နောက်ဆုံးမှာ မောင်တင်နဲ့ မခင် ကွာရှင်းခဲ့ကြတယ်။ သူတို့ရဲ့ ကွာရှင်းတမ်းမှာ မျက်ရည်မရှိဘူး၊ နောင်တမရှိဘူး။ ဘာဆို ဘာမှမရှိဘူး။ လင်မယားနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် စကားပြောတော့ မခင်က…
“တတိယလူက ဘယ်သူလဲ?”
“ဘေးအိမ်က မစိန်ပါ”
“ဘယ်လိုဖြစ်ခဲ့တာလဲ”
“လွန်ခဲ့တဲ့ ၃လလောက်က ကိုယ်အိုဗာတိုင်ဆင်းပြီး ပြန်လာတဲ့ညမှာ အိမ်သော့မေ့ကျန်ခဲ့လို့ တံခါးခေါက်ပြီး မခင်ကို နှိုးခဲ့တယ်။ ကိုယ်ဘယ်လိုနှိုးနှိုး မခင် မနိုးဘူး။ အဲဒီအချိန်မှာ ဘေးအိမ်က မစိန်နိုးလာပြီး မခင်ကိုဖုန်းနဲ့နှိုးဖို့ ကိုယ့်ကို သူ့အိမ်ထဲခေါ်တယ်။ ကိုယ်ဖုန်းဆက်လဲ မခင်က မနှိုးဘူး။ အဲဒီလိုနဲ့ မစိန်ရဲ့ ဧည့်ခန်းဆိုဖာမှာ ကိုယ်အိပ်ခဲ့ရတယ်”
“တစ်ညထဲနဲ့ ဖြစ်သွားရော့လား…”
“အရင်လက ကိုယ်အိုဗာတိုင်ဆင်းပြီး ပြန်လာတော့ အိမ်သော့မေ့ခဲ့ပြန်တယ်။ ကိုယ်ဘယ်လိုခေါ်ခေါ် မခင် မနိုးပြန်ဘူး။ ကံကောင်းလို့ မစိန်က ကိုယ့်ကို ခေါ်ပြီး သူ့ကုတင်မှာ အိပ်စေခဲ့တယ်”
“ဟင်း…. ကျွန်မအအိပ်မက်လို့ ဖြစ်ရတာပါ”
အဲဒီနောက်ပိုင်း မောင်တင်ဟာ အိုဗာတိုင်ဆင်းပြန်လာတိုင်း
လင်ယောက်ျားကို ဆုံးခဲ့ပေမယ့် ဥစ္စာပစ္စည်းတွေကို မခင်ရလိုက်တယ်။ မကြာဘူး… ယောက်ျားအသစ်တစ်ယောက်ကိုပါ မခင်ရလိုက်တယ်။
ယောက်ျားအသစ် မခင်ဆီ ပြောင်းလာတဲ့နေ့က မောင်တင် အိမ်ကဆင်းတဲ့နေ့ဖြစ်တယ်။
ယောက်ျားအသစ်နဲ့ မောင်တင် လှေကားမှာ ဆုံကြတယ်။ ယောက်ျားအသစ်က မောင်တင်ကို…
“ကျွန်တော့်ကို ခွင့်လွတ်ပါ.. ကျွန်တော်ကြောင့် ခင်ဗျားတို့ လင်မယားကွာရှင်းကြရတယ်”
“ဒါ ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ကျွန်တော် အရင်ဖောက်ပြားခဲ့မိလို့ အခုလိုဖြစ်ရတာပါ”
“ကျွန်တော့်ကို ခွင့်လွတ်ပါ… ကျွန်တော်ကြောင့် ခင်ဗျားဘဝ အဆင်မပြေဖြစ်ခဲ့ရတယ်”
“ကိစ္စမရှိပါဘူး… ပြီးတာတွေက ပြီးသွားခဲ့ပြီ… မခင်ကို ကောင်းကောင်းစောင့်ရှောက်လိ
“သူ အအိပ်မမက်ပါဘူး.. ဒါ သက်သက်မဲ့ပြောနေတာ”
“သူ အအိပ်မက်လို့ ကျွန်တော်အိုဗာတိုင်ဆင်းပြီ
“တကယ်ဆို သူအိပ်ပျော်နေလို့ တံခါးဖွင့်မပေးတာ မဟုတ်ဘူး။ သူ စိတ်လှုပ်ရှားနေလို့ ဖွင့်မပေးတာ… ခင်ဗျားအိမ်ပြန်နောက်ကျတိုင
Credit : ဟာသရပ်ကွက်
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274
No comments:
Post a Comment