တစ်ခါတစ်လေမှာလည်း ကိုယ်ပျော်တဲ့ အရပ် ဒေသကို ခွဲခွာရခြင်းဟာ အလွန်ပင် အထီးကျန်စရာ ကောင်းလှတယ်။ မိမိချစ်ခင်ရတဲ့ သူ၊ မိမိ အပေါ်မှာ အနွန်နာခံ
ဂရုစိုက်တဲ့ သူတွေနဲ့ ခွဲခွာနေရခြင်းဟာ ဘဝမှာ အထီးကျန် ဆန်လွန်းလှတယ်။
မိသားစု မိတ်ဆွေ အသိုင်းအဝိုင်း မရှိတဲ့ အရပ်ဒေသတွေမှာ မိမိ တစ်ယောက်တည်း
နေခြင်းဟာ တစ်ခါတစ်ရံမှာ ကောင်းပေမယ့် တစ်ခါတစ်လေ မှာတော့ အလွန်ပင်
အထီးကျန် ဆန်လွန်းလှပါတယ်။
မိမိတစ်ဦးတည်း တစ်ယောက်တည်း ပျော်သလို မနေတတ်သရွေ့ ဘဝမှာ
လွမ်းဆွေးခြင်း အထီးကျန်ခြင်းတွေ ကတော့ ပြည့်နှက်နေဦး မှာပါပဲ။ ပျော်အောင်
နေတယ် ဆိုရင် တစ်ခါတစ်လေ ခေါင်းထဲကို ရောက်လာတဲ့ သတိရ လွမ်းဆွတ်မူတွေ ကိုတော့ မည်သူ တစ်ဦး တစ်ယောက်က ရုန်းထွက်လို့ ရနိုင်မယ်မထင်။
ချစ်သော မိသားစု ချစ်သော မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဘဝ တစ်သက်တာ
ပျော်ရွှင်စွာ လက်တွဲနိုင်ကြပါစေ။
ကျော်လင်းနိုင် (ရိုးရာလေး)
No comments:
Post a Comment