စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပြိုင်ရတာ မောတယ် ?


သူများလုပ်တိုင်း လိုက်လုပ်တာ

သူ့ကလေးက ဟိုနာမည်ကြီး နိုင်ငံတကာ အဆင့်မီကျောင်းမှာတက်လို့ ငါ့ကလေးကိုလည်း အဲဒီလို ကျောင်းမျိုးမှာ ထားမယ်ဆိုတဲ့ အတွေးမျိုး၊ သူများလုပ်လို့ လိုက်လုပ်တာမျိုး၊ ဒါလည်း ပြိုင်တာပဲလို့ ပြောကြတယ်။ သေချာတွေးကြည့်တော့ ပြိုင်တယ်ဆိုတာကိုယ်က ပြိုင်ဘက်လို့ သဘောထားသူကလုပ်သမျှအရာရာကို စောင့်ကြည့်အကဲခတ်ပြီး သူ့ထက်မနိမ့်တဲ့ အပြု အမူကိုလိုက်လုပ်ရုံပဲလား။ သူ့စတိုးဆိုင်က ဒီပစ္စည်းကို ဒီလောက်ဈေးချရောင်းလို့ ကိုယ့်ပစ္စည်းကိုလည်း ဈေးချစရာ လိုအပ်ပါသလား။
မူရင်းက မူရင်း

ပြိုင်ဆိုင်မှုဆိုတာမှာ အသစ်တီထွင် ဖန်တီးနိုင်မှုဆိုတဲ့အချက် ထည့်သွင်းစဉ်းစားရပါမယ်။ ပြီးရင်ကိုယ်နဲ့ရော အဆင်ပြေရဲ့လား တွေးရပါမယ်။ သူများက ဒီလိုလုပ်တာအလုပ်ဖြစ်တယ်။ ငါလည်း လုပ်လို့မရပါဘူး။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုပြေးသလို လိုက်ပြေးရင်ငါလည်း မြန်မယ်လုပ်လို့ မရပါဘူး။ မြန်ကောင်းမြန်လိမ့်မယ်။ စီရော်နယ်ဒိုတော့ ဖြစ်မ လာပါဘူး။ အဆိုပါပြိုင်ပွဲတွေမှာ အဆိုတော်တွေရဲ့ အသံကိုတု ဆိုတတ်သူတွေလည်း ပါပါတယ်။ ထူးအိမ်သင်ဆိုတာ ဖြစ်တည်ခဲ့ပြီ။ နောက်တစ်ယောက် ဘယ်သူမှအစားလို့ မရပါဘူး။ မူရင်းက မူရင်း။

အတုခိုးတိုင်း မအောင်မြင်နိုင်ဘူး။ ယှဉ်ပြိုင်တုပမရနိုင်ဘူး။ သူ့သားလေးကို ဒီ အင်တာနေရှင်နယ် ကျောင်းထားလို့ ကိုယ့်ကလေးကို ထားတာတော့ ဟုတ်ပါပြီ။ ကလေးကရော ပျော်ရဲ့လား။ သူနွေရာသီကျောင်း ပိတ်ရက်ကိုဂစ်တာတီးသင်တန်းတို့၊ အပ်ချုပ်သင်တန်းတို့၊ ဓာတ်ပုံရိုက်ကူးမှု သင်တန်းတို့ စသဖြင့် အခြားပညာရပ်တွေကိုရော မလေ့လာချင်တာ သေချာပါရဲ့လား။ ကျွန်တော်တို့က ယှဉ်ချင်ဇောနဲ့ စွတ်လုပ်လို့ မရပါဘူး။ ပြိုင်တယ်ဆိုတာ မတူတဲ့ ပြေးလမ်းတွေကလည်း ပြိုင်လို့ရပါတယ်။
အထူးသဖြင့် ပညာရေး

ပြိုင်ဆိုင်မှုပိုကဲနေတဲ့နေရာမှာ ကလေးမိဘအချို့လည်း ပါမယ်ထင်ပါတယ်။ ပညာရေးဆိုတာဘ၀ရဲ့ အသက်မွေးဝမ်း ကျောင်းအလုပ်ကို ရွေးချယ်နိုင်အောင် ပြုစုပျိုးထောင်ခြင်းဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေစွာ နေထိုင်နိုင်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်အောင် ပညာရေးက အရေးပါပါတယ်။

ဒါပေမဲ့ ပညာဆိုတာ ထုတ်ကုန်ပစ္စည်းမဟုတ်ပါဘူး။ ဖက်ရှင်ဆန်လို့ မရပါဘူး။ ပညာသင်ဖို့က အရေးကြီးပါတယ်။ ဈေးနှုန်းနဲ့လည်း တန်ဖိုးမဖြတ်ရပါဘူး။ မိဘတွေကြားထဲက (တချို့ကို ဆိုလိုပါတယ်) အမှတ်ပြိုင်ဆိုင်မှု၊ သားသမီးကို ဘယ် ကျောင်းထားနိုင်လဲဆိုတဲ့ ပြိုင်ဆိုင်မှုတွေကြောင့် ကလေးတွေ ဖိအားအရမ်းများပါတယ်။

နွေကျောင်းပိတ်ရက်အနားမရ၊ ကျူရှင်တွေတက်၊ အိမ်မှာလည်းဆရာ၊ဆရာမတွေခေါ်သင်။ နားချိန်လေးကစား ချိန်လေး လဲပေးပါဦး။ ကလေးဘ၀မှာကစားချိန်၊ နားချိန်၊ စာဖတ်ချိန်မျှတဖို့တော့ လိုတယ်ဆိုတာ အများသိပါတယ်။ စာမေးပွဲပြီး တဲ့နေ့လေး ပန်းခြံခေါ်သွားပြီး နောက်နေ့ကစ ကျူရှင်စတက်ရတာကတော့ မိဘရဲ့စေတနာလို့  ခေါင်းစဉ်တပ်လည်း ကျွန်တော် မငြင်းပါဘူး။

ဆယ်တန်းအောင်စာရင်းထွက်ပြီဆိုလည်း ဘယ်သူအမှတ်ဘယ်လောက်ရလဲ မေးရတာအမော။ ပြိုင်ဆိုင်ကြတယ် ဆိုတာ အားလုံးအသိပါပဲ။ ဒါကိုက သဘာဝဖြစ်နေပါပြီ။ ရိုးလည်းရိုးအီနေပါပြီ။ အဲဒီပြိုင်ဆိုင်မှုတွေကြောင့် ယဉ်ကျေးမှုတက္ကသိုလ် တက်ချင်သော်လည်း ဆေးကျောင်းတက်ခဲ့ရသူတွေ၊ ကျောင်းဆရာလုပ်ချင်သော်လည်း အင်ဂျင်နီယာလုပ်ခဲ့ရသူ လူငယ်တွေ အများကြီးရှိခဲ့ပါပြီ။ ကိုယ့်အလှည့်တုန်းက မဖြစ်ရတဲ့အိပ်မက်တွေကို သားသမီးတွေလက်ထက်ဖြစ်စေချင်တဲ့ စေတနာ၊ ဘ၀ အတွေ့အကြုံအရရွေးချယ်ပေးတဲ့ မိဘရဲ့မေတ္တာကိုလည်း နားလည်ပေးရမှာ ဖြစ်ပါတယ်။ နည်းနည်းလေးတော့ လျှော့ပြိုင်ရုံ ကလွဲလို့ တခြားမရှိပါဘူး။
လုပ်ငန်းခွင် နယ်ပယ်

လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာလည်း ဝန်ထမ်းအချင်းချင်း ပြိုင်ဆိုင်မှုရှိတာပဲ။ အထက်လူကြီးနဲ့ ဘယ်သူပိုရင်းနှီး လည်းပြိုင်တယ်။ တစ်ခါတစ်လေဆို အ၀တ်အစားလည်း ပြိုင်တယ်။ အလုပ်လုပ်ပိုင်ခွင့် ဘယ်သူပိုရလဲ ပြိုင်တယ်။ အဓိက ကတော့ လူ့စိတ်ထဲကအားလုံးနဲ့ တန်းတူညီမျှအခွင့်အရေးရချင်တဲ့စိတ်ကစ အခြေခံပြီး ပြိုင်ဆိုင်မှု ဖြစ်လာတာပါ။ သူက သူကြိုးစားလို့ အောင်မြင်တယ်။ ရာထူးရာခံရတယ်ဆိုလည်း မကျေနပ်ဘူး။

ပြိုင်လို့မရတော့ မနာလိုဖြစ်တဲ့အဆင့်ပါ ရောက်လာတယ်။ အတင်းတွေ ပြောမယ်။ အတင်းပြောတယ်ဆိုတာကလည်း မကောင်းတာတော့ မှန်တယ်။ ဒါပေမဲ့ ဝန်ထမ်းတွေရဲ့ ထွက်ပေါက်ပေါ့။ အချင်းချင်း ရင်ဖွင့်ကြတာမျိုးပေါ့လေ။ ဝန်ထမ်းတွေကြားထဲ ပြိုင်ဆိုင်မှုရှိနေတာကလည်း လွန်ကဲလာရင် မကောင်းပြန်ဘူး။ အလုပ်လုပ်ရတာ မပေါ့ပါးဘူး။ စိတ်ဖိစီးမှု ပိုများလာတယ်။ အားကစားသမားတွေတောင်မှ ပြိုင်ပွဲရှိမှ ပြိုင်ရတာ။ တခြားအချိန်က Training လုပ်နေရတာ။ ကိုယ့်မှာတော့မဟုတ်ဘူး။ နေ့စဉ်နဲ့အမျှ ရုံးသွားရင်း ကိုယ်နဲ့ပြိုင်ဘက် လုပ်ဖော်ကိုင်ဖက်ကိုမြင်၊ ပြိုင်ဆိုင်ချင်စိတ်တွေ ပိုတိုး လာ၊ စိတ်ရှုပ်ရတာပေါ့။ ကိုယ်သာနေတဲ့အချိန်တော့ ကောင်းရင်ကောင်းမယ်။ ဘာပဲပြောပြော ရန်သူမွေးသလို ဖြစ်နေ တာပေါ့။
မျှဝေပူးပေါင်းရအောင်

ပထမလုပ်လို့ရတဲ့အချက်က ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေးမှာပါ မျှဝေပူးပေါင်းတဲ့စနစ်ကလေးသုံးလို့ ရပါ တယ်။ သူနဲ့ကိုယ်နဲ့ ပြိုင်မယ့်အစား ပူးပေါင်းလိုက်လို့ ပိုပြီး စီးပွားရေးတောင့်တင်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ထူးခြားကြည့်ရအောင်

ဖန်တီးနိုင်မှုစွမ်းအားက ပြိုင်ပွဲတွေမှာ အရေးပါတဲ့အချက် ဖြစ်ပါတယ်။ သင်တန်းကျောင်းတစ်ခုရဲ့ သင်တန်းကြေးက နှစ်သောင်းခွဲ၊ သုံးသောင်းဖြစ်သော်လည်းပဲ ကိုယ့်သင်တန်းမှာ ရှစ်ထောင်လောက်နဲ့ သင်လို့ရပါတယ်။ ဈေးပေါတာနဲ့ ဈေးသက် သာတာ ကွဲပြားပါတယ်။ မတူပါဘူး။ လူတိုင်းက အသစ်တွေကို ကြိုက်ပါတယ်။ သူများ မိုးခါးရေသောက်တိုင်း ကိုယ်လိုက် သောက်စရာ မလိုပါဘူး။ ဥပမာ ပေးတာပါ။
ဖန်တီးနိုင်စွမ်း မြင့်မားသူတွေကသာလျှင် ဈေးကွက်တိုင်းမှာ ဦးဆောင်နေတာပါ။ အထူးခြားဆုံး မဟုတ်တောင်မှ အသစ်တစ်ခုကို တီထွင်လိုက်ပါ။ အချိန်အတိုင်းအတာတစ်ခုအတွင်း ကိုယ့်ရဲ့ အားထုတ်မှုအကျိုးကို ခံစားရမှာပါ။

ခုချက်ချင်း လုပ်ခုချက်ချင်းမြတ်ဖြစ်မလာလို့ စိတ်ဓာတ်ကျလက်လျှော့မယ်ဆိုရင်တော့ တစ်နေ့ရောက်ရမယ့် ပန်းတိုင် ဆိုတာကို စိတ်ကူးနဲ့တွေးအား ပြန်ဖြည့်လျှောက်လှမ်းဖို့ လိုပါမယ်။ လူတွေကအသစ်ကို ကြိုက်ပါတယ်။ အသစ်ရရင်လည်း အဟောင်းကို ပြန်တောင့်တပါတယ်။

အဲဒီသဘောတရားနဲ့ တီထွင်ဖန်တီးနိုင်ရပါမယ်။ ထူခြားမှုတွေက လူ့ပတ်ဝန်းကျင်နဲ့ အကိုက်ညီဆုံးဖြစ်အောင် အကျိုးရှိ အောင်လုပ်ပေးနိုင်ရင် ပြိုင်ဆိုင်မှုမှာ ထိပ်ဆုံးကဦးဆောင်မှာပါ။ ပြေးလမ်းမတူလို့ လာခြေထိုးခံလို့လည်း မရတော့ဘူးပေါ့။
တွန်းအားလား၊ ဖိအားလား

လူမှုပတ်ဝန်းကျင်၊ အလုပ်ခွင်နယ်ပယ်အသီးသီးမှာ ပြိုင်ဆိုင်မှုတွေရှိကြောင်းကို စာဖတ်သူတို့သိသလို အထက်က စာပိုဒ် တွေမှာလည်း ဖော်ပြခဲ့ပြီးပါပြီ။ အခုလည်းပြိုင်သလို နောက်လည်း ပြိုင်ကြဦးမှာပါ။ တချို့က ရိုးသားအေးချမ်းတဲ့ဘ၀လေးကို သဘောကျတယ်။ တချို့ကျလည်း အပြိုင်အဆိုင် ခရီးဆက်ချင်တယ်။

ပြိုင်ဆိုင်မှုက ကိုယ့်အတွက် တွန်းအားဖြစ်နေရင်တော့ သိပ်ကိစ္စမရှိပုံပေါ်ပေမယ့် ဖိအားအသွင် ဖြစ်လာပြီဆိုရင်တော့ ပြန်စဉ်းစားကြည့်ဖို့ လိုနေပါပြီ။ စိတ်ချမ်းသာစွာ နေထိုင်ကြရအောင်ပါ။ တစ်ဘ၀လုံး စိတ်အပင်ပန်းခံ ယှဉ်ပြိုင်နေရတာမျိုးတော့ မဖြစ်စေလို။

Mizzima

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...