက်တယ်ဆိုပြီး ချစ်သူပစ်သွားတယ်..
စတာတွေ ဖြစ်မှာစိုးလို့ ငွေရောင်ငှက်၊ ရွှေရောင်ငှက်ကို ဘာသာပြန်ရေးလိုက်ပါတယ်။ ဒီတစ်ခုထက် ဟိုတစ်ခု
ကောင်းနိုးနိုးနဲ့ မသိမသာ ထင်းခုတ်သမားတွေ ဖြစ်မသွားကြပါစေနဲ့လို့..
ကျွန်တော့်ကို ရန်ရှာကြမှာ စိုးလို့ပါ
ကေသာမြစိမ်း by ရွှေအာလူး(ရွှေအိမ်စည်၏ပျံသန်းခြင်းအနူပညာ)
No comments:
Post a Comment