စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“သတိနှင့် နေထိုင်”

 
တရားကိုတော့ တေးလိုဆို၊
ဖအေကိုတော့ သားကဆဲ၊
ဆွေမျိုးထဲက ဓားပြတိုက်၊
မိုက်လျှင်တော့ သောတာပန်
မကောင်းကြံက သမာဓိ။
ရွှေရှိမှ လူလိမ္မာ၊လိမ်နိုင်မှ သစ္စာရှင်
ပညာရှင်ကို ပယ်လို့ထား
အချစ်ဆုံးမယားက သစ္စာပျက်
ရိုးသားသူကို အရူးလို့ဆို
အပျိုငယ်က လင်နေစော
အင်္ကျီပါးနှင့် ဥပုသ်သည်
ဇရပ်အလယ်မှာ ကိုးယို့ကားယား၊
အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊
အပျိုမဖြစ်ခင်က ရည်စားများ၊
ဆင်းရဲသားက သူဌေးယောင်ဆောင်၊
အ၀တ်ပြောင်မှ လူရိုသေ၊
လင်ရှိမယားက အပျိုလုပ်
မသာပို့ရင် လူပျိုလှည့်၊
အလှူပေးရင်း ထမင်းရောင်း၊
ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်
ဆံပင်ဖြူအရွယ်ကို ဆိုးဆေးဆိုး၊
ဘိုးသူတော်က ဘိုဆံတောက်ချ၊
အပျိုပေါက်စနှစ်လင်ယူ
လူရင်းနှီးတော့ အတိုးချ
သူခိုးဓားပြက လူလို့အော်
မရှောင်တမ်းတိုးတာ တစ်ခုလပ်
စပ်စုတော့က အပျိုဟိုင်း၊
နဂိုရှိုင်းတော့ လူကျပန်း
ဘုရားကျောင်းကန်နှင့် ကပ်လို့လိမ်
ပုရ၀န်အတွင်း အိမ်ထောင်ကျ၊
မယ်သီလက အခုဆေးဖော်၊
ရတနာသုံးပါးကို မကြည်ညို၊
ကြေးစည်အိုတနောင်နောင်နဲ့ ဘိန်းစားပုန်း။
လူ့လောက၌ စိတ်ကူးယဉ်၊ ပွဲသဘင်ပါမှ အလှူဖြစ်။
ဆယ်နှစ်သမီးက အိမ်ထောင်ကျ၊
စာမတတ်သူက တရားပြ၊
အသက်မွေးမှုနှင့် ရဟန်းတု
အမှန်ပြောလျှင် အမုန်းပွား၊
ဇာတ်သမားမှ လူခေါ်ချင်၊
သူတော်စင်ကို ပယ်ချန်ထား၊
ကျွေးမွေးသူက ကျွန်နှင့်တူ၊
ကြွေးယူသူက သခင်ဖြစ်။
မုန့်ပေးလျှင် ကျမ်းဂန်တတ်၊
ရွှေကပ်တဲ့ဘုရားမှ လူရိုသေ
သားသမီးက သခင်ဖြစ်
အဖေအမေ ကျွန်နှင့်တူ။
ခေတ်ကြီးကိုတော့ အဖြစ်ဆို
ကိုယ့်ကိုယ်ကိုကျ အကောင်းပြော
မတရားသူအား အကြောက်များ၊
ဥပုသ်သည်၌ အကောင်းကြိုက်၊
ဂုံးတိုက်တော့ ကျေးဇူးရှင်
ဖြောင့်မှန်နေလျှင် လူမသုံး
အင်္ကျီပါးဝတ်တော့ ဂုဏ်ထင်ပေါ်
သူတော်စင်မှာ အကျင့်ပျက်။
သုတ်အဘိဓမ္မာ တရားခက်
သဂြိုဟ်ကျက်ရင်း ငါးကိုထောင်၊
ဥပုသ်ဇရပ်မှာ ခိုက်ရန်ဖြစ်၊
သီလယူရင်း မျက်စပစ်
မေတ္တာပို့ရင်း ဒေါသထွက်၊
သဒ္ဓါလွန်တော့ တဏှာကျွန်ဖြစ်လို့၊
သူတော်ကောင်းတို့ တရားပျက်ကြပြီ။။
-【ဗန်းမော်ဆရာတော်ဘုရားကြီး
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...