ဘုရားရှင်လက်ထက်က ဗာရာဏသီပြည်မှာ သူဌေးကြီး ဇောတိက နေထိုင်သ တဲ့။ သူ့မှာ မိသားစုဝင်ဆိုလို့ သားတစ်ဦးသာ ရှိပါတော့တယ်။ ကွယ်လွန်သွားချိန်မှာ သားအသက်ငယ်သေးလို့ စည်းစိမ်တွေကို ဘုရင့်ထံ ပေးအပ်ထားတယ်။ သားငယ် အသက် ၁၆ နှစ်ပြည့်သွားတော့ ဘုရင်က သူသိမ်းထားတဲ့ စည်းစိမ်တွေကို ပြန်ပေးဖို့ ပြင်ပါတယ်။ တစ်လက်စတည်း ယင်းတိုင်းပြည်မှာ လုလင်ငယ်လောက် ချမ်းသာသူလည်း မရှိတော့တာကြောင့် သူဌေးဘွဲ့ပါ တစ်ခါတည်း ပေးအပ်မှာ ဖြစ်ပါတယ်။ သွားလမ်းတစ်လျှောက် လုလင်ငယ်ဟာ ခုန်ပေါက်ပြီး သွားသတဲ့။ ရေမြောင်း၊ ရေအိုင်များကို ခုန်ပျံလို့ ဘုရင့်နန်းတော်ဆီကို သွားတယ်။
ဘုရင်က သူဌေးကြီး ဘွဲ့ထူးကိုပေးအပ်တယ်။ နန်းတော်ကနေ ပြန်လာတဲ့ အချိန်ကျတော့ ငြိမ်သွားပြီ။ ရေအိုင် တိမ်ရင် ရေထဲကနေ လျှောက်တယ်။ နည်းနည်း နက်ရင် ဘေးဘက်ကနေ ကွေ့သွားတယ်။ မျက်လုံးလည်း မကစားတော့ပဲ သွားလာနေပုံက လူကြီးလို ဖြစ်နေသတဲ့။ ဒါနဲ့ အတူပါလာတဲ့ တပည့်ဦးလေးက ဘာကြောင့် ပြောင်းလဲသွားသလဲလို့မေးတယ်
သင်ခန်းစာ
ယနေ့ လူ့ဘဝမှာလည်း ဒီလိုပါပဲ စာဖတ်သူတို့။ ရင့်ကျက်မှု ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး မိမိရဲ့ ကိုယ်နှုတ် ပြောဆို ဆက်ဆံမှုများက ရင့်ကျက် နေဖို့ လိုအပ် ပါတယ်။ ဥပမာ အသက် ဘယ်လောက်ပဲ ငယ်ငယ် လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်လို့ ပြောဆို နေထိုင် နိုင်ရ ပါမယ်။ နေရာဒေသအပေါ် လိုက်ပြီး အကောင်းဆုံး ပြောင်းလဲ နေထိုင်တတ်မှုကလည်း ဥာဏ်ရင့်သန်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ကာလ၊ ဒေသ၊ သဘာဝ ကို ဆီလျော်အောင် နေထိုင် ကျင့်ကြံ တတ်ခြင်းက ရင့်ကျက်ခြင်း ဖြစ်ပါတယ်။
ကိုးကား ဇာတ်တော် -ဓမ္မပဒမှ
အောင်ခမ်း (ရိုးရာလေး)
https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716477
No comments:
Post a Comment